စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, November 14, 2011

ဂျပန်က အိမ်သာကား


          အိမ်သာကားဆိုလို့ တစ်မျိုးမထင်လိုက်ပါနဲ့၊  ဂျပန် အိမ်သာကမုတ် ထုတ်လုပ်တဲ့ကုမ္ပဏီ ToTo ကနေပြီးတော့ တီထွင်လိုက်တဲ့ ဘီး ၃ ဘီးပါတဲ့ ယာဉ်တစ်ခုပါ။  မော်တော်ဆိုင်ကယ်နဲ့ ခပ်ဆင်ဆင်တူပေမယ့် ဒီယာဉ်ကို မောင်းနှင်ဖို့ လိုအပ်တဲ့ လောင်စာကတော့ ဘိုင်အို ဓာတ်ငွေ့ပါတဲ့။  ဒီဓာတ်ငွေ့ကို အများသုံးအိမ်သာထဲက စွန့်ပစ်ပစ္စည်းတွေနဲ့ သက်ရှိ လူတွေ၊ အကောင်တွေရဲ့ အညစ်အကြေးတွေကို ရောစပ်၊ ဓာတ်ငွေ့ထွက်လာအောင် ပြုလုပ်ပြီး မောင်းနှင်ပါတယ်ာလို့ တိုတို အိမ်သာကမုတ် ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရ ကန်ဂျီ ဖူဂျီတာ ကပြောသွားပါတယ်။
          ဒီယာဉ်လေးကိုတော့ “နီယို” လို့အမည်ပေးထားပြီး ယာဉ်မောင်းထိုင်ရမယ့် ခုံကတော့ အိမ်သာ ကမုတ်ပါ။  ဒီအပြင်ယာဉ်ကလေးရဲ့ အနောက်မှာ အိမ်သာသုံး တီရှုးပေပါ အလိပ်ကြီးကို ချိတ်ထားပါသေးသတဲ့။ 
          “မောင်းမယ့်သူထိုင်တဲ့ ထိုင်ခုံဟာ အိမ်သာ အစစ်ဖြစ်ပေမယ့် တစ်ကယ်သုံးဖို့တော့ မဟုတ်ပါဘူး။  ဒီယာဉ်ကို မောင်းဖို့လောင်စာကတော့ သဘာဝ ပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့၊ ညစ်ညမ်းမှု့ မဖြစ်စေတဲ့ ဇီဝ ဓာတ်ငွေ့လောင်စာပါ။  ဒီလောင်စာကို ယာဉ်ရဲ့ နောက်မှာ သိုလှောင်ထားပါတယ်၊ တစ်ကယ့်ကို မောင်းရတာ အဆင်ပြေပါတယ်” လို့ ဆိုပါတယ်။

          ဒီ ၃၈၀ ကီလိုဂရမ် လေးတဲ မော်တော်ဆိုင်ကယ်လို ယာဉ်ဟာ ၃၀၀ ကီလိုမီတာ အထိမောင်းနှင်နိုင်ပြီး တစ်နာရီကို ၄၅ မိုင် (မီတာ ၇၀) လောက်အထိ မောင်းနိုင်ပါသတဲ့။  အဆိုပါယာဉ်ကို မောင်းသူ ၆ ယောက်ထဲမှ တစ်ဦးဖြစ်တဲ့ အိချိ တာနာက ဆိုသူကတော့ ဒီ နီယို ဆိုင်ကယ်ကို ၃ ပတ်အတွင်း ကီလိုမီတာ ၁၄၀၀ အထိမောင်းနှင်ပြီးခဲ့ပါပြီ။  ဒါဟာ ဇီဝလောင်စာ အသုံးပြုဖို့ ကြော်ငြာတာဖြစ်ပါတယ်။
          “ပထမ ကျွန်မ ဒီဆိုင်ကယ်ကြီးမြင်တော့ မမောင်းချင်ပါဘူး၊ ဒါပေမယ့် မောင်းကြည့်တဲ့အခါမှာတော့ အတော်လေးကို စိတ်ဝင်စားစရာကောင်းပါတယ်လို့” တာနာက က ဆိုပါတယ်။  အိမ်သာကမုတ်ပေါ် ထိုင်မောင်းရပေမယ့် မောင်းနေတုန်းမှာလည်း သက်တောင့်သက်သာရှိပါတယ် လို့ပြောသွားပါတယ်။ 
ကျွန်တော်တို့ဆီမှာလဲ ကြက်ဆူဆီက ဘာသံမှ သိပ်မကြားရတာကြာနေပြီ။  တစ်အိမ် တစ်ပင်စိုက်ထားတဲ့ ကြက်ဆူသီးတွေလည်း မှည့်တာကြာနေလောက်ပြီ။  စိုက်တုန်းက စိုက်ခိုင်းပြီးတော့ အခု ဒီတိုင်း ပစ်ထားတော့ ကြက်ဆူပင်လေးတွေလည်း အထီးကျန်နေရှာတော့မှာပဲလေ။  တစ်ခုခု အလုပ်ဖြစ်မယ့်ဟာလေး ထွင်ပြီး ဈေးသက်သက်သာသာနဲ့ အမှန်တကယ် အသုံးဝင်မယ်ဟာလေး ပြည်သူတွေကို ချပြသင့်ပါတယ်။ အစထဲ မလုပ်ချင်လည်း မလုပ်နဲ့ပေါ့လေ၊ ဒါပေမယ့် လုပ်ပြီးခဲ့ပြီဆိုတော့ အကောင်အထည်ပေါ်အောင် တစ်ခုခုတော့ လုပ်သင့်ပါတယ်။ ဒါမှ မဟုတ်ရင်တော့ ရုပ်သံရိုက်ကူးရေးခတွေ၊ ၀တ်စုံ တူညီတွေနဲ့ တူရွင်းတွေ ဂေါ်ပြားတွေ နဲ့ လုပ်အားပေးထားတာတွေ၊ လုပ်အားပေးထာတဲ့ ပြည်သူတွေရဲ့ အချိန်တွေ၊ ငွေတွေ အလဟသ သမျှောစရာကောင်းလှပါတယ်။

11 comments:

  1. မီးမပြောဘူးနော် ကိုအားထောင်ပြောတာနော်...
    မီးကတော့ အိမ်ရှေ့ က အပင်တွေပဲ ဓားနဲ့လိုက်ခုတ်လိုက်တာ ငှဲငှဲး)

    ReplyDelete
  2. ဖတ်သွားပါတယ် သတင်းလေးအတွက်ကျေးဇူးနော်

    ReplyDelete
  3. အားပေးရမယ် ဒါမျိုး... စွန့်ပြီးသားဟာလည်း အလကား မဖြစ်တော့ဘူး....

    ReplyDelete
  4. ဟန်ကြည်November 14, 2011 at 3:08 PM

    အမှန်က ပါလိုက် မောင်းလိုက် ဖြစ်အောင် ထွင်ရမှာ...အဲဒါမျိုးသာ ခေတ်စားလာလို့ကတော့ ဦးဟန်ကြည်တို့တိုင်းပြည်က ၀မ်းနှုတ်ဆေးတွေ ဈေးကောင်းလိုက်မယ့် ဖြစ်ခြင်း...အော့အော့သည် လောင်စာ...

    ReplyDelete
  5. ကြက်ဆူပင်အသံမကြားချင်ပါနဲ့ဗျာ
း) လျှောက်ယောင်ကြည့်တာနေမှာပါ ဒီလောက် သူများတွေအောင်မြင်နေတဲ့ နည်းလမ်းကိုမျက်ကွယ်ပြုပြီးအချိန်ကုန်ငွေကုန် လူပန်းနည်းတွေကို ပြန်ဖော်ထုတ်နေလို့ကတော့ ခေတ်မှီတိုးတက်ဖွံ့ဖြိုးသော နိုင်ငံတော်သစ်ဆီသို့ဆိုတဲ့ စာသား ဆိုင်းဘုတ်ပေါ်မှာပဲ လှနေလိမ့်မယ်း)း)


    မောင်ဘကြိုင်

    ReplyDelete
  6. catsmine ကြောက်တတ်ပါတယ်ကြက်ဆူပင်လဲတိဝူး
    ဘာပင်မှတိဝူး
    ကြေင်တွေဆက်ရှာရမှာမို့ အဲဒီဆိုင်ကယ်လေးလိုချင်တာပဲတိဒယ်
    ခင်ခင်မင်မင် jasmine

    ReplyDelete
  7. ဟယ်..
    တို့များတော့ ဒီနေ့ကစပြီး ပုံးကလေးနဲ့ စုထားတော့မယ်
    ဒါမှ ဈေးကောင်းရတဲ့ တစ်နေ့ ရောင်းစားပြီး သူဌေးဖြစ်မှာ
    (ကြီးလိုက်တဲ့ သူဌေးဖြစ်အကြံနော်)
    ကြက်ဆူလောင်စာနဲ့ မောင်းတဲ့ကားလည်း မကြာခင် ပြည်တွင်းမှာ တီထွင်တော့မှာပါ
    ဘယ်တော့လဲ ဟုတ်လား..
    တစ်နေ့နေ့ပေါ့လေ..

    ReplyDelete
  8. ကောင်းလိုက်တာ..ဆီတန်းးစီစရာမလိုတော့ဘူး

    ReplyDelete
  9. ဆန်းသစ်တီထွင်မှုတွေကတော့ လိုက်လို့မမှီတော့ဘူး မောင်အောင်ထွဋ်ရေး)
    ဗဟုသုတအတွက် ကျေးဇူးနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  10. ဒီအိမ်သာ တွင်တွင်ကျယ်ကျယ် သုံးရင်
    ရေမွှေးတော့ ရောင်းကောင်းလာမယ်ထင်တယ်...။

    ReplyDelete
  11. ဟုတ်ပါ့ ၂၀၀၆ တုန်းက ကျုပ်မှာဖြင့် စိုက်လိုက်ရတဲ့ ကြက်ဆူပင်တွေ။ တောထဲ ကိုယ်တိုင် သွားခုတ်၊ ထော်လှကြည်နဲ့  တိုက်ပြီးသယ်။ သရုတ်ပြပွဲဆို ပြေးလိုက်ရ။ ခေါ်ခိုင်းသမျှ ကုန်လိုက်တဲ့ အင်အား ခုတော့။ ဖွဲတွေပဲ။

    ဘိုင်သဝေး။ ဖြောင့်စက်ဆွဲ ခံထိထားတဲ့ ခြေင်္သေ့ ပုံလေး မိုက်တယ်ဗျာ။

    ReplyDelete