စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, July 17, 2012

တရုတ်လူမျိုးစုများ၏ ၀တ်စားဆင်ယင်မှု့


          အငြိမ်မနေ ၀ိကီပီဒီယာထဲမှာ ရှာကြည့်လိုက်တော့ တရုတ်လူမျိုးစု စာရင်းလေးသွားတွေ့တယ်။  လူမျိုးစုပေါင်း ၅၆ မျိုးကို တရားဝင်လူမျိုးစုအဖြစ် သတ်မှတ်ထားတာ တွေ့ရပြီးတော့ ၅၇ခုမြောက်မှာတော့ ရောရာအဖြစ်ပေါင်းထည့် ထားတာတွေ့ရတယ်။  အဲ့ဒီလူမျိုးစုတွေထဲမှာ သူတို့အခေါ် ဂျင်းပို (မြန်မာလို ကချင် (ဂျိန်းဖော)) လူမျိုးစု၊ လားဟူ လူမျိုးစု၊ တရုတ်အခေါ် အချန်လူမျိုးစု (မြန်မာလို - မိန်ဿ) လူမျိုးစု၊ ၀ လူမျိုးစုတွေကိုလည်း တရုတ်တိုင်းရင်းသားလူမျိုးစုတွေထဲမှာ ထည့်ထားတာ တွေ့ရတယ်။  အောက်မှာတော့ အဲ့ဒီလူမျိုးစုတွေထဲက အချို့ လူမျိုးစုတွေရဲ့ ရိုးရာ ၀တ်စားဆင်ယင်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်ဗျား။

ဂျင်းပို လို့ခေါ်တဲ့ (ကချင်လူမျိုး)



ဝလူမျိုး

အာချမ်လူမျိုး (မြန်မာပြည်မှာတော့ Maingtha ဟုခေါ်သည် ဟုဆိုသည်)



ဘိုင်လူမျိုး

ဘူရိ လူမျိုး

တား လူမျိုး

တိအာ လူမျိုး

တုံ လူမျိုး

တုန်ရှန်း လူမျိုး

တုလောင် လူမျိုး

ရုရှားနယ်စပ်ကပိုင်းက ရှရှားစပ် လူမျိုး

ရုရှားနဲ့ မွန်ဂို နယ်စပ်က အီဗန့် လူမျိုး

ကောင်းရှန်လူမျိုး

ကဲလောင် လူမျိုး

ဟာနီ လူမျိုး


ဟဲကျန် လူမျိုး

ဟူ လူမျိုး

ကျင်း လူမျိုး



ကျီးနို လူမျိုး

ကိုရီးယား လူမျိုး (တရုတ်ပြည်မှာ ကိုးရီးယား လူမျိုးများကို လူမျိုးစုတစ်ခုအဖြစ် သတ်မှတ်သည်)

အော့ရိုချွမ် လို့ခေါ်တဲ့ မြောက်ပိုင်း တိဘက်ဒေသနားက လူမျိုး

ဥဘက်ကစ္စတန် နယ်ခြားဒေသနားမှ ဥဘက် လူမျိုး

မွန်ဂို လူမျိုး

တုကျားလူမျိုး



ရှိးပေ လူမျိုး

ယောင် လူမျိုး

ရိ လူမျိုး

ယူကု လူမျိုး

ကျွမ့် လူမျိုး

Photo Source: (Link 1, Link 2)



10 comments:

  1. actually, jingphaw is coming from mongolian , i also not sure, but my grandmother/father said, "it's long time ago.

    ReplyDelete
  2. လူမျိုးစုတွေရဲ့ ရိုးရာဝတ်စားဆင်ယင်ပုံအမျိုးမျိုးကို ဗဟုသုတအဖြစ် ယူသွားတယ် မောင်အောင်ထွဋ်ရေ။ ကျေးဇူးပါနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. လူမျိုးစုအလိုက် အဝတ်အစားလေးတွေမြင်ရတာ ဗဟုသုတလည်းရပါတယ် အစ်ကို .. အာ့မျိုးလေးတွေလည်း ဝတ်ချင်တယ်..။ အခုတော့ ပုံလေးတွေကူးထားမယ်.. နောက်မှ စိတ်ကြိုက် ဒီဇိုင်းတွေကို ဒီဝတ်စုံလေးတွေပေါ်မှာ အခြေခံပြီး ဆွဲမယ်.. ဝတ်မယ် .. ဖြန့်ချိမယ် ..

    ReplyDelete
  4. ကိုကိုမောင်(ပန်းရနံ့)July 17, 2012 at 6:19 PM

    အားလုံး လုံလုံခြုံခြုံလေးတွေဆိုတော့ ကြည့်ရတာ စိတ်အေးတယ်။ မပူလောင်ဘူး။

    ခုခေတ်မှာ ဘယ်လိုက ဘယ်လို အ၀တ်အစားတွေ ရှားပါးသွားကြမှန်း မသိတော့ပါဘူး။
    ခန္ဓာကိုယ် အပြည့်တောင် မ၀တ်နိုင်ကြတော့ရှာတာ။

    ReplyDelete
    Replies
    1. အဲဒါ သူကြီးအတွက်... :P

      Delete
  5. ဗဟုသုတရတယ်ဗျာ... ကျေးဇူးတင်ပါတယ်..း)))

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  6. အင်္ကျီလေးတွေက လှတယ်..ချစ်စရာကောင်းတယ်...

    ReplyDelete
  7. ပုံတွေအားလုံး တကယ်လှတယ်။
    တရုတ်တိုင်းရင်းသားတွေ တယ်ချောပါလားနော်. ဒီပိုစ့်လေး သဘောကျလိုက်တာ။
    ဂျိမ်းဖော တို့ ဝတို့လို ၂နိုင်ငံထဲပါတဲ့ လူမျိုးတွေထဲ ရှမ်းလည်း ပါသေးတယ်။
    အာချမ်လူမျိုးဆိုတာကတော့ မြန်မာပြည်ထဲမှာ မိုင်းသာ လို့ ခေါ်တဲ့ ရှမ်းတိုင်းရင်းသားထဲက လူမျိုးစုတစ်ခုပါ။ တရုတ်မှာလည်း အဲဒီလူမျိုးစုတွေရဲ့ ရွာတွေ ရှိတယ်။ ရွာတွေက ခေတ်တော့ သိပ်မမီကြဘူး. .. အိမ်သာမရှိတဲ့ ရွာတွေလေ
    ဒါကြောင့် ဧည့်သည် လုပ်ဖို့တော့ ခက်း)

    ReplyDelete
  8. ဂျင်းဖောတွေကို တရုပ်လူမျိုးစာရင်းတွေထဲမှာ သွင်းထားတယ်ဆိုတာ မှန်ပါတယ်၊၊ ကျွန်တော့် အဖွားဆိုလည်း တရုပ်ပြည်က ကချင်ပါပဲ၊၊ ခုလို တခြားလူမျိုးတွေရဲ့ ဝတ်စုံတွေကို တစုတစည်းတည်း တွေ့ရတာ စိတ်ဝင်စားစရာ အရမ်းကောင်းပါတယ်၊၊ ကျေးဇူးပါပဲ၊၊

    ReplyDelete
  9. ကချင်ပြည်နယ် တ၀က်က တရုပ်လက်ထဲ ပါသွားတယ်လေ။ကိုးကန့် ပြည်နယ်နဲ့ လဲလိုက်လို့။

    ReplyDelete