စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, January 26, 2013

အလုပ်ထဲမှာ ဒီလိုရှိတယ် (၂)

          သူ့အရပ်နဲ့ သူ့ဇာတ် ဆိုသလို နေရာဒေသလေးတွေနဲ့ ပါတ်သတ်ပြီးတော့ အစွဲအလမ်းလေးတွေလည်း ရှိကြပါတယ်။   တရုတ်ပြည်က တချို့နေရာတွေမှာလည်း ဒီလို အစွဲလေးတွေကို တွေ့ရတတ်တာပဲ။ 

အခါတော်ပေး နတ်ရေးငယ်ငင်
          ကျွန်တော့် အရင်အလုပ်ကထွက်ပြီးတော့ Owner ဘက်က Representative အဖြစ်ပြောင်းလုပ်ဖြစ်တယ်။  အဲဒီအချိန်ကစပြီးတော့ တရုတ်ဘက်ကို ရောက်သွားတာပဲ။  ပထမဆုံးစရောက်သွားတာက Keppel Nantong ဆိုတဲ့ သင်္ဘောကျင်း။  စလုံးကနေ အခွဲဖွင့်ထားတဲ့ ကျင်းပါ။  အရင် အဲဒီ ပရောဂျက်ရဲ့ Owner Rep. တွေကလည်း မြန်မာတွေပဲ။  နောက် အဲဒီအကိုက အလုပ်နောက်တစ်ခုကို ရွှေ့သွားတော့ သူ့နေရာကို ကျွန်တော်က လူစားဝင်တာ။  အဲဒီကျင်းမှာ သင်္ဘော ၆စီး ဆောက်နေတဲ့ အချိန်။  တရုတ်စရောက်သွားတဲ့အချိန်မှာ ပထမဆုံးသင်္ဘောက ရေချဖို့လုပ်နေပြီ။ 
          အဲဒီမှာ ပြဿနာက စတာပဲ။  သင်္ဘောက ရေချလို့ကို လုံးဝမရတာ။  Launching Rail ကရုရှားတွေ သင်္ဘောရေချတဲ့ပုံစံမျိုးဆောက်ထားတာ။  ရထားသံလမ်းလို လမ်းနှစ်လမ်းပြေးထားမယ်။  ပြီးရင် သင်္ဘောကို သံလမ်းအပေါ်မှာ ဘီးတွေဆင်ထားတဲ့ Skid ပေါ်တင်ထားမယ်။  ပြီးတော့ အဲ့ဒီ Skid ကို Winch နဲ့တွဲပြီး ရေထဲကို လျှောသွားတဲ့ သံလမ်းအတိုင်း တဖြည်းဖြည်းဆွဲယူသွားပြီး ရေတက်ချိန်ကိုစောင့်၊  ရေတက်လို့ သင်္ဘောကြွတက်လာရင် ဒါပြီးပြီပေါ့။  ဒါပေမယ့် အဲဒီတစ်ခေါက်က တော်တော့်ကို ပြဿနာတက်တာ။  ဆွဲချလိုက် လမ်းမှာ ဂျမ်းဖြစ်လိုက်၊ ပြန်ဆွဲတင်လိုက်။  နောက်တစ်ခေါက် ရေချပြန်တော့လည်း ရေချခါနည်း Launching Rail ကို Container သင်္ဘောက ၀င်တိုက်သွားပြန်ရော။  အဲဒါကို ပြန်ပြင်လိုက်။ ဒီလိုနဲ့ ၆ ခေါက်မြောက်အထိ ပထမဆုံး သင်္ဘောက ဘယ်လိုမှ ရေချလို့မရပြန်ဘူး။  နောက်ဆုံး ၇ ခေါက်မြောက်ကျတော့ သင်္ဘောရှေ့မှာ ပွဲတွေဘာတွေပေး။  အမွှေးတိုင်၊ ဖယောင်းတိုင်၊ ကြက်ကင်တွေ ဘာတွေနဲ့ ကျကျနန ပွဲပေးပြီး ချကြည့်လိုက်တော့ အဆင်အချောသားဗျာ။  ဟုတ်သည်မဟုတ်သည်တော့မသိ။  နောက်သင်္ဘောတွေကျတော့လဲ ပွဲတွေဘာတွေ အထူးတလည်ပေးမနေပါဘူး။  ဒီလိုပဲ ချောချောမောမော ရေထဲရောက်သွားတာပါပဲ။  တိုက်ဆိုင်တယ် ပြောရမှာပေါ့လေ။


သတိ…. ငါးမလှန်ရ
          ဒီမှာလည်း ထူးထူးခြားခြား တိုက်ဆိုင်တာလေးတစ်ခု ပြောရဦးမယ်။  အဲဒီ Keppel’ နန်တုန်းကျင်းမှာပဲ သင်္ဘောဆောက်ပြီး နောက်ဆုံးမြောက်အစီး။  ၆ စီးမြောက်ပေါ့လေ။  နောက်ဆုံးအစီးမှာ သင်္ဘောပြီးပြီးချင်းပဲ စာချုပ်အသစ်တစ်ခုရလိုက်တယ်။  အဲ့ဒီစာချုပ်က တရုတ်မှာဆောက်ပြီးသွားတဲ့ တခြား Crane Barge တစ်စီးကို စင်္ကာပူကို ပြန်ဆွဲယူသွားဖို့။  စာချုပ်တန်ဖိုးက စင်္ကာပူ ၁ သန်း။  လွန်ရောကျွံရော တစ်နာရီ ရေမိုင် ၄မိုင်လောက်နဲ့ ခုတ်ရင် ၃ ပတ်ကျော် ၄ပတ်ပေါ့။  Crew တွေရောက်လာပြီဆိုရင် ဟိုတယ် ဘာညာ လျှောက်စီစဉ်ပေး။  နေရာချ၊  စက်ချုပ်နဲ့ သူကြီးက အင်ဒိုတွေ။  Statutory သင်္ဘောပေါ်မှာ လိုတဲ့ စာရွက်စာတမ်းတွေကို လက်လွှဲ၊ သင်္ဘောကို ဆီဖြည့် (Banker) ယူတာ စောင့်ကြည့် (မဟုတ်ရင် တခါတလေ ပေါင်းရိုက်ခံရတာများတယ် (ဆီ ၁ တန်ကျော်လောက်ကွာသွားရင် ဘာဖြစ်လို့လဲ ဘာညာက အမြဲတမ်း အမေးခံရလို့)၊ Provision တွေတင်၊ Spare Parts တွေ လွှဲ၊ လက်မှတ်ထိုးခိုင်း၊ Port Clearance တွေလုပ် စသည် စသည်အားဖြင့်။  နည်းနည်းပိုပြီးများသွားတာက လမ်းမှာ ဆီမလောက်မှာစိုးလို့ Crane Barge ရဲ့ ဆီကန်မှာပါ ဆီဖြည့်ပြီးတော့ အဲဒီကန်ထဲကနေ သင်္ဘောပေါ်ကို လွှဲယူဖို့ ပင်လယ်ထဲမှာ သင်္ဘောနှစ်စီး ဘေးချင်းကပ် (alongside) လုပ်လို့ရဖို့စီစဉ်တာရယ်။  နောက်ပြီးတော့ Barge ရဲ့ Generator ကိုနှိုးပြီးတော့ သူတိုရဲ့ Transfer Pump ဆီကနေ Flexible Hose နဲ့ ကျွန်တော်တို့ သင်္ဘောဆီကို ဆီဖြည့်ဖို့ ခွင့်ပြုချက်ယူရတာဘာညာပေါ့။ 
ဒီအတွက် Operation Superintendent တစ်ယောက် ထပ်ဆင်းလာတယ်။  ထုံးစံအတိုင်းဆိုရင် ကျွန်တော့်တာဝန်က သင်္ဘောကောင်းကောင်းအလုပ်လုပ်ရင် ပြီးပြီ။  လက်လွှဲလက်ပြောင်းကိစ္စက Senior Superintendent တစ်ယောက်ယောက်ကလာပြီး လက်လွှဲပေးရတယ်။  ဒါပေမယ့် အဲဒီအချိန်က သူတို့လည်း သူတို့လည်း ချာလည်လည်နေတာနဲ့ ကျွန်တော်ပါ ပဲလှော်ကြားဆားညပ်။  ဒီလိုနဲ့ Barge ကိုဆွဲဖို့ Towing Line မီတာ ၆၀၀၊ ၆၅၀ အရှည် တွေဘာတွေပြင်၊ Emergency Towing Line တွေကို နေသားတစ်ကျ အရေးပေါ်လိုရင် အဆင်သင့်ဖြစ်အောင် ဖြန့်ခင်းပြီးတော့ Sea Fastening တွေဘာတွေလုပ်၊ Insurance က Towing Surveyor ဆင်းလာ၊ လက်မှတ်ထိုးခိုင်း၊  အကုန်လုံးပြီးတဲ့အချိန်ကျတော့ Operation Department ရဲ့ General Manager ဆင်းလာရော။ 
ညပိုင်း ညစာစားပွဲအသေးလေးလုပ်ကြတော့ ငါးဟင်းပါလာတယ်။  ငါးတစ်ကောင်လုံးကို ပေါင်းပြီးတော့ ဆော့စ်ဆမ်းထားတဲ့ဟင်းပေါ့လေ။  ရယ်ရယ်မောမော ပြောကြရင်းနဲ့ ဒီနယ်ခံတွေကတော့ သင်္ဘောထွက်ခါနီးရင် ငါးကို မလှန်ကြဘူး ဆိုပြီး သင်္ဘောကျင်းက တစ်ယောက်က ပြောပါတယ်။  ဘာဖြစ်လို့လဲလို့ မေးတော့ ငါးကိုလှန်လိုက်ရင် နမိတ်မကောင်းဘူးလို့ ယူဆကြတယ်ပေါ့။  သင်္ဘောလည်း မှောက်ချီ လှန်ချီဖြစ်တတ်တယ်လို့ ယုံကြည်ကြတယ်လို့ ပြောကြတယ်။  ဒါပေမယ့် GM ကတော့ အို…. ငါကတော့ ဒါတွေ အယုံအကြည့်မရှိပါဘူးဆိုပြီး ငါးကို လှန်ပြီးတော့ အခြားတစ်ဘက်ခြမ်းက ကျန်တဲ့ အသားတွေ ဖဲ့စားကြသပေါ့။
ဒီလိုနဲ့ သင်္ဘောလည်း Delivery တွေဘာတွေလုပ်ပြီးတော့ ကျွန်တော်တို့ရဲ့ နောက်ဆုံး သင်္ဘောလေးလဲ Crane Barge ကိုဆွဲပြီးတော့ ထွက်သွားရောပေါ့။  Project ပြီးတော့လဲ ပြီးတာပဲ အိပ်ပြင်ပြီးတော့ နောက်ထပ် သင်္ဘောဆောက်မယ့် ရှန်ဟိုင်းကို သွားဖို့ပြင်နေတုန်းပဲ သတင်းကြားရတာ။  ဘာဖြစ်လဲဆိုတော့ လမ်းမှာ မုန်တိုင်းမိပြီးတော့ ကျွန်တော်တို့ သင်္ဘောနဲ့ Crane Barge ကိုဆွဲထားတဲ့ ကြိုးက  ပြတ်ထွက်သွားပါတယ်။  ပြတ်သွားတော့ သင်္ဘောသားတွေက သင်္ဘောကို ပြန်လှည့်ပြီးတော့ Emergency Towing Line နဲ့ပြန်ဆက်ပြီးတော့ သင်္ဘောကို ခဏထိန်းထားတယ်။  ဒါပေမယ့် Emergency Towing Line  ပါ ထပ်ပြီးတော့ ပြတ်ထွက်သွားပြန်တယ်။  ဒီတော့ မုန်တိုင်းထဲမှာ Crane Barge ကလည်း မျောချင်တဲ့နေရာမျော၊  ကျွန်တော်တို့သင်္ဘောကတော့ ဘေးကလိုက်ကြည့်ရုံပဲ တတ်နိုင်တာပေါ့။ 
နောက်ဆုံးတော့ Barge က ဆီတင်တဲ့ Tanker သင်္ဘောကို ၀င်အောင်းပစ်လိုက်ရော။  Tanker ရဲ့ Hull တစ်ခြမ်းလဲ ပိန်သွားသလို့၊ Barge လဲ ထိသွားပါတယ်။  နောက်ဆုံးတော့ ဟောင်ကောင်မှာ လွန်းပြန်တင်၊ Insurance က ပြန်ရပေမယ့်၊  အမြတ်မကျန်၊  အချိန်ကုန်၊ လူပန်း၊  အိတ်ထဲက ပြန်မစိုက်လိုက်ရတာပဲ ကံကောင်း။  စင်္ကာပူ ခဏပြန်ဖြစ်တော့ အဲဒီ Operation GM နဲ့ ထမင်းစားဝိုင်းတစ်ဝိုင်းမှာ သွားတွေ့ပြန်တယ်။  သူကတော့ ငါးတွေ့ရင် လှန်နေတုန်းပဲ။  

အလုပ်ထဲမှာ ဒီလိုရှိတယ် (၁)
အလုပ်ထဲမှာ ဒီလိုရှိတယ် (၃)

9 comments:

  1. နောက်တခါငါးမမှာနဲ့ တော့လေ။း)
    အိုင်အိုရာ

    ReplyDelete
  2. တချို့လူကပ်တွေပေါ့ဗျာ..ကျွန်တော်တို့ဘော့က အော်စီဗျ..
    ဒါပေမဲ့ ဘော်နီယိုကအီဘန်းတွေက ကြက်သတ်ပြီးနတ်ကိုပူဇော်တာလက်ခံတယ်။
    သူတို့ အလုပ်လုပ်တဲ့နေ၇ာမှာ စိတ်သန့်ဖို့လိုတယ် လို့ပြောတယ်ဗျ

    ReplyDelete
  3. အဲဒီက ရိုးရာတွေ အဲဒီမှာဘဲ ထားခဲ့ မောင်အွတ်ထောင်ရေ့။
    မြန်မာမှာ ရိုးရာတွေ များနေရတဲ့အထဲ ရိုးရာတွေ ရောယှက်ကုန်ဦးမယ်။း)

    ReplyDelete
  4. မမအိုင်အိုရာ အိုင်ဒီယာ မိုက်တယ်...အစကတည်းက ငါးမမှာနဲ့ ..း)

    ReplyDelete
  5. တခါတလေမှာ တိုက်ဆိုင်မှုတွေက အံ့သြဖို့ကောင်းတယ်
    ပုံမှန်အတိုင်းတွေးရင် မဖြစ်နိုင်ဘူးထင်ရတာတွေ ထူးထူးဆန်းဆန်း တိုက်ဆိုင်နေတတ်တယ်နော်။

    ReplyDelete
  6. ငါးပဲ မှာမစား ရတော့ မလိုဖြစ်နေပြီး)

    ReplyDelete
  7. ဟုတ်တယ်..ကိုအောင်ထွဋ်..
    တရုတ်တွေက ငါးစားရင် မလှန်ဘူး..အရိုးကို အပေါ်ကနေဘဲ ယူပြီးစားလိုက်တာ
    အယူရှိတယ်...
    တိုက်ဆိုင်မှု့လည်း ဖြစ်နိုင်ပါတယ်လေ..
    ဒါပေမဲ့တရုတ်ဆိုတာကလည်း အယူစွဲကြီးတဲ့ လူမျိုးလေ...

    ReplyDelete