စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, June 1, 2013

အားမငယ်ပါနဲ့ တာတမ်

          တာတမ်ရေ့ဇ် ဆိုတာက ငါးနှစ်အရွယ် ကလေးမလေး။  ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က သူမရဲ့     မူကြိုကျောင်းပြီးတဲ့ အထိမ်းအမှတ် ကျောင်းဆင်းပွဲလေးပေါ့။  ဒီလိုနေ့မျိုးမှာ မိဘ နှစ်ပါး စုံညီစွာနဲ့ တက်ရောက်ပြီးတော့ သမီးငယ်လေးကို ဂုဏ်ပြုရမယ့်နေ့။  ဒါပေမယ့် တာတမ်ရဲ့ အိပ်မက်ဟာ ပျက်စီးခဲ့ရတယ်။ 
          တာတမ်ရဲ့ ဖခင်ဟာ Phoenix ရဲတပ်ဖွဲ့ရဲ့ ရဲအရာရှိတစ်ယောက်ပါ။  တာတမ်လေး ကျောင်းဆင်းပွဲ မတိုင်ခင် ၃ ရက်အလိုမှာ ဖခင်ဖြစ်သူဟာ တာဝန်ထမ်းဆောင်နေရင်းနဲ့ ကွယ်လွန်သွားခဲ့ပြီးတော့ ဇနီးဖြစ်သူနဲ့ တာတမ်လေးကို ခွဲခွာသွားခဲ့ပါတယ်။  ဒီအတွက် Phoenix ရဲတပ်ဖွဲ့က ရဲဝန်ထမ်းတွေ ဟာ တာတမ်လေး ကျောင်းဆင်းပွဲမှာ လာရောက်ခဲ့ပြီးတော့ တာတမ်လေးကို လမ်းတစ်လျှောက် လက်ခုပ်တီးပြီးတော့ ဂုဏ်ပြုပေးခဲ့ကြပါတယ်။




          ဒါ့အပြင် ကျောင်းဆင်းပွဲ ကျင်းပတဲ့ ခမ်းမထဲမှာလဲ ရဲဝန်ထမ်းတွေ အပြည့်နဲ့ တာတမ်လေးရဲ့ ဆုံးရှုံးမှု့ကို အစားထိုးဖြည့်ဆည်းပေးခဲ့ပါတယ်။




          တာတမ်လေးရဲ့ ကျောင်းဆင်းပွဲကလေးကို ရဲဝန်ထမ်း ရာပေါင်းများစွာဟာ သူတို့ရဲ့ မိသားစုတွေနဲ့ အတူ လာရောက်ပြီးတော့ ဂုဏ်ပြုပေးခဲ့ပြီး ကွယ်လွန်ခဲ့သူ တာတမ်ရဲ့ ဖခင်ကိုယ်စား ဒီမိသားစုကို ကြည့်ရှု့ပေးခဲ့ပါတယ်။  ရဲအရာရှိ ကိတ်ဂရန့်က “တာတမ်လေးအတွက်တော့ ဒါဟာ သူ့ရဲ့ ဖခင်ဆုံးသွားတာကို အပြည့်အ၀ ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်မှန်းသိပါတယ်။  ဒါပေမယ့် ဒါဟာ ကျွန်တော်တို့ အတွက် အကောင်းဆုံး အတတ်နိုင်ဆုံး ကူညီခြင်းပါ” လို့ ဆိုသွားပါတယ်။



Source : (Link)

6 comments:

  1. စိတ်မကောင်းဖြစ်ရပေမဲ့ ကြည်နူးရပါဘိတော့ :)
    အားမငယ်ပါနဲ့ တာတမ်လေးရေ....ဖိုက်တင်းးးးးးးးးးးးးးး !!!

    ReplyDelete
  2. ဟန်ကြည်June 2, 2013 at 12:27 PM

    သူရို့လူမျိုးရဲ့ လူသားချင်း ကိုယ်ချင်းစာတရားနဲ့ စာနာနားလည်နိုင်မှုတွေကို လေးစားလိုက်လေခြင်း ကိုအောင်ထွဋ်ရယ်...ကိုယ့်ဆီကလူတွေ ဘာဖြစ်လို့ အနှီအကျင့်စရိုက်မျိုးကို အတုမယူကြသလဲဆိုတာ စဉ်းစားလို့ကိုမရအောင်ပါပဲ...

    ReplyDelete
  3. ကောင်းလိုက်တာဗျာ
    လေးစားထိုက်တယ် သူတို့ရဲ့ အပြုအမူ ကို ။

    ReplyDelete
  4. ဒီလို အစားထိုးပေးတဲ့ အတွက်တော့ ကျေးဇူးတင်မိပါတယ်..။ ဒါပေမယ့် တာတမ့် အတွက် လုံလောက်ပါ့မလား..။

    ReplyDelete
  5. သေတဲ့သူတွေ သေရကျိုးနပ်အောင် သူတို့ လုပ်ပေးကြတယ်။ သေတဲ့သူတွေကလဲ ဒီလို လုပ်ပေးရကျိုးနပ်အောင် မသေခင် တာဝန်ထမ်းဆောင်လေ့ရှိကြတယ်။ ဒီပုံစံမျိုးလေးတွေ နေရာတိုင်းမှာ ရှိနေသင့်တယ်။

    ReplyDelete
  6. ကျန်ရစ်သူမိသားစုအတွက် အားတက်စရာပဲနော်....
    လူသားချင်းစာနာမှုလေးဖတ်ရတာ ကြည်နူးပြီး ရင်ကိုထိစေတယ် မောင်အောင်ထွဋ်ရေ..
    အခုမှ ဘလော့ဘက်ပြန်လှည့်ဖြစ်တော့တယ် ဟိဟိ
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete