စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, September 30, 2011

ကောက်ရိုးမီး


ပြောတတ်ကြတယ်.....

ကောက်ရိုးမီးတဲ့....
ဒါပေမယ့် ငါ့မှာလဲ အလင်းရှိတယ်...
ငါ့မှာလဲ အပူချိန်ရှိတယ်...

မင်းတို့လိုတော့ ရိုမန်းတစ်မဖြစ်ဘူး..
လူကုံထံတွေ ရဲ့ ညစာစားပွဲအလည်မှာ
တင်ထားတဲ့ ဖရောင်းတိုင်ရဲ့ ခန့်ထည်မှုလိုပေါ့..

မင်းတို့လိုတော့ တည်ငြိမ်မှု့မရှိဘူး..
ညရဲ့ အမှောင်ထုကို ဖြိုခွဲမဲ့..
မီးအိမ်တစ်ခုရဲ့ အလင်းလိုပေါ့...

မင်းတို့လို တောက်ပ ၀ံကြွားမှုလဲ မရှိဘူး...
နေပြည်တော် ကားလမ်းမကြီးပေါ်က..
ထိန်ထိန်ငြီးတဲ့ မာကျူရီမီးတွေလိုပေါ့..

ဒါပေမယ့်.. 
မင်း ဘ၀ တည့်မတ်ဖို့ အတွက်
ငါ့ည နောက်ဆုံး ထွက်သက်ကို..
အစွမ်းကုန် တောက်လောင်ခဲ့ပါတယ်
သူငယ်ချင်း။




 by A.H     [ ၆၊အောက်တိုဘာ၊၂၀၁၀ ၀၁:၄၀ ]

5 comments:

  1. ကောက်ရိုးမီးဆိုတာ
    မင်း ဘ၀ တည့်မတ်ဖို့ အတွက်
    ငါ့ည နောက်ဆုံး ထွက်သက်ကို..
    အစွမ်းကုန် တောက်လောင်ခဲ့ပါတယ်...တဲ့လား
    ခံစားဖတ်ရလို့ကျေးဇူးပါ။
    ခင်မင်တဲ့ jasmine

    ReplyDelete
  2. ကောက်ရိုးမီးဆိုတာ မင်း ဘ၀ တည့်မတ်ဖို့ အတွက်
    ငါ့ည နောက်ဆုံး ထွက်သက်ကို..
    အစွမ်းကုန် တောက်လောင်ခဲ့ပါတယ်...တဲ့
    ခံစားဖတ်ခဲ့ပါတယ်...ခင်မင်တဲ့ jasmine

    ReplyDelete
  3. ဖတ်သွားတဲ့ jas ကို ကျေးဇူးပါ :)

    ReplyDelete
  4. တင်စားထားတာလေး အရမ်းသဘောကျတယ်... အင်း.. ကောက်ရိုးမီးဖြစ်ဖြစ်.. ဖယောင်းတိုင်မီးဖြစ်ဖြစ်.. မာကျူရီမီးဖြစ်ဖြစ်.. သူ့ဟာနဲ့သူတော့ ပုံစံအမျိုးမျိုးနဲ့ အလင်းပေးနေနိုင်တာပဲလေ.... :)

    ReplyDelete
  5. ကောက်ရိုးမီးလေးလဲ..သူ့ ပေးဆပ်နိုင်းစွမ်းတွေနဲ့ပေါ့နော...။

    ReplyDelete