စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, September 17, 2011

ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား



နေတတ်ဖို့ ကြိုးစားနေပါတယ်...
ပြုတင်းပေါက်တော့ ဖွင့်ထားမိတယ်....
အသံသဲ့သဲ့ကြားတယ်...
ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား...

ကန်က စီးပွားရေး နလန်ထူဖို့...
ကြွေးဆပ်ဖို့ အသည်းအသန် လုံးနေတယ်...
အသံသဲ့သဲ့ကြားတယ်....
ဟိုလိုလုပ်ပါလား..  ဒီလိုလုပ်ပါလားတဲ့....


စလုံးမှာ...  ပွစိပွစိဖြစ်နေတယ်.....
Citizen Vs Foreigner အခွင့်အရေး.......
MM ကြီးက ဖာသိဖာသာနဲ့.....
ဟိုကနလန်ထူမှ ဒီကခံသာမပေါ့ဟဲ့...
အသံသဲ့သဲ့ ကြားတယ်....
ဟိုလိုလုပ်ပါလား.... ဒီလိုလုပ်ပါလားတဲ့...

နီပွန်တွေ..  ပရောဂျက်တိုင်းကာ့(ဗ်)ကြီး...
ထိပ်ကနေ လျှောလာသတဲ့....
နို့စားနွားမတွေ လိုက်ရှာနေတယ်...
နောက်ထပ် curve တစ်ခု မြန်မြန်လိုနေတယ်...
ဘယ်မှာလဲ ဆာမူရိုင်း spirit....
ဟိုလိုလုပ်ပါလား... ဒီလိုလုပ်ပါလားတဲ့....

ပေါက်ဖော်တွေကတော့ ခပ်ပြုံးပြုံးလုပ်နေသတဲ့...
ကော်ပီကူးလို့ အားလုံးကောင်းပါတယ်...
ဒါပေမယ့် တစ်ခုခုထွင်ပြီး မူပိုင်ခွင့်တင်မယ့်
အချိန်ရောက်တော့မယ်....
ဘယ်မှာလဲ ဘယ်သူလဲ...
လက်ညှိုးတွေ ပလူပျံနေတယ်...
အသံသဲ့သဲ့ထွက်လာတယ်...
ဟိုလိုလုပ်ပါလား... ဒီလိုလုပ်ပါလား....

EU က မျက်နှာလေး ငယ်ငယ်နဲ့...
အသံတောင် သိပ်မထွက်နိုင်တော့ဘူး...
သူတို့ စတဲ့ ယူရိုငွေ.. 
သူ့ဇာတ်သူ မနိုင်ဖြစ်နေသတဲ့...
စုပေါင်း အရေးပေါ်ပေါ်လစီ ချမှတ်လိုက်သတဲ့..
အသံသဲ့သဲ့ ထွက်လာတယ်...
ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား....

ရွှေမှာ ရွေးကောက်ပွဲကြိး ပြီးသွားပြီတဲ့...
ဟိုနယ် ဒီနယ်မှာ ဟိုလူဒီလူတွေ အောင်ပွဲခံကြသတဲ့...
ထားဝယ်မှာ စီးပွားရေးဇုံ အကြီးကြီး လုပ်တော့မတဲ့...
အသံသဲ့သဲ့ ထွက်လာတယ်...
ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလားတဲ့....

ကျွန်တော်လား... 
Facebook နဲ့ Youtube မှန်မှန် ကြည့်တတ်ပါတယ်...
ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလားလဲ
ကြုံရင် ကြုံသလို ပြောတတ်တယ်...
ဒါပေမယ့် ဟိုနေ့ကတော့
သူငယ်ချင်းတစ်ယောက်ရဲ့ Profile မှာတွေ့လိုက်တယ်..
"Talk doesn't cook rice" (Chinese Proverb) တဲ့။

by AH 13/12/2010

၂၀၁၀ တုန်းက အားယားနေလို့ လျှောက်ခြစ်ထားခဲတဲ့ ဟာလေးပါ။  ခုတော့ ထပ်ဖြည့်ရပါဦးမယ်ထင်ပါတယ်  ဟို ဘလော့ဂ် ဒီဘလောဂ့်တွေကိုလဲ လျှောက်မွှေပြီး အငြိမ်မနေ လျှောက်လက်ဆော့ရင်း မန့်ပါတယ်။  

3 comments:

  1. အသံတွေ သဲ့သဲ့ကြားနေရတယ်... မလုပ်ရဘူး မလုပ်ရဘူး :)

    ReplyDelete
  2. မဟုတ်ပါဘူး.... အလုပ်ပါဘူး...... အားလုံးထင်သလို မတုပ်ပါဘူး(အတင်း အတင်း).... ဟုတ်တာတစ်ခုကို ထုတ်ခါပြောမယ်.... အမ်.... ဘာပြောရမလဲ..... သြော်... ပဲကြီးလှော် ၀ါးနေပါတယ် :P

    ReplyDelete