စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, February 12, 2012

Haper သို့မဟုတ် လောကဓံကို အရှုံးမပေးတဲ့ ခွေးကလေး

ဒီခွေးငယ်လေး ကလေးကိုတော့ ၂၀၁၁ သြဂုတ်လ ၃၁ ရက်နေ့က ဖလော်ရီဒါ ပြည်နယ်က အမှိုက်ထုပ်ထဲက တွေ့ရှိခဲ့ကြတာပါ။  တွေ့ရှိတဲ့အချိန်မှာ ဒီခွေးငယ်လေးမှာ "swimmer puppy syndrome" လို့ခေါ်တဲ့ ရောဂါတစ်မျိုးကို ။  ဒီရောဂါဟာ အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီးတော့ ခွေးကလေးတွေ မတ်တပ်မရပ်နိုင်ပဲ သူတို့ရဲ့ ခြေထောက်လေးတွေဟာ ဘေးကို ကားနေပြီးတော့ မှောက်ရက်အနေအထားနဲ့ အသက်ရှင်နေရပါတယ်။  ဒီလိုမျိုးရောဂါ ခံစားရတဲ့ ခွေးငယ်ကလေးတွေဟာ ပြုစုကုသမယ့်သူမရှိရင် နှစ်ပတ်ကနေ လေးပတ်အတွင်း သေဆုံးရလေ့ရှိပါတယ်။ ဒါပေမယ့် Dolly Foundation က ဒီခွေးငယ်လေးကို ကျန်းမာလာအောင် ပြုစုပေးပါသတဲ့။








Erica Daniel ဆိုတဲ့ အမျိုးသမီးကြီးကတော့ ဒီခွေးကလေးကို ကြင်နာစွာနဲ့ သူမအိမ်သို့ခေါ်ဆောင်သွားပြီး နောက်တစ်နေ့မနက်မှာတော့ ပြုစု၊ နှိပ်နယ် ပေးပါတယ်။  ဒီလို နာရီ အနည်းငယ်အကြာ နှိပ်နယ်ပေးပြီးနောက်ပိုင်းမှာတော့ ခွေးကလေး Harper ဟာ ခေါင်းကလေးတွေ လှုပ်ရှားလာနိုင်ပါသတဲ့။  ဒီလိုနဲက အားတက်သွားတဲ့ Erica Daniel ဟာ ဖလော်ရီဒါ ပြည်နယ် Winter Park မှာနေတဲ့ တရိစ္ဆာန် ဆရာဝန် Bev McCartt ကို ဆက်သွယ်ပြီးတော့ အကူအညီတောင်းပါတယ်။  ဆရာဝန်ကလည်း ခွေးကလေးကို အခမဲ့ ကူညီ ကုသပေးခဲ့ပါတယ်။



ဒီလိုနဲ့ ခွေးကလေးဟာ Harper (Erica Daniel က ပေးထားတဲ့နာမည်) ဟာ ပထမဆုံး ရေကုထုံးအပြီးမှာပဲ မယုံနိုင်လောက်အောင် အခြေအနေကောင်းမွန်လာခဲ့ပါတယ်။  McCartt ကတော့ ကျွန်တော်ခွေးကလေးကို ရဲ့ အခြေအနေကို ကြည့်ရတာ သူ့ဦးနှောက်က အလုပ်လုပ်လာပြီးတော့ ခွေးကလေးရဲ့စိတ်ထဲမှာ သူလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှု့မျိုး ရှိလာသလိုပါပဲ လို့ ဆိုပါတယ်။
 
နှိပ်နယ်ပေးခြင်းနဲ့ ရေကုထုံးဟာ ဒီလို ခွေးငယ်ကလေးတွေကို အမြန်ဆုံး ကျန်းမာသန်စွမ်းလာအောင် ပြုလုပ်ပေးနိုင်တဲ့ ကုထုံးတစ်ရပ်ပါလို့ McCartt က ပြောသွားပါသေးတယ်။  ခွေးငယ်ကလေးဟာ နှိပ်နယ်ပေးခြင်း၊ ရေကုထုံး နဲ့ လျှပ်စစ် ကုထုံးတို့နှင့် ပေါင်းစပ်ကုသပေးမှု့ကြောင့် အခြေအနေတိုးတက်လာခဲ့ပါတယ်။
 
တရိစ္ဆာန်ဆရာဝန် McCartt ကတော့ "ဒီ ခွေးငယ်ကလေးဟာ တစ်ကယ့်ကို အံမခန်း ခွေးငယ်ကလေးပါ။  သူဟာ ဒီလို လမ်းလျှောက်နိုင်ဖို့ကို အပြင်အထန်ကို ကြိုးစားခဲ့ပါတယ်" လို ဆိုသွားပါတယ်။
 
အောက်တိုဘာလမှာတော့ ဒီလိုမျိုး ကျန်မာလာတဲ့ ခွေးကလေးကို ဂရုတစိုက် ပြုစုခဲ့တဲ့ Erica Daniel က ခွေးကလေးကို မွေးစားခဲ့ပါတယ်။

 
Harper ကလေးဟာ သူရဲ့ ပထမဆုံး ခြေလှမ်းသစ်တွေကို မြက်ခင်းစိမ်းစိမ်းကလေးတွေပေါ်မှာ စတင်ပြီးတော့ လျှောက်လှမ်းနိုင်ခဲ့ပါတယ်။  ဒါပေမယ့် မာကြောတဲ့ ကြမ်းခင်းတွေပေါ်မှာတော့ လမ်းမလျှောက်နိုင်သေးပါဘူး။
 
ခုတော့ Harper ကလေးဟာ Erica Daniel အိမ်မှာ ရှိတဲ့ ခွေး ၇ ကောင်နဲ့ အတူ ပျော်ရွှင်နေပြီ ဖြစ်ပါတယ်။ Erica ကတော့ "ကျွန်မ အိမ်ကခွေးတွေကလည်း Harper ကလေးကို ဂရုစိုက်ကြပါတယ်" လို့ ဆိုပါတယ်။
 
တစ်ကယ်တော့ ခွေးကလေးတွေဟာ သခင်ကို ချစ်တတ်ပြီး သူတို့အတွက် လုံခြုံတဲ့ အိမ်ကို လိုအပ်ပါတယ်။

ဒီခွေးကလေးအတွက် ဖလော်ရီဒါက လူတွေကလည်း အများကြီးကူညီကြပါတယ်။  Flying Fur Pet Photography က Harper ရဲ့ ဓာတ်ပုံလေးတွေကို ရိုက်ကူးပြီး ရောင်းချပါတယ်။  ရရှိတဲ့ ၀င်ငွေတွေကိုတော့ ခွေးကလေးရဲ့ ဆေးဖိုးကုန်ကျစရိတ်ရယ်၊ Dolly's Foundation နှင့် Erica Daniel's dog-rescue organization တွေကို လှုဒါန်းပေးပါတယ်။
 
ဘ၀ပေးအခြေအနေမလှပေမယ့် ဇွဲမလျှော့တဲ့ Harper လေးဟာ အခုတော့ အပူအပင်ကင်းစွာ နေနိုင်ပြီဖြစ်ပါတယ်။  ကဲ… ကျွန်တော်တို့ရော…..  ကိုယ်ကိုကိုယ် မြှင့်တင်ပေးဖို့ စိတ်ဓာတ်ရယ်၊ အားမလျှော့တဲ့ ဇွဲရယ်၊ လုံလရယ်၊ ၀ီရိယရယ် ရှိမယ်ဆိုရင် ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ကို ကူညီနိုင်တဲ့ လူတွေ အများကြီးပါ။  ဇွဲမလျှော့ပဲ ဘ၀ခရီးကို အောင်မြင်စွာ လျှောက်လှမ်းကြရအောင်လားဗျာ…….
ဒီစာလေးဖတ်လိုက်လို့ စိတ်နည်းနည်း အိုက်သွားရင် ကြည်လင်သွားအောင်….



ပုံမှန် သုံးနေကြ VNP ကို ငွေမသွင်းမိလို့ Service ကပိတ်၊ Free ရသော အကျော်အခွမှာလည်း လိပ်ဘိုးအေဖြစ်၊ ဤသို့ဖြင့်သုံးရသည်မှာ သေချင်စော်နံအောင် ကြာလွန်းသဖြင့် ဤပိုစ့်ကို နာရီပေါင်းများစွာကြာအောင် အချိန်ယူပြီး တင်ပါသော်လည်း တက်မလာ။  နောက်ဆုံး Gmail မှဆွဲပြီး တင်လိုက်ရပါသောကြောင့် မထော်မလန်းပုံများ ဖြစ်နေပါက သည်းခံတော်မူကြပါခင်ဗျာ။

Source : (Link)

13 comments:

  1. ဇွဲမလျှော့တဲ့ Harper လေးအကြောင်းသိခဲ့ရပါပြီရှင်

    ReplyDelete
  2. နိုင်ငံရပ်ခြားတွေမှာ တစ်ခု လေးစားအာကျမိတာ
    တိရစ္ဆာန်တွေကို လူတစ်ယောက်လို ပြုမှု ဆက်ဆံတက်ကြတာပါ...:):)

    ReplyDelete
  3. မထော်မလန်းမဖြစ်ပါ။ အားလုံးကြည့်ရကောင်းပါသည်။ ခွေးပြားလေးကချစ်ဖို့ကောင်းတယ်။ သခင်ကောင်းကောင်းနဲ့တွေ့လို့သာပေါ့။ ကံကောင်းတယ်ဆိုရမယ်။ :)

    ReplyDelete
  4. မလန်းမဆန်း မဖြစ်ပါ။ အင်အားဖြစ်စေပါတယ်။ ဘိုင်သဝေး အိုင်အိုအောင်ထွဋ်ရဲ့ ချင်ပေါင်ရွက်ချွေ သိုင်းသက်သေ ဇတ်လမ်းကြီးကို ပြောဆိုသူ များနေဘီ ဖြစ်ပါကြောင်း။ အတော်များများ သဘောကျတော်မူ နေကြပါကြောင်းဗျာ။

    ReplyDelete
  5. ကအောင်ထွဋ် ပါပီလေးတွေလင့်က ကြည့်မရဘူးနော်

    ReplyDelete
  6. မေတ္တာကြီးမားတဲ့သူတွေနဲ့တွေ့ရတဲ့ သူ့အတွက်ကံကောင်းခြင်း
    အကောင်လေးတစ်ကောင်ဆိုပြီး မျက်နှာမလွှဲပဲ အကြင်နာတရားကြီးမားတဲ့သူတွေကို လေးစားတယ်

    ReplyDelete
  7. ခွေးလေးက ချစ်စရာလေး... မွေးရာပါရောဂါလေးနဲ့ သနားစရာ...

    ReplyDelete
  8. ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ သူတွေကို ကျေးဇူးတင်ရမှာပေါ့ဗျာ.. ခွေးကလေးကလဲ ဖိုးကံကောင်းပေါ့

    ReplyDelete
  9. ခွေးတောင်ဇွဲမလျှော့သေးရင်လူတွေကပိုအတုခိုးသင့်တာပေါ့
    တော်သေးတာပေါ့အေ ထော်လန်းပူံတွေဖြစ်နေလို့း))))

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  10. ဒီရက်ပိုင်း ကျော်ခွတဲ့ ပရောက်စီတွေ တစ်ခုခုဖြစ်နေတယ်ထင်တယ်
    ကျွန်မလည်း ဒီရက်မှာ ဝယ်သုံးတဲ့ ပရောက်စီလေး တအားကို နှေးပြီး အဆင်မပြေဖြစ်နေတယ်။
    အဲဒါမှ မရှိရင် ဖေ့ဘွတ်လည်း ဝင်မရ. ဘလော့လည်း ရေးမရနဲ့ အဆင်မပြေဖြစ်နေတာ။ အရင်ကဆို ကို AH လိုဘဲ မေလ်းကနေ တင်ရတယ်လေ..
    ခွေးကလေးအကြောင်းဖတ်ရတာ လွယ်လွယ်နဲ့ အားမလျော့ချင်တဲ့စိတ်တွေ အင်အားပိုကောင်းလာတယ်။။ ကျေးဇူးပါရှင်

    ReplyDelete
  11. သူကလေး ကံကောင်းတာပေါ့ စိတ်ကောင်းရှိပြီး ကြင်နာတတ်တဲ့ သခင်နဲ့တွေ့လို့ ။

    ReplyDelete
  12. ခွေးကလေးကမလှပေမဲ့ကံကောင်းသွားတယ်နော်...........

    ReplyDelete