စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, May 20, 2012

ရည်းစားလက်ကလွတ်အောင်ပြေးရင်း အမှိုက်ပုံးထဲ ပိတ်မိနေတဲ့ ငနဲ


          ချစ်သက်နဲ့ ရန်ဖြစ်ကြသူများ ဘာလုပ်လေ့ရှိပါသလဲ?  ရုရှားနိုင်ငံက အသက် ၃၂နှစ်ရှိတဲ့ ကိုယ်တော်ချောကတော့ သူ့ရည်းစားနဲ့ ရန်ဖြစ်ရင်းနဲ့ ရည်းစားရန်ကလွတ်အောင် ကြံရာမရ နောက်ဆုံးတော့ သူနေတဲ့ ၈ ထပ်တိုက်က အမှိုက်သွန်တဲ့ ပြွန်ထဲကို ခုန်ချခဲ့ပါသတဲ့။  သို့ပေမယ့် ကိုယ်တော်ချောခမျာမှာတော့ ၃ လွှာလောက် လျှောကျပြီး တိုက်ရဲ့ ၅ ထပ်အရောက်မှာ ဇော်ကန့်လန့်ဖြစ်လို့ အမှိုက်ပြွန်ထဲမှာ တစ် နေပါသတဲ့။
          ဒါ့နဲ့ အဲ့ဒီ အဆောက်အဦးမှာနေတဲ့ အိမ်နီးချင်းတွေက အဆိုပါ ဇော်ကန့်လန် ကိုယ်တော်ရဲ့ ငိုသံကို ကြားလို့ အရေးပေါ်ဋ္ဌာနကို အကြောင်းကြားတော့မှ ခမျာမှာ အမှိုက်ပြွန်ထဲက ထွက်လာနိုင်ပါတော့သတဲ့။  သို့ပေမယ့် ကံကောင်းတာကတော့ ဒီကိုယ်တော်ချောဟာ ဒဏ်ရာပြင်းပြင်းထန်ထန် မရတာပါပဲ။  ပြောရေးဆိုခွင့်ရှိသူတွေကတော့ အဲ့ဒီမြို့မှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းကလည်း  ဒီလိုမျိုး အမှိုက်ပြွန်ထဲ ခုန်ချတဲ့ ဖြစ်ရပ်မျိုး ရှိခဲ့ပြီး နောက်ဆုံးမှာ ပျော်ပျော်ရွှင်ရွှင် ချောချောမွေ့မွေ့နဲ့ အဆုံးသတ်တယ်လို့ ဆိုပါတယ်။ 


Source : (Link)

7 comments:

  1. ကိုကိုမောင်(ပန်းရနံ့)May 20, 2012 at 10:20 PM

    ဒါနဲ့...
    အဲဒီတစ်ယောက် မောင်အွတ်ထောင်နဲ့ ရုပ်တော်တော် ဆင်နေပါလား။း)

    ReplyDelete
    Replies
    1. ဟဲ ဟဲ.. အဲ့ဒါကြောင့် မျက်စိနားမှာ ကွက်ပြီးဖျက်ထားတာ.. :P

      Delete
  2. ကို AH လဲ ရန်ဖြစ်ရင် ဒီလိုမလုပ်နဲ့နော်။
    ဘလော်ဂ့်ပေါ်ရောက်ကုန်ရင် ကျော်မကောင်းကြားမကောင်းဖြစ်ကုန်မယ်း))))

    ReplyDelete
  3. ဟိုက် တော်တော်ကြောက်တတ်ပါလားဟ
    ဘာအမှားတွေလုပ်မိလို့ အဲလောက်လန့်ပြေးပြေးရတာပါလိမ့်
    တော်သေးတာပေါ့ အီးအီးကျင်းထဲထိုးမကျတား)း)

    ReplyDelete
  4. :D... ပေါက်တတ်ကရတွေ... :P.. ဘယ်လိုကောင်မလေးကို ကြိုက်မှန်းမသိဘူး.. အဲလောက်တောင်ကြောက်ရတယ်ဆိုတော့.. ကိုအောင်ထွဋ် နည်းလေးတွေ သင်ပေးလိုက်စမ်းပါဗျာ.. :D

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  5. ကျွန်တော်သင်ပေးလိုက်ရင် ဒီကောင် ၅ ထပ်မှာ တစ်နေမှာမဟုတ်ဘူး... အောက်ကို ရှောရှောရှုရှုရောက်သွားမှာ... :P

    ReplyDelete