စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, May 31, 2012

ကြော်ငြာထဲမှ ဟာသများ ၂

Me too….
          ဂျပန်ဝန်ကြီးချုပ် မိုရီဟာ အမေရိကန် ၀ါရှင်တန်ဒီစီ ကိုသွားပြီး သမ္မတ အိုဘားမားနဲ့မတွေ့ခင် ရက်အနည်းငယ်အလိုမှာ အခြေခံ အင်္ဂလိပ်စကားပြောသင်သွားပါသတဲ့။
          အင်္ဂလိပ်စာနည်းပြကလည်း ဟောဒီလို လမ်းညွှန်လိုက်ပါသတဲ့။ 
သမ္မတ အိုဘားမားနဲ့ လက်ဆွဲနှုတ်ဆက်ရင် “How are you?” လို့ ပြောလိုက်ပါ။
အဲ့ဒီအချိန်ကျရင် အိုဘားမားက ၀န်ကြီးချုပ်ကို “I am fine. And you?” လိုပြန်မေးလိမ့်မယ်။
ဝန်ကြီးချုပ်က “me too” လို့ပြန်ပြောလိုက်။  ကျန်တဲ့အပိုင်းကတော့ စကားပြန်တွေ ဆက်လုပ်သွားလိမ့်မယ်လို့ မှာလိုက်ပါသတဲ့။

သို့ပေမယ့် အိုဘားမားနဲ့ တစ်ကယ်ဆုံတဲ့အခါကျတော့ ဂျပန်ဝန်ကြီးချုပ်က
“How are you?” လို့မေးရမယ့်နေရာမှာ “Who are you?” လို့ နှုတ်ဆက်လိုက်မိပါသတဲ့။
အိုဘားမားလည်း ဟင် ငါလိုလူကိုတောင် ဒင်းက မသိပေဘူးလားလို့ အနည်းငယ်တင်းသွားလေသတဲ့။  သို့ပေမယ့် နိုင်ငံခေါင်းဆောင်ပီပီ ဟာသနှောလို့…
“ကောင်းပြီ။  ကျုပ်က မီရှဲလ် ရဲ့ ခင်ပွန်းပေါ့ ဟား ဟား” ဆိုပြီး သူ့သမ္မတ ကတော်ကို ညွှန်းလိုက်ပါသတဲ့။
ဂျပန် ၀န်ကြီးချုပ်ကလည်း သူ့ကို သင်လိုက်တဲ့ အတိုင်း လွှတ်လိုက်ပုံက
“Me too.. ha ha ha” ပါတဲ့။
တစ်ခန်းလုံး ပါးစပ်အဟောင်းသားနဲ့ ငြိမ်သွားတာ အတော်ကြာပါတယ်…….



အလုပ်ရှာကြော်ငြာ
          အမေရိကန်ကို မူးယစ်ဆေးဝါး ၇၅ တန်တင်ပို့မှု့နဲ့ ၁၀နှစ်ကြာထောင်ကျရာမှ အောင်မြင်စွာ လွတ်မြောက်လာပြီးနောက် တရားဝင်အလုပ် ရှာဖွေနေပါသတဲ့။  ကြော်ငြာချက်ကတော့ လန်ထွက်နေတာပဲ။

ဘာဂါကင်းရဲ့ အဓိကလျှို့ဝှက်ချက်ကတော့ ဘာဂါလုပ်တဲ့လူတွေပါတဲ့ဗျာ။  ဒီလောက်အရသာရှိအောင် လုပ်ဖို့ လက်တောင် ဆေးကြရဲလားမသိဘူး။ 


ရှုးရှုးနံ နည်းနည်းရှိတာကလွဲလို့ အသစ်အတိုင်းဆိုတာက တစ်မျိုး၊  အံပုံ ရောင်းမယ့်လူကတစ်ဖုံ၊  အောက်ဆုံးက ကြော်ငြာပဲကြိုက်တယ်။  ဓားပြသွားတိုက်ဖို့လားတော့ မသိ။


ရှင်းလိုက်တဲ့ ကြော်ငြာ ၃ ကြောင်းထဲနဲ့ ပြတ်ကရောပဲ


Microsoft office 2003 ရဲ့ ကြော်ငြာပါတဲ့။


ပြောင်းလိုက်တဲ့ နာမည်ကလည်း ဘယ်သူမှ အသံထွက် ဖတ်ရဲမယ်မထင်


လေယဉ်က နှစ်ယောက်စီးလေယာဉ်၊ ပျက်ကတာက သင်္ချိုင်းကုန်းထဲကို… အလောင်းရှာတော့ ၈၂၆  ယောက်တွေ့.. ညနေပိုင်းမှာ ဆက်တူးပြီး ရှာဦးမတဲ့…


အတော့်ကို ထူးခြားလို့ ထည်တာထင်ပါရဲ့…  ဖတ်သာကြည့်ကြပါကုန်..


ကြိုက်တာကိုရွေး… သကောင့်သားလည်း သူ့မိန်းမမွေးတဲ့ ကြောင်ရဲ့ ဒဏ်ကို မခံနိုင်တော့ဘူး ထင်ပ


2 comments:

  1. အားရပါးရကိုပြုံးသွားတယ်

    ReplyDelete
  2. ပြုံးသွားတယ်..း)

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete