စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, May 7, 2012

ခွေး ဖက်ရှင်

ဝေဟင်မှာ လေယာဉ်စီးကာ ယီးလေးလေးခိုမလို့ ခုမှ သင်တန်းဆင်းလာတာလေ....


လေတပ်မတော်သား..

ရေတပ်မတော်သား....

ကြည်းတပ်သား။  အပေါ်ကပုံ ၃ မျိုးပါင်းလိုက်ရင်.. ကြည်းတပ်၊ ရေတပ်၊ လေတပ် လုပ်လို့ရပြီ။

ဒါတင်ကရိုးလား ဟောဒီမှာ ပြည်သူ့ရဲတပ်ဖွဲ့က ရဲသားကြီး ကိုဖိုးခွေးပေါ့....  ဓားပြကြီး ငကြောင်ကို ဖမ်းထားတာလေ.....

စီမံကိန်းပြီးအောင် အချိန်မီဆောက်နေရတာ လွယ်တယ်ထင်လို့လား.. ဟင်..

လင်းနို့လူသားမြင်ရင် ထိုင်ငိုသွားမယ်... 

ကာရေးဘီယံ ပင်လယ်ဒါးမြထဲကမင်းသား ဂျော်နီဒပ်လောက်တော့ သနားဒယ်.....

စတားဝေါ လဲပါတယ်...

မက်ဒေါ်နယ်လဲ မလွတ်...

ရော့ကာ အဖြစ်၊ ငါးရာ့တစ် (501) ကို ၀တ်ထားတာ...  ရှိုးပွဲ အမီသွားရမယ်.. ဒါဘဲ


ဆံပင်ထောင်တဲ့ ပန့်ခ်မောင်မောင်လဲ ပါသေး သဗျ

ဟော့ဒီမှာတော့ ဒီဇိုင်းအလန်းနဲ့ အပြတ်ကြမ်းမယ့် ဟစ်ပီ ဟစ်ပီ....


ဘယ်တော့လာခေါ်မလဲကွယ်.....အလှတွေ ပြင်ထားတယ်...  ရင်ခုန်လွန်းအားကြီးလို့ ကျလု ကျလု


သမီးကလေ.. ဘယ်လိုပြောရမလဲပေါ့နော်.. ဒီလို ရှိုးပွဲလျှောက်ရတော့ပေါ့နော်.. အရမ်း ရင်ခုန်မိပါတယ်ပေါ့နော်... ပေါ့နော်.. ပေါ့နော်.. ပေါ့နော်....

အက်ရှင် ဇတ်ကြမ်းတွေရိုက်ဖို့ရှိတယ်... ရိုက်ရက်တွေများနေတော့... ပရိုဂျူဆာတွေနဲ့ ညှိနေရတာ.. နေ့တစ်ဝက်နဲ့ တစ်ကားပြီးအောင် ရိုက်ဖို့လေ....


နေရာချင်းသာ လဲလိုက်ချင်တယ်.... ကွကိုယ် သီချင်းဆိုတာပါ

မခင်ဖွေးနဲ့ အချစ်တော် ခွေး

တာမီးတို့က တက်သစ်စလေးတွေပါနော်...  ကြော်ငြာလဲ ရိုက်ဖို့ စီစဉ်နေပါတယ် ရှန့်

ကလူ ကလူ... လန့်ထှာ.. ဘယ်နှယ့်ဟာမှန်းကို မသိဘူး

ဗေဒင်ဆရာက ယတြာခြေပါဆိုလို့ ငှက်ပျောသီး လိုဝတ်နေကြရတာပါ...
 

ဟာဝိုင်အီကို လာခဲ့နော်...  ခါးလေးယမ်းယမ်းပြီးတော့ကို က ပြ  ဦး........မှာ


ရှိုးပွဲသွားမလိုလေ... ဘယ်လိုလဲ ဒီဇိုင်းက လန်းတယ်မွလားဟင်...

ကုန်ပြီ.. ကုန်ပြီ... လူတွေ လက်ကမြင်းထားတာ သာမီး အမွှေးတွေတော့ ပြောင်ပါပြီ...

ကဲ.... ဒါလေးတွေ ကြည့်လို့မှ အားမရသေးရင် ရေလွှာလျှောစီး ချစ်စရာ ပါပီလေးများကိုလဲ တစ်ခါထဲ ရှု့စားသွားနိုင်ပါတယ်ဗျာ။

2 comments:

  1. ရှာရှာဖွေဖွေတင်တတ်ပါ့။ခွေးလေးတွေအားလုံး ဂျစ်စရာလေးတွေ

    ReplyDelete
  2. ခွေးချစ်သူခြင်းတော့ တွေ့ပြီကိုအားထောင်ရေ....၊တပြုံးပြုံးနဲ့ကြည့်သွားတယ်....၊ပင်လယ်ဒမြဂျော်နိဒပ်ကိုသဘောအကျဆုံးပဲ.....။

    ReplyDelete