စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, May 2, 2012

ငိုရင်ငို မငိုရင် သင်တန်းတက်ရမယ်… ဘာမှတ်နေလဲ?


          မြောက်ကိုရီးယားမှာတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက သွားလေသူ ခေါင်းဆောင်ကြီး ကင်မ်ဂျုံအီး အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် လုပ်ပါသတဲ့။  ခေါင်းဆောင်ကြီးကို ချစ်ကြတဲ့ ပြည်သူပြည်သားတွေကိုတော့ ၀မ်းနည်းခြင်းအထိမ်းအမှတ်အတွင်းမှ ပျော်ရွှင်ဟန်မပြရ၊ ပက်ပက်စက်စက် ၀မ်းနည်းနေရမယ်လို့ အမိန့်ထုတ်ထားပါသတဲ့။  တစ်ကယ်လို့သာ အထိန်းအမှတ်ပွဲကို ပါဝင်မဆင်နွှဲခဲ့ရင်၊ ဆင်နွှဲရဲ့သားနဲ့ သိပ်ဝမ်းနည်းတဲ့ပုံမပေါ်တဲ့ ပြည်သူပြည်သားတွေကတော့ မွန်းမံသင်တန်း ၆ လ တက်ရမယ်လို့ ဆိုပါသတဲ့။  ဟိုတစ်ခေါက်ကလည်း မြောက်ကိုရီးယားနိုင်ငံပိုင်အသံလွှင်ဋ္ဌာနကနေပြီးတော့ မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကွယ်လွန်တော့ လူတွေတောင်မပြောနဲ့ ငှက်တွေ၊ ၀က်ဝံတွေပါ ငိုကြွေးရှာလေတယ်ဆိုပြီး ထုတ်လွှင့်သွားပါသေးတယ်။  

Source : (Link)

3 comments:

  1. အလွမ်းဇာတ်ကားတွေ ရုပ်ရှင်ရိုက်ရင် တောင်ကိုရီးယားဇာတ်ကားတွေထက် ပို အသက်ဝင်လောက်တယ်။ သေချာ လေ့ကျင့်ပေးထားလို့။း)

    ReplyDelete
  2. များတို့လိုမျက်ရည်လွယ်လွယ်မကျတတ်တဲ့လူဆိုရင်တော့ သင်တန်းတက်ရဦးမယ်

    ReplyDelete
  3. ရူးတယ်လို့ပဲဆိုရမှာပေါ့။

    ReplyDelete