(ဒီပိုစ့်ကို
ကျွန်တော်တင်တာဟာ တရုတ်နိုင်ငံရဲ့ အကောင်းတွေကိုချည်း ဖော်ပြချင်လို့ မဟုတ်ပါဘူး။ တရုတ်နိုင်ငံနဲ့
ပါတ်သတ်လို့ ကျွန်တော်တို့ အမြင်မှာတစ်မျိုး ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်၊ ဒါပေမယ့်
သူ့နိုင်ငံ ဘယ်လိုမျိုး တိုးတက်လာတယ်ဆိုတာကို အမြင်တစ်ခုအနေနဲ့ ရှု့မြင်ပြီး ကျွန်တော်တို့
ဘာတွေ လိုအပ်ချက်ရှိနေတယ်ဆိုတာလေးကို မီးမောင်းထိုးပြချင်တဲ့ ရည်ရွယ်ချက်ပါ။ တစ်ဖက်သတ်ကြီး ကောင်းလှချည်ရဲ့ လို့ ဆိုလိုပြီး
ပိုစ့်တင်လိုက်တဲ့ ရည်ရွယ်ချက်မဟုတ်ပါဘူး။)
New
York times မှာ Thomas Friedman ရေးထားတဲ့ ဆောင်းပါးလေးကို သဘောကျလို့ ဘာသာပြန်တင်လိုက်တာပါ။ တရုတ်နှင့် အမေရိကန် ခုနှစ်ပိုင်း ၇နှစ် ဆိုတဲ့
အကြောင်းလေးပါ။
ကျွန်တော် တရုတ်နိုင်ငံရဲ့ ပြဇာတ်ရုံကြီးထဲမှာ
ထိုင်နေတုန်း ထောင်ပေါင်းများစွာသော တရုတ် ကချေသည်တွေ၊ ဗုံတီးတဲ့လူတွေ၊ အဆိုတော်တွေ၊
အံသြစရာကောင်းတဲ့ မျက်လှည့် ပညာရှင်တွေရဲ့ ဖျော်ဖြေမှု့တွေ တွေ့ရပါတယ်။ အဲ့ဒီအချိန် ကျွန်တော့်စိတ်ထဲမှာ လွန်ခဲ့တဲ့ ၇နှစ်ဆိုတဲ့
အချိန်ကာလအတွင်းမှာ တရုတ်နဲ့ အမေရိကန် နိုင်ငံနှစ်ခုကြား ခြားနားတဲ့ အတွေ့အကြုံတွေကို
မတွေးပဲ မနေနိုင်ပါဘူး။
တရုတ်နိုင်ငံဟာ ကုန်စည်ထုတ်လုပ်မှု့ လုပ်ငန်းအမျိုးမျိုးအတွက်
အလုပ်ရှုပ်နေတုန်းမှာ ကျွန်တော်တို့ကတော့ အယ်လ်ကိုင်ဒါ (အကြမ်းဖက်အဖွဲ့) တွေနဲ့ အလုပ်ရှုပ်နေခဲ့ပါတယ်။ တရုတ်တွေဟာ ဇာတ်ရုံကြီးတွေ၊ မြေအောက်ရထားလမ်းတွေ၊
လေဆိပ်တွေ၊ လမ်းမကြီးတွေ၊ ပန်းခြံတွေပိုပြီး ကောင်းသထက်ကောင်းအောင် တည်ဆောက်နေတဲ့အချိန်မှာ
ကျွန်တော်တို့တွေကတော့ လုံခြုံရေး အာရုံခံ ကိရိယာတွေ၊ စစ်သုံး ဟမ်းမား ကားတွေ၊ မောင်းသူမဲ့
အဝေးထိန်း လေယာဉ်တွေကို ပိုပြီး ကောင်းသထက်ကောင်းအောင် တည်ဆောက်နေခဲ့တယ်။
ဒီခြားနားမှု့တွေကို အခုစပြီး မြင်နေရပါပြီ။
ခင်ဗျားတို့ နယူးယောက်ရဲ့ ညစ်ပတ်ဟောင်းနွမ်းနေတဲ့
LaGuardia လေဆိပ်နဲ့ ရှန်ဟိုင်းရဲ့ သစ်လွင်နေတဲ့ နိုင်ငံတစ်ကာ လေဆိပ်ကို နှိုင်းယှဉ်ကြည့်ပါ။ ခင်ဗျားတို့ မက်ဟန်တန်လမ်းမှာ ကားမောင်းပြီး ပတ်ဝန်းကျင်ကို
တစ်ချက်လောက်ဝေ့ကြည့်လိုက်၊ အဆောက်အဦးတွေ
ဘယ်လောက် အိုဟောင်းပြီး ခေတ်နောက်ကျ ကျန်ခဲ့ပြီလဲ ဆိုတာကို။ ရှန်ဟိုင်းမှာ သံလိုက်ရထား တစ်နာရီ ကီလို ၂၂၀ နဲ့
မောင်းနေတယ် (အခု ကီလို ၃၀၀)၊ မျက်စေ့ တစ်မှိတ်အတွင်းမှာ လေဆိပ်ကနေ ရှန်ဟိုင်းမြို့ထဲကို
ရောက်ပြီ။ ကိုယ့်ကိုယ်ကို ပြန်ပြီး စဉ်းစားကြည့်ပါ…
ဘယ်သူက တတိယကမ္ဘာထဲမှာ နေထိုင်နေလည်း ဆိုတာကို။
ခေတ်မီ နိုင်ငံတစ်ခုအနေနဲ့ တရုတ်ဟာ လူ့အခွင့်အရေးနဲ့
တစ်ဦးကိုတစ်ဦးနာလည်မှု့ ဆိုတဲ့ အဓိက အတွေးအခေါ်ကို လက်ခံတဲ့ နိုင်ငံလို့ ကျွန်တော်ယုံကြည်တယ်။ ဒါပေမယ့် တရုတ်တွေဟာ သူတို့ ခေတ်အဆက်ဆက် ကျင့်သုံးလာတဲ့
အမျိုးမျိုးသော ထုံးတမ်းစဉ်လာတွေနဲ့ ပုံစံမတူတဲ့ လူ့အခွင့်အရေးကို တည်ဆောက်လာတာ။
လူဦးရေ.. တရုတ်နိုင်ငံတိုးတက်လာတဲ့ စံပြပုံစံကို
ပြပါဆိုရင် သင်ယူမှု့+တည်ထွင်မှု့+ မြောက်များလှစွာသော လူဦးရေတွေနဲ့ တည်ဆောက်ထားတဲ့
စီးပွားရေး+ တရုတ်ပြည်တွင်း ရော ကမ္ဘာ့ရေးပါ အကျိုးသက်ရောက်မှု့ရှိစေမှု့ စတဲ့ ဟာတွေနဲ့
တည်ဆောက်ထားတာပါ။ နိုင်ငံတကာကနေပြီးတော့ တရုတ်ကိုလာပြီး
ရင်းနှီးမြှုပ်နှံမှု့လုပ်တဲ့ စီးပွားရေးလုပ်ငန်းကြီးတွေမှာ ဆိုရိုးစကားတစ်ခုရှိတယ်..
“တရုတ်မှာ နံပါတ်တစ် ဖြစ်အောင်သာလုပ် ကျန်တဲ့ ကမ္ဘာပေါ်က နိုင်ငံတွေမှာလည်း နံပါတ်တစ်
ဖြစ်အောင် လုပ်နိုင်တယ်” ဆိုတဲ့ ဆိုရိုးစကားပါ။
တရုတ်နိုင်ငံတိုးတက်လာတာနှင့်အမျှ တရုတ်တွေဟာ တစ်စ တစ်စ ချဲ့ထွင်လာနေပါပြီ။ ခရီးသွားလုပ်ငန်း၊ လေကြောင်းလိုင်း၊ ရုပ်ရှင်နှင့်
ရုပ်မြင်သံကြား၊ အားကစား၊ ပညာရေး၊ စွမ်းအင် ရင်းမြစ်အသစ်တွေ၊ ခေတ်မီ နည်းလမ်းတွေ၊ မြန်နှုန်းမြင့်
ရထားတွေ စသည် စသည် အားဖြင့် အများကြီးချဲ့ထွင်လာနေပါပြီ။
နယ်မြေ…. ကျွန်တော်တို့တွေထဲက တစ်ချို့တွေကတော့
နိုင်ငံငယ်လေးတွေမှာ နေတာကို အားပေးကြတယ်။
ဒါပေမယ့် နိုင်ငံငယ်တွေမှာလည်း သူ့အခက်အခဲနဲ့ သူရှိတာပဲ။ နိုင်ငံငယ်လေးတွေဟာ မုန်တိုင်းဒဏ်ကို ခံနိုင်ရည်စွမ်းမရှိကြဘူး။ နိုင်ငံကြီးတွေမှာတော့ မုန်တိုင်းဒဏ်ကို ခံနိုင်ရည်ရှိတယ်၊
ပြီးတော့ အဲ့ဒီ ဒဏ်ရာတွေကို ထိန်းကျောင်းဖို့ အခွင့်အရေး ပိုရှိတယ်။
ချီလီနိုင်ငံကိုကြည့်။ ဖွံဖြိုးပြီးနိုင်ငံဖြစ်ဖို့ တာစူနေတဲ့ ဖွံဖြိုးဆဲနိုင်ငံ။ ဒါပေမယ့် ၂၀၁၀တုန်းက ငလျှင်ဒဏ်ကို ပြင်းပြင်းထန်ထန်
ခံလိုက်ရတယ်။ နိုင်ငံရဲ့ GDP ဟာအောက်ကိုထိုးစိုက်သွားပြီး
၂ နှစ်အတွင်း တစ်နိုင်ငံလုံးရဲ့ စီးပွားရေး ကျဆင်းသွားလိုက်တာ အသက်ရှု့ဖို့တောင် မေ့နေတယ်။ တရုတ်ရဲ့ ၀ူဟန်မှာ ချီလီလိုမျိုးပဲ ငလျှင်ဒဏ်ကို
ခံရတာပဲ။ ဒါပေမယ့် နိုင်ငံစီးပွားရေးကတော့
တုတ်တုတ်တောင် မလှုပ်ခဲ့ဘူး။
နိုင်ငံတော်တော်များများမှာ စက်မှု့လုပ်ငန်း
အဆင့်မြှင့်တင်တယ်လို့ ပြောလိုက်ရင် နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပေါင်းလုပ်တယ်လို့ ဆိုလိုရာရောက်တာပဲ။ တရုတ်မှာတော့ သူ့ကိုယ်ပိုင် စက်မှု့လုပ်ငန်းနဲ့သူ
ဖြည်းဖြည်းချင်း အဆင့်မြှင့်တင်သွားတော့ တရုတ်ထုတ်ကုန် စက်မှု့လုပ်ငန်းတွေရဲ့ သက်တမ်းဟာလည်း
ကွင်းဆက်ပြတ်မသွားပဲ ဆက်လက်ရှင်သန်နေတယ်။
ယဉ်ကျေးမှု့… လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ မှာ
တရုတ်နဲ့ အနောက်နိုင်ငံ ယဉ်ကျေးမှု့ချင်း တိုးတိုက်ခဲ့ကြတယ်။ ဒါပေမယ့် တရုတ်နိုင်ငံသားတော်တော်များများမှာ တရုတ်ယဉ်ကျေးမှု့
တိမ်ကောမသွားသလို၊ သူ့ ယဉ်ကျေးမှု့အပေါ် ယုံကြည်ချက်လည်း ပပျောက်မသွားဘူး။
တရုတ်ယဉ်ကျေးမှု့ဆိုရင် စားသောက်ဆိုင် ယဉ်ကျေးမှု့၊
ကျန်းမာရေးနဲ့ ပါတ်သတ်တဲ့ ယဉ်ကျေးမှု့၊ အပန်းဖြေလုပ်ငန်း ယဉ်ကျေးမှု့ စတဲ့ နေရာတွေမှာ
တစ်ခြားယဉ်ကျေးမှု့တွေနဲ့ တူညီဖို့ ခက်ပါတယ်။
တရုတ်နိုင်ငံရဲ့ လမ်းဘေး စားသောက်ဆိုင်တွေမှာ ဟင်းအမျိုး ၃၀ ကနေ ၄၀ လောက်ရနေတဲ့
အချိန်မှာ အမေရိကန်စားသောက်ဆိုင်အများစုကတော့ ဟမ်ဘာဂါနဲ့ အာလူးကြော်ပဲ ရောင်းနေကြတယ်။ ဥရောပ စားသောက်ဆိုင်တွေကမှ ဟင်းလျှာ ရွေးချယ်စရာ
ပိုများသေးတယ်၊ ဒါပေမယ့် ၇ မျိုး ၈ မျိုးထက် မပိုဘူး။
ကျွန်တော်တို့ဟာ တရုတ်ရဲ့ ဘာသာမဲ့ အယူဝါဒကို
အလေးပေးပြီး စဉ်းစားလေ့ရှိကြတယ်။ ဒါပေမယ့်
ရာဇ၀င်ကို ပြန်ကြည့်လိုက်ရင် ဘာသာရေးကြောင့် မရေမတွက်နိုင်တဲ့ စစ်ပွဲတွေ ကျွန်တော်တို့
တိုက်ခဲ့ကြပြီးပြီ။ ခရစ်ယန် နဲ့ ခရစ်ယန်၊ ခရစ်ယန်
နဲ့ အစ်စလမ် ကြားထဲက အဓိကရုဏ်းတွေဟာ သမိုင်းထဲမှာ နှစ်ထောင်ချီပြီး ကြာခဲ့တယ်။ ဒီစစ်ပွဲတွေကြောင့် မရေမတွက်နိုင်တဲ့ လူပေါင်းများစွာ
သေကြေခဲ့ကြတယ်။
စီးပွားရေး… တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ
တိတိကျကျပြောရရင် ဈေးကွက်စီးပွားရေး မဟုတ်ဘူး။
လူမှု့စီးပွားရေး။ တရုတ်နိုင်ငံရဲ့ ရာဇ၀င်မှာ
အစိုးရက တိုင်းသူပြည်သားတွေရဲ့ စီးပွားရေးနဲ့ လူနေမှု့ အဆင့်အတန်းကို မြှင့်မပေးနိုင်ရင်
အဲ့ဒီအစိုးရ ပြုတ်တာပဲ။ သူ့ရဲ့ နိုင်ငံတော်ကြီး
ပြိုကွဲပြီးတော့ ပြည်သူတွေက အသစ်ကို ရွေးချယ်တာပဲ။
ဒီနေ့ တရုတ်နိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရကလည်း
အစဉ်အလာမပျက် အဲ့ဒီရိုးရာကို ဆက်ခံလာတဲ့ တစ်ပါတီ အုပ်ချုပ်ရေးအစိုးရပဲ။ အနောက်နိုင်ငံတွေမှာတော့ ပါတီတစ်ခုနဲ့ တစ်ခု မတူညီတဲ့
စိတ်ဝင်စားမှု့တွေနဲ့အတူ ယှဉ်ပြိုင်နေကြတယ်။
ကျွန်တော့်ကို အမေရိကန် ကျောင်းသားတစ်ချို့
လာလာမေးဖူးတယ်။ တရုတ်ရဲ့ နယ်ပယ်ချဲ့ထွင်မှု့
ဦးတည်ချက်ကို ဘယ်လိုထင်လဲဆိုပြီးတော့။ ကျွန်တော်သူ့တို့ကို
ပြန်မေးတယ်။ ဘာဖြစ်လို့ ကိုယ့် နိုင်ငံရဲ့
နယ်ပယ်ချဲ့ထွင်မှု့ကို အရင်မတွေးတာလဲလို့။ ငါတို့ဟာ
ငါတို့မပိုင်တဲ့မြေကို နယ်ပယ်ချဲ့ထွင်ခဲ့ကြတယ်၊ အင်ဒီယန်းလူမျိုးစုတွေ ခုဆို ကုန်သလောက်ဖြစ်နေပြီ၊
ဒါဟာ အမေရိကန်ပြည်ထောင်စုဆိုတဲ့ နိုင်ငံကြီး ဖြစ်တည်လာတဲ့ ပုံစံပဲ။ အဲ့ဒီတော့ နိုင်ငံတစ်ခုရဲ့ ပိုင်နက် ဆိုတဲ့ အဓိပ္ပာယ်က
ဘာလဲဆိုပြီး သူ့ကို ပြန်မေးတယ်။ နောက်ဆုံးတော့
မောင်ကျောင်းသားက ကျွန်တော့်ကို ပြန်ဖြေတယ်.. အဲ့ဒါက သမိုင်းလေတဲ့။
အဲ့ဒီတော့ ကျွန်တော်တို့ မေးခွန်းထုတ်စရာ
ဖြစ်လာပြီ။ အနောက်တိုင်းနိုင်ငံတွေရဲ့ ချဲ့ထွင်မှု့နဲ့
တရုတ်ရဲ့ နယ်ပါယ်ချဲ့ထွင်မှု့ကို။ ဂျော့ရှ်ဒဗလူ
ဘုရှ် ၈ နှစ်အုပ်ချုပ်သွားတဲ့ သက်တမ်းမှာ အမေရိကန်ကို စီးပွားပျက်ကပ် ယူပေးခဲ့တယ်၊
အီရတ်ကို ကပ်ဆိုက်စေခဲ့တယ်။ တစ်ကမ္ဘာလုံးမှာတော့
စီးပွားရေး ဆူနာမီလုံးကြီး မိခဲ့တယ်။ ဒါဟာ
ဥပမာ တစ်ခုပဲ။
တရုတ်ပြည်အုပ်စိုးမှု့ရဲ့ နိုင်ငံရေးရိုးရာ
အရေးအကြီးဆုံးသော လက္ခဏာတစ်ရပ်ကို ကြည့်လိုက်မယ်ဆိုရင် “အသင့်အလျှော်ဆုံးနဲ့ အစွမ်းဆောင်နိုင်ဆုံး”
ဆိုတာရယ် “ပြည်သူတွေက အုပ်ချုပ်တယ်”ဆိုတဲ့ စကားလုံးတွေကို တွေ့ရမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ နိုင်ငံရေးကျားကွက်ရွေ့တာ၊
ခက်ခဲမှု့၊ ထောက်ခံမှု့ စတဲ့ သိမ်မွေ့တဲ့ ရိုးရာထုံးတမ်းစဉ်လာတွေဟာ မင်းဆက်ပေါင်းများစွာ
လက်ဆင့်ကမ်းလာခဲ့ပြီးတော့ ဒါကို တစ်ခြားနိုင်ငံတွေရဲ့ ရိုးရာထုံးတမ်းစဉ်လာတွေနဲ့ မတူညီသလို
ပုံစံတူ ထုတ်လုပ်လို့မရပါဘူး။ တရုတ်ရှေ့ဆက်သွားနေတဲ့
ပုံစံကို ကျွန်တော် အန္ဒိယက ကျောင်းသားတွေနဲ့ ပြောကြည့်ဖူးတယ်။ အန္ဒိယကျောင်းသားတွေပြောတာကတော့ အပေါ်ယံကိုကြည့်ရင်
တရုတ်တွေဟာ ဗဟိုက ချုပ်ကိုင်ထားတယ်လို့ ထင်ရတယ်။
ဒါပေမယ့် တရုတ်နိုင်ငံရဲ့ ပြောင်းလဲမှု့တိုင်းမှာ သူ့နဲ့ သတ်ဆိုင်တဲ့ ကွဲပြားတဲ့
လက္ခဏာတစ်ခုချင်းစီရှိတယ်။ အဲ့ဒါကတော့ တစ်ဦးနဲ့တစ်ဦးလည်း
အချင်းချင်း ယှဉ်ပြိုင်နေပြီးတော့၊ တစ်ဦးကို တစ်ဦးကလည်း ပြန်လည်ဖေးမနေပြန်တယ်။ အကျဉ်းချုပ်လိုက်ရင် တစ်ရုတ်စနစ်က အန္ဒိယစနစ်ထက်
ပိုပြီး ကောင်းတယ်လို့ ထင်တယ်၊ ပိုပြီးတော့ သွက်လက်မြန်ဆန်နေတယ်လို့ အဲ့ဒီ ကျောင်းသားတွေကပြောတယ်။
တရုတ်တွေဟာ အနောက်တိုင်းဆီက သင်ယူခဲ့ပြီး
သန်မာကြံခိုင်တဲ့ ခေတ်သစ် အစိုးရစနစ်တစ်ခုကို စတင်ခဲ့ကြတယ်။ ဒါပေမယ့် တစ်ချိန်ထဲမှာ သူတို့ကိုယ်ပိုင်ဟန် နိုင်ငံရေးနဲ့
ရိုးရာထုံးတမ်းစဉ်လာ အရင်းအမြစ်တွေကို အသုံးပြုခဲ့ကြတယ်။ ဒီလို အနောက်တိုင်းနဲ့ ကိုယ်ပိုင်ဟန်တွဲစပ်မှု့မှာ
ဒီနေ့ ပေါ်ပြူလာဖြစ်နေတဲ့ အနောက်တိုင်း ဒီမိုကရက်တစ် မျက်တောင်မွှေ့တစ်ဆုံးလောက်သာကြည့်တဲ့
စနစ်ကို ကျော်တက်သွားပြီ။
နိုင်ငံရေးစင်ထက်မှာတော့ တရုတ် အလယ်အလတ်တန်းစား
လူတန်းစားတွေ ပိုချမ်းသာလာရင် အနောက်တိုင်းကလိုမျိုး လွတ်လပ်ပွင့်လင်းစွာ ကွဲလွဲတဲ့
ပုံစံမျိုးဖြစ်လာမယ်လို့ ထင်ထားတာ။ ဒါပေမယ့်
ဒီနေ့တော့ တရုတ်က အလယ်အလတ်တန်းစား လူတန်းစားတွေဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေး တည်ငြိမ်သထက်တည်ငြိမ်အောင်
တစ်ခြားလူတန်းစားအလွှာတွေထက် ပိုပြီး ထောက်ခံနေတာကို တွေ့မြင်နေရပြီ။ ဒီအလယ်အလတ်တန်းစား
လူတန်းစားတွေနားလည်ထားတာက အနောက်တိုင်း ဒီမိုကရေစီဖော်ဆောင်ရေးမှာ ကပ်ဆိုက်မှု့တွေ၊
နိုင်ငံရေး မတည်ငြိမ်မှု့တွေကို တစ်ခြားနိုင်ငံတွေကို ယူဆောင်လာတယ်၊ ဒီကနေပြီးတော့ သူတို့
သင်ခန်းစာ ကောင်းကောင်းရကြတယ်။ သူတို့ရဲ့ ခက်ခက်ခဲခဲ
ပင်ပင်ပန်းပန်း ရှာထားရတဲ့ ချမ်းသာကြွယ်ဝမှု့တွေဟာ တရုတ်နိုင်ငံ နိုင်ငံရေး နှစ် ၃၀
ကြာအောင် မတုန်မလှုပ် တည်ငြိမ်နေခဲ့လို့ ဒီလို ရလာခဲ့တာဆိုတာကို ကောင်းကောင်းကြီး နားလည်ကြတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင်
ဒီနေ့ တရုတ်နိုင်ငံဟာ ကျွန်တော်တို့ကို ဘာပြသွားသလဲဆိုတော့… “ခေတ်ရှေ့ပြေးခြင်း” နှင့်
“ခေတ်နောက်ပြန်ဆွဲခြင်း”၊ ဗြူရိုကရေစီမဟုတ်တဲ့
“autocracy”၊ “လူ့အခွင့်အရေး မြင့်မားခြင်း”
နှင့် “လူ့အခွင့်အရေး နိမ့်ကျခြင်း” ကို ဘာ စံနှုန်းနဲ့ တိုင်းတာမှာလဲ စတာတွေကို ခင်းချပြသွားတာပါပဲ။
No comments:
Post a Comment