Hacker ဆိုတဲ့ အသုံးအနှုန်းကတော့ ကျွန်တော်တို့နဲ့
သိပ်မစိမ်းတော့ပါဘူး။ Hacker လို့ပြောလိုက်ရင်
ပြေးမြင်တာကတော့ လုံခြုံရေးစနစ်တွေနဲ့ ကာကွယ်ထားတဲ့ ကွန်ပျူတာ ကွန်ယက်တွေထဲကို ဖောက်ထွင်း
ဝင်ရောက်၊ မွှေနှောက်နိုင်စွမ်းရှိသူတွေလို့ ကျွန်တော်တို့သိထားကြပါတယ်။ ဒီနေ့ အဲ့ဒီ Hacker ဆိုတဲ့ ဝေါဟရလေး အကြောင်း စိတ်ဝင်စားတာနဲ့
မွှေနှောက်ရှာရင်း Hacker အမျိုးအစားတွေနဲ့အတူ နာမည်ကြီး Hacker အကြောင်းကိုပါ ဖတ်မိပါတယ်။ ကျွန်တော့် အနေနဲ့ Hack လည်း မဟက်တတ်၊ Hacker လည်းမဟုတ်၊
ကွန်ပျူတာနဲ့ပတ်သတ်လို့ သြော်.. ဒါကြီးကို ကွန်ပျူတာလို့ခေါ်တာပါလားလေ ဆိုပြီးတော့လောက်သာ
သိလေတော့ ကျွန်တော့်လိုပဲ Hacker တွေအကြောင်း စိတ်ဝင်စားသူတွေအတွက် ဒီပိုစ့်လေးကို
တင်ပေးလိုက်ပါတယ်။
Hacker တွေကို အမျိုးအစားအားဖြင့် ၈ မျိုးခွဲထားတယ်လို့
ဝိကီပီဒီယားမှာ ဆိုပါတယ်။ ဒါတွေကတော့
White hat, Black hat, Gray hat, Elite hacker, Script kiddie, Neophyte, Blue hat
နဲ့ Hacktivist ဆိုပြီးတော့ ဖြစ်ပါတယ်။