ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့နဲ့ ကြာသာပတေးနေ့ တုန်းကတော့
အရင်သင်္ဘောဆောက်တုန်းက တူတူအလုပ်လုပ်ခဲ့ဖူးတဲ့ ကျွန်တော့် သူငယ်ချင်း မင်္ဂလာဆောင်ရှိတာနဲ့
ကျွန်တော်လည်း နန်တုန် မြို့ကို တစ်ခေါက်ရောက်ဖြစ်ပြန်ပါတယ်။ တရုတ်တွေရဲ့ မင်္ဂလာဆောင် ဘယ်လိုမျိုးဆိုတာ မတွေ့ဖူးတာလည်း
တစ်ကြောင်း၊ သူငယ်ချင်းရဲ့ မင်္ဂလာဆောင်ဖြစ်တာလည်း တစ်ကြောင်း၊ မရောက်ရောက်အောင် လာခဲ့ပါမည်ဟု
ကတိပေးထားမိသည်မှာလည်း တစ်ကြောင်း ဖြစ်သောကြောင့် ရောက်အောင် သွားဖြစ်ခြင်းဖြစ်သည်။
လက်ရှိ ကျွန်တော်ရောက်နေတဲ့ နေရာက ရှန်ဟိုင်းကနေ
လှိုင်ခေါင်းနဲ့ ဆက်ထားတဲ့ ချန်ရှင်းကျွန်းပေါ်မှာ၊ အဲ့ဒီကနေ ရှန်ဟိုင်းမြို့ထဲကို ရောက်ဖို့က
၄၅ မိနစ်လောက် ကားစီးရတယ်။ ရှန်ဟိုင်း-ချန်ကျန်း ကားဂိတ်ရောက်တော့ ဆင်း၊ ဆင်းပြီး လမ်းနည်းနည်းလျှောက်လိုက်တာနဲ့
Shanghai Science and Technology Museum Station လို့ခေါ်တဲ့ မြေအောက်ရထားဂိတ်ကိုရောက်ပါတယ်။ အဲ့ဒီကနေပြီးတော့မှ နန်တုန်မြို့ကိုသွားတဲ့ အဝေးပြေးကားဂိတ်ရှိရာ
Shanghai Railway Station ဆိုတဲ့နေရာကို စီးရမှာ။ အဲ့ဒီမှာ ပြသနာတတ်တော့တာပဲ၊ ထုံးစံအတိုင်း လိုင်းတွေပြောင်းစီးရတော့ ကျွန်တော်စီးနေတဲ့
နံပါတ်၂ လိုင်းကနေ နံပါတ် ၄ လိုင်းကို ပြောင်းပြီး ရထားစီးပါတယ်။ ၄ လိုင်းလည်း ပြောင်းပြီးရော ရထားစီးနေလိုက်တာ ကားဂိတ်မရောက်ခင်
၂ မှတ်တိုင်လောက်အလိုရောက်တော့ ရထားက နောက်ကြောင်းပြန်လှည့်သွားပါရော။ အဲ့ဒါနဲ့ ဆင်း၊ စောစောက လမ်းအတိုင်း ပြန်စီး ဟော…
ရောက်ခါနီး ၂ မှတ်တိုင်အလိုဆိုရင် နောက်ကြောင်းပြန်လှည့်ပြန်လှည့်ပြန်ရော။ ၃ ခေါက်လောက်စီးပြီးတော့မှ ရှေ့ဆက်မသွားဘူးတဲ့၊
ပျက်နေလား ဘာလားတော့မသိ၊ ဘာမှ လည်းမပြော၊ တရုတ်လိုတော့
ကွိကျိ ကွကျ ရွတ်ရင်ရွတ်မှာပေါ့လေ.. သိုပေမယ် ကိုယ်တွေက ဘာမှ နားမလည်လေတော့ ၃ ခေါက်လောက်
ရထားကို လွန်းထိုးပြီး စီးလိုက်တာ ၁ နာရီလောက် အချိန်ပုတ်သွားပါတယ်။ ဤသို့နှင့်ပင် နောက်ထပ် လိုင်း ၄လိုင်းလောက် ထပ်ပြောင်းစီးပြီး
သကာလမှာတော့ နန်တုန်းမြို့ကို သွားတဲ့ ဘက်စကားဂိတ်ကို ရောက်ပါတော့တယ်… နန်တုန်ကို ၁
နာရီခွဲ သာသာလေးတော့ မောင်းရပါတယ်။ ဟိုရောက်တော့
တက္ကစီငှား၊ ကားပေါ်ရောက်မှ သူငယ်ချင်းဆီဖုန်းဆက်၊ ဟိုဒရိုင်ဘာကို ဖုန်းထိုးပေးပြီးတော့မှ
သူငယ်ချင်းအိမ်ကို ရောက်ပါတော့တယ်။ အဲ့ဒီညတော့
သူငယ်ချင်းအိမ်နားက ဟိုတယ်မှာ တည်းဖို့ဆိုပြီးတော့ စီစဉ်ပေးပါတယ်။
နောက်တစ်နေ့မှ သူ့မွေးဇာတိမြို့ကလေးကို သွားပြီးတော့
မင်္ဂလာဆောင် အခမ်းအနားလုပ်တာပါ။ အဲ့ဒီကိုတော့
ကျွန်တော်တို့ကို ကားစီစဉ်ပေးပါတယ်။ ဒီလိုနဲ့
ကျွန်တော့်သူငယ်ချင်းရဲ့ ရွာကလေး ဟိုင်းမန် ကိုရောက်ပါတော့တယ်။ ရှန်ဟိုင်းထက် နန်တုန်က ပိုအေးပါတယ်။ နန်တုန်ထက်
ဟိုင်းမန်က ပိုအေးပါတယ်။ ဟိုရောက်တော့ ရေခဲနေပြီ။
အဲ့ကွန်းလည်း မရှိ၊ လေတ၀ူးဝူးနဲ့ မင်္ဂလာဆောင်လေးက ပျော်စရာတော့ အကောင်းသား။ ရွာကလေးက အဝေးပြေးကားလမ်းမဘေးတင်၊ တပိုင်တနိုင် စိုက်ခင်းကလေးတွေနဲ့ စိမ်းစိမ်းစိုစိုလေးနဲ့ တော်တော်လေးတော့ အေးအေးချမ်းချမ်းရှိပါတယ်။
ရွာကိုသွားမယ့် သတို့သားနဲ့ သတို့သမီးစီးတဲ့ကား
ဒါက ကားမှာကပ်ထားတာ Just Married လို့တော့ မရေးဘူး သို့ပေမယ့်လည်း လက်ထပ်ထားမှန်းတော့ သိတယ်ပေါ့လေ.....
ကားဝင်လာတော့ ဗျောက်အိုးဖောက်ပြီး ကြိုနေကြတဲ့ သတို့သား မိဘဆွေမျိုးများ
ဗျောက်အိုးအဖောက်ကို လှမ်းရိုက်သော်လည်း မမှီသောကြောင့် တစ်ဝက် တစ်ပျက်.......
ဒါက မိုးမြေကို ကန်တော့ဖို့ ကန်တော့ပွဲ...
သတို့သားနဲ့ သတို့သမီး
ဒါက ဘိုးဘေးတွေအတွက် ပိုက်ဆံမီးရှို့နေတာ.. ဒေါ်လာပုံစံ ငွေစက္ကူ တွေတောင်ပါသေး...
ရေချို ဂဏန်းပြုတ်ပါ... focus အောက်သွားလို့ ၀ါးနေတယ်... အဲ့ဒီ ဂဏန်းတွေက လက်မမှာ အမွှေးတွေပါတယ်... စားလို့တော့ အကောင်းသား
တရုတ် အရက်ဖြူ....
မင်္ဂလာဆောင်မှာ တိုက်တဲ့ ဆေးလိပ်နဲ့ ကျွေးတဲ့ မုန့်....
ဒါက ပုဇွန် အစိမ်းကို အရက်ဖြူလောင်းထားတာ.... အစိမ်းစားရတယ်...
ဒါကတော့ ပုဇွန်ကင်..
ဒါကတော့ ဂုံးလိုလိုဟာမျိုး.... တစ်ခုပဲစားပြီးတော့ မကြိုက်လို့ မစားတော့
ဒါကတော့ ဂဏန်းနောက်တစ်မျိုးကို ချက်ထားတဲ့ ဂဏန်းချက်ပါ
ဒါကတော့ ငါးနဲ့ မြေဇာဥရယ် ပန်းဂေါ်ဖီ အစိမ်းထုပ်ရယ် ရောချက်ထားတာ...
ကောက်ညှင်းထုပ်
ဘာရွက်လည်းတော့ မသိ..စားလို့ အတော်ကောင်း၏
မျောက်ဥလိုလိုဟာမျိုးနှင့် ငါးဟင်း... ချဉ်ချဉ်လေးနှင့် စားလို့ကောင်း၏
ဒါကတော့ မျှစ်ရယ်၊ ကြံမဆိုင်ချဉ်ရယ် ပြည်ကြီးငါးရယ် ရောချက်...
ဆိတ်သားဟင်း....
မှိုနှင့် ဟင်းရွက်ကြော်...
မင်္ဂလာဆောင်ကတော့ ခပ်ရိုးရိုးပါပဲ၊ သတို့သား
သတို့သမီးက မိုးမြေကန်တော့၊ သတို့သားဘက်က မိဘတွေကို
ကန်တော့၊ နောက် ကွယ်လွန်သွားသော ဘိုးဘေးဘီဘင်တွေကို
ငွေစက္ကူမီးရှို့ပေး၊ ပြီးတော့ ပရိသတ် တွေကိုကျွေး။ ဒါပါပဲ့။ သို့ပေမယ့် ရိုးသားတဲ့ တောသူတောင်သားတွေမို့ ဟန်ဆောင်မှု့မရှိပဲ
ရင်းရင်းနှီးနှီးကို စားကြတာပါပဲ။ ညပိုင်းလည်း
နောက်ထပ် ကျွေးပါတယ်။ ပြီးတော့မှ ကျွန်တော်တို့ကို
နန်တုန်ကို ပြန်ပို့။ နောက်တစ်နေ့မနက်မှ ကျွန်တော်တို့
လင်မယားလည်း ရှန်ဟိုင်းကို ပြန်လာဖြစ်ပါတော့တယ်။
ကိုရင်နဲ့ ပြောဖြစ်တုန်းကလို ကျွပ်ကျွပ်အိတ်ဆောင်သွားပေမယ့် ခရီးဝေးတာက တစ်ကြောင်း၊
သယ်ဖို့ မလွယ်တာက တကြောင်း၊ လူမလစ်တာက တစ်ကြောင်း ဖြစ်သောကြောင့် အထုပ်ကြီး အထုပ်ငယ်များနှင့်
စားစရာများ မသယ်နိုင်တော့ပဲ လက်ချည်းသက်သက် ပြန်လာခဲ့ရပါတာ့တယ်။
ကျွတ်ကျွတ်အိတ်မပါပေမယ့် အပီဝါးခဲ့တယ်မဟုတ်လား ကိုအားထောင်ရာ .မဒမ်အားထောင်တော့တော်တော် ၀ိတ်တက်နေလောက်ပီ .
ReplyDeleteတော်တော်သွားရေ ကျသွားတယ် ဂဏန်းကိုအစားချင်ဆုံးဘဲး)
နာလဲပါသဟ..မျှစ်ဆိုတော့လေ.. အပေါ် မဒမ်ကိုးကတော့ မစားရလို့သရေတွေ ကျနေပါလား...
ReplyDeleteတရုတ်တွေ ဆိုတော. ရှယ်ကိုကျွေးမှာဘဲနော် အစ်ကို။
ReplyDeleteစားစရာတွေက ရှယ်တွေကြီးပဲ ဓာတ်ပုံရိုက်ထားတာကလည်း ကောင်းတော့ ပိုပြီးစားချင်သဖွယ်ဖြစ်တယ် ။
ReplyDeleteစားစရာတွေကတော့ ရှယ်တွေပဲနော်
ReplyDeleteစားစရာတွေကို လာငေး သွားပါတယ်..
ReplyDelete