စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, January 3, 2012

အသက် ၉၉ နှစ်ရောက်မှ ကွာရှင်းတဲ့ အဖိုး


          အန်တိုနီယို စီ လို့ ခေါ်တဲ့ အီတလီနိုင်ငံက အသက် ၉၉ နှစ်ရှိပြီဖြစ်တဲ့ အဖိုးအိုကတော့ ပြီးခဲ့တဲ့ ခရစ်စမတ်မတိုင်ခင်က သူ့မိန်းမဖြစ်သူ အသက် ၇၇ နှစ်ရှိတဲ့ ရိုဆာ စီ ဆိုသူကို တရားရုံးဦးတိုက်ပြီး ကွာရှင်းခဲ့ပါသတဲ့။  ကွာရှင်းရတဲ့ အကြောင်းကတော့ သူ့မိန်းမဖြစ်သူဟာ ၁၉၄၀ ၀န်းကျင်တုန်းက သူမရဲ့ချစ်သူနဲ့ ဖောက်ပြန်ခဲ့လို့ပါတဲ့။  ဒီအကြောင်းကို ရေးထားတဲ့ စာကလေးကို အဖိုးကြီးကတွေ့သွားပြီး တရားရုံးကို ပို့တာဖြစ်ပါတယ်။ 
          ခုတော့ ဒီလင်မယားဟာ နှစ်ပေါင်း ၈၀လောက် တွဲလက်မြဲခဲ့တဲ့ နေ့ရက်လေးတွေကို ဖြုတ်ဖို့ ပြင်ဆင်နေပါတယ်။  သူတို့မှာ သားသမီး ၅ ယောက်ရှိပြီး မြေးပေါင်း ဒါဇင်ကျော်ရှိကာ မြစ်တစ်ယောက်ပါ ရနေပြီဖြစ်ပါတယ်။  ဒီလို ဖောက်ပြန်တဲ့ စာတစ်စောင်ကို တွေ့ပြီးကထည်းက အိမ်ထောင်ရေးဟာ မသာမယာ ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ၁၀ နှစ်လောက်ကထည်းက အဖိုးအိုဟာ ရောမမြို့မှာ ရှိတဲ့ သူတို့ အိမ်ကလေးကနေပြီးတော့ သူ့သားသမီးတွေဆီကို ပြောင်းနေခဲ့တာပါ။
          အဖိုးအိုဟာ ဇနီးဖြစ်သူကို ၁၉၃၀ ၀န်းကျင်တုန်းက အီတလီနိုင်ငံ နေပယ်မြို့ကလေးမှာ စတင်တွေ့ရှိခဲ့ပြီး အဲ့ဒီကနေစပြီးတော့ လက်တွဲခဲ့ကြတာပါတဲ့။  ဒါဟာ သမိုင်းမှတော့ အသက်အကြီးဆုံး ကွာရှင်းမှု့ပဲဖြစ်ပါတယ်။  ဒီမတိုင်ခင်ကတော့ အသက်အကြီးဆုံးကွာရှင်းတဲ့အမှု့ဟာ အင်္ဂလန်နိုင်ငံက ဘာတီ နဲ့ ဂျက်စီ ၀ုဒ် တို့အတွဲဖြစ်ပြီး သူတို့ဟာ နှစ်ယောက်စလုံး အသက် ၉၈ နှစ်အရောက်မှာ ကွာရှင်းခဲ့တာဖြစ်ပါတယ်။
          သြော်.. အိမ်ထောင်ရေးဖောက်ပြန်တော့လည်း ဒီလို အဖြစ်အပျက်တွေဟာ အရိပ်မည်းကြီးလိုပဲ ဘ၀တစ်လျှောက်လုံး လိုက်နေတာပါပဲ။

Source : (Link)

11 comments:

  1. အယ် မှားပါတယ်း)

    ReplyDelete
  2. ထူးဆန်းလှပါတယ်။ မှတ်သားစရာတစ်ခုဘဲ အစ်ကိုရေ။

    ReplyDelete
  3. ဘာမှမဟုတ်ဝူး...အသစ်ကလေးတွေ့နေလို့အကြောင်းရှာကွာတာနေမှာ...:)

    ReplyDelete
  4. ထူးဆန်းလိုက်တာဟယ်
    မှတ်သားလောက်ပါတယ်

    ReplyDelete
  5. ဟိုက်....ထူးဆန်းပါပေ့..။

    ReplyDelete
  6. ပာပာပာ..ကြားရတာစိတ်ချမ်းသာတယ်

    ReplyDelete
  7. မိန်းမဖြစ်သူကမှ အသက် ၇၇ နှစ်...
    လက်တွဲခဲ့တဲ့နှစ်ပေါင်းက ၈၀ ဆိုတော့...
    အင်း ဦးနှောက်တောင်စားသွားပြီ ဒုက္ခေါ......

    ReplyDelete
  8. သြော် နှလုံးသားက လူအိုပေမယ့် နုပျိုနေတုန်းမို့ သဝန်တိုမိတာထင်ပါရဲ့လေ


    မောင်ဘကြိုင်

    ReplyDelete
  9. လူတွေရဲ့ အတ္တလား
    အချစ်ကြီးတာလား
    သဝန်တိုတာလား
    မခွဲခြားတတ်တော့ပါဘူး
    အိမ်ထောင်ရေးဖောက်ပြန်မှုက ကြောက်ဖို့ကောင်းပါတယ်။
    ကို AH ရေ နှစ်သစ်မှာ ပျော်ရွှင်ပါစေ
    နေ့ရက်တိုင်းကို မဟေသီနဲ့ ပျော်ပျော်ပါးပါး ဖြတ်သန်းနိုင်ပါစေနော်

    ReplyDelete
  10. မုန့်ကိုသာ ဝေစားနိုင်မယ်
    အချစ်ကို မဝေစားနိုင်ဘူးဆိုတာ ဒါမျိုးပေါ့...

    ReplyDelete
  11. ​ကောင်းတာ​ပေါ့

    ReplyDelete