စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, February 20, 2012

နှင်းခဲထဲမှာ ၂ လ ပိတ်မိနေတာတောင် အသက်ဆက်နိုင်ခဲ့တဲ့ ကိုသက်ပြင်း


          ရေအသက် တစ်မနက်၊ ထမင်း အသက် ၇ ရက်ဆိုပြီးတော့ ကြားဖူးကြမှာပါ။  ခုတော့ ဟောဒီကိုယ်တော်ချောက နှင်းတောထဲမှာ ကားကို နှင်းတွေပိလို့ ကားထဲမှာ ပိတ်မိနေတာ ၂ လကျော်ကြာပါသတဲ့။  ဒီလို အချိန်မှာ သူ့မှာ စားစရာ ဗလာနထ္တိနဲ့ နှင်းတွေသာ စားခဲ့ရတယ်လို့ ဆိုပါတယ်။  ပြီးခဲ့တဲ့ သောကြာနေ့ မှာတော့ ဆွီဒင်နိုင်ငံတောင်ပိုင်းမှာ အဆိုပါ ကားထဲမှာ ပိတ်မိနေတဲ့လူကို တွေ့ခဲ့တာပါ။  အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ ထိုသူဟာ ကယ်ဆယ်တဲ့ အချိန်မှာတော့ စကားတောင် ယဲ့ယဲ့ပဲ ပြောနိုင်တော့တယ်လို့ ဆိုပါတယ်။  အဲ့ဒီအချိန်မှာ ပတ်ဝန်းကျင် အပူချိန်က - ၃၀ ဒီဂရီ စဲစီရက်စ် ပဲ ရှိပါတယ်။  သူ့ကိုတော့ နှင်းတွေ ဖယ်တဲ့ ကားမောင်းသမားတွေက တွေ့ခဲ့တာဖြစ်ပြီး ကားရှေ့မှန်ကဖုံးနေတဲ့ နှင်းတွေကို ဖယ်လိုက်တဲ့ အခါမှာတော့ အထဲမှာ သူ့ကို တွေ့ခဲ့တာဖြစ်ပါတယ်။ 
          “စားစရာကလည်းမရှိ၊ ခရစ်စမတ်အပြီးလောက်မှာ အေးတာကလည်း ခိုက်ခိုက်တုန်နေတဲ့ကြားထဲမှာ ဒီလို အသက်ရှင်နေနိုင်တာ အံသြစရာပါ” လို့ ကယ်ဆယ်ရေးသမား တစ်ယောက်က ပြောသွားပါသေးတယ်။

          သူ့ကိုတော့ Umea University Hospital ကို တင်ပို့ပြီး ကုသပေးခဲ့ပါတယ်။  ခုတော့ စိတ်ချရတဲ့ အခြေအနေရောက်နေပါပြီ။  ဆေးရုံက ဆရာဝန်တွေကတော့ လူတစ်ယောက်ဟာ အစားအစာမရှိပဲ ၄ ပတ်လောက်အထိ အသက်ရှင်နေနိုင်ပါတယ်။  ခုလိုမျိုး နှင်းတွေသာ စားသောက်ရပြီး အသက်ရှင်နေနိုင်တာကတော့ ငြိမ်သက်မှု့ကြောင့်လည်း ပါမယ်ထင်ပါတယ်။
          “၀က်ဝံတွေ ဆောင်းခိုတဲ့အခါမှာ ဘာမှ မစားမသောက်တော့ပဲ အိပ်နေသလိုမျိုးပေါ့ လူတွေလည်း ဒါမျိုး လုပ်နိုင်မယ်ထင်ပါတယ်။  အဲ့ဒီအချိန်မှာ သူ့ရဲ့ ခန္ဓာကိုယ်အပူချိန်က ၃၁ ဒီဂရီ စဲလ်စီရက်စ်လောက်အထိ ရောက်အောင် ခန္ဓာကိုယ်က ထိန်းညှိပေးတဲ့အတွက် အပူစွမ်းအင်သိပ်မလိုတဲ့အခါမှာ သူ့ရဲ့ ခန္ဓာကိုယ်က စွမ်းအင်အများကြီးကို အသုံးချဖို့ မလိုအပ်တော့ဘူး” လို့ ဆေးရုံက ဆရာဝန်က ပြောသွားပါတယ်။
          ဘာဖြစ်လို့ ဒီလို တောထဲမှာ နှင်းခဲပိပြီး ကားထဲမှာ ပိတ်မိနေရတယ်ဆိုတဲ့ အကြောင်းကတော့ မသိရသေးပါဘူး။

Source : (Link)

2 comments:

  1. ဖတ်ရင်းနဲ့တောင်ချမ်းလာတယ် ဂျာရစ်ဆိုရင်တော့ချမ်းတာနဲ့သေမှာ
    ရေချိုးပီးရင်တောင်ဘဲလိုဂတ်ဂတ်အော်နေရတာ

    ReplyDelete
  2. တော်တော် အသက်ပြင်းတာပဲနော်

    ReplyDelete