နာမည်အပေးကောင်းပုံက
Bu၊ Chu နဲ့ Fu ဆိုတဲ့ တရုတ် ၃ယောက်ဟာ အမေရိကန်နိုင်ငံကို
တရားမ၀င် ခိုးပြီး ၀င်ရောက်လာပါသတဲ့။ ဒီလိုနဲ့
အမေရိကရောက်ပြီဆိုတော့ တရုတ်နာမည်တွေနဲ့ နေလို့တော့ မဖြစ်ချေဘူး။ အင်္ဂလိပ်နာမည်ပေးကြမယ်ဆိုပြီးတော့ Bu က Buck ဆိုပြီး
နာမည်ပြောင်းလိုက်ပါတယ်။ Chu ကတော့ Chuck ဆိုပြီး
နာမည်ပြောင်းလိုက်ပါတယ်။ ဒါကို အားကျတဲ့
Fu တစ်ယောက်ကတော့ ဟိုနှစ်ယောက်နည်းတူ နာမည်ပြောင်းလိုက်တာ ပြန်အပို့ခံလိုက်ရပါလေရော။
သေချင်းဆိုး
ကောင်းကင်ဘုံတွင်ဖြစ်သည်။ ရောက်ရှိလာသူများ တစ်နေ့ထက် တစ်နေ့ များသထက် များများ
လာသည်။ ဒီလိုနှင့် အသေဆိုးနှင့် သေသောသူများကိုသာ
ဝင်ခွင့်ပေးရန် ဆုံးဖြတ်လိုက်သည်။
စိန့် ပီတာသည် ပုလဲမုဒ်ဝတွင် ရပ်ကာ ပထမလူကို
မေးသည် “မောင်မင်း ဘယ်နည်းနဲက သေသလဲ”
ပထမလူ - ကျွန်တော့်
ဖြစ်ပုံက အတော်ဆိုးဝါးလှပါတယ်ဗျာ။ ကျွန်တော့်
မိန်းမက လင်ငယ်နေသဗျ။ ဒါနဲ့ တစ်နေ့တော့ လက်ပူးလက်ကျပ်ဖမ်းမယ်ဆိုပြီး
အိမ်ကို ပြန်၊ တစ်အိမ်လုံး မွှေနှောက်ရှာပေမယ့် အဲ့ဒီ ငနဲသားကို ရှာလို့ကို မတွေ့တာ။ ဒါနဲ့ ကျွန်တော်လည်း ကျွန်တော်နေတဲ့ ၂၅ထပ်က ၀ရံတာကို
ထွက်သွားတော့ လားလား ငနဲက ၀ရံတာအစွန်းလေးကို လက်နဲ့ တွဲလောင်း ခိုနေသကိုး။ ဒါနဲက ကျွန်တော်လည်း အိမ်ထဲကို ပြန်ဝင်၊ တူတစ်လက်
ယူပြီးတော့ ငနဲ့ရဲ့ လက်ကို ထုတော့တာပဲ။ ငနဲလည်း
ပြုတ်ကျသွားပြီး ခြုံပုတ်ပေါ်သွားတင်နေသဗျ။
ဒါနဲ့ ကျွန်တော်လည်း မကျေနပ်သေးဘဲ ရေခဲသေတ္တာကြီး သွားမလာပြီး အဲ့ဒီ ငနဲပေါ်ပစ်ချလိုက်တယ်။ ဒီလို ဒေါသ တကြီးနဲ့ လျှောက်လုပ်ရင်း နှလုံး ရောဂါ
ရပြီး သေတာပါပဲ” ။ စိန့်ပီတာလည်း သြော်… ဒီ သူငယ် တော်တော် အသေ ဆိုးရှာသကိုးဆိုပြီး
ဝင်ခွင့်ပေးလိုက်ပါတယ်။
ဒါနဲ့ ဒုတိယလူကို ထပ်မေးပါတယ်။
ဒုတိယလူ
- ကျွန်တော့် ဖြစ်ပုံက တော်တော့်ကို ဆိုးဝါးလှပါတယ်ဗျာ။ ကျွန်တော်နေတဲ့ ၁၆ ထပ်က ၀ရံတာကို ထွက်ပြီးတော့ အေရိုးဗစ်
ကစားနေတုန်း ခြေချော်ပြီးတော့ ပြုတ်ကျသွားတယ်။
ကံကောင်းချင်တော့ အောက်ထပ်က ၀ရံတာလေးကို လက်လှမ်းဆုပ်မိပါတယ်။ အဲ့ဒီအချိန်မှာ စက်ပြင်ဆရာတစ်ယောက်ထွက်လာပြီး ဘာမပြော
ညာမပြောနဲ့ ကျွန်တော့်လက်ကို တူနဲ့ ထုပါတယ်။
ဒီလိုနဲ့ ကျွန်တော်ပြုတ်ကျသွားတာ ကံကောင်းချင်တော့ ခြုံပုတ်ပေါ်ကျသွားပါလေရော။ ဒါပေမယ့် ဟို ငနဲ့က ရေခဲသေတ္တာကြီးကို ကျွန်တော့်
ကိုယ်ပေါ် ပစ်ချလိုက်တာကနေပြီးတော့ ဟောဒီ ဘ၀ ရောက်လာတာပါဗျာ” လို့ ဆိုလေသတဲ့။
စိန့်ပီတာလည်း သြော်… ကျွတ် ကျွတ် ကျွတ်…
သနားစရာ မောင်ရင်ပါလား။ ကဲ ကဲ အထဲကို ၀င်။ ကဲ ဟို တတိယတစ်ယောက်။
တတိယ လူ
- အိုကေ။ ဖြစ်ပုံကဒီလို၊ ကျွန်တော်လည်း အ၀တ်အစားမရှိ၊
ရေခဲသေတ္တာထဲ ၀င်ပုန်းနေတုန်း………….”
သေချာချင်လို့
တောကြီးမျက်မည်းထဲတွင်ဖြစ်သည်။ အမဲလိုက် မုဆိုးနှစ်ယောက် လမ်းပျောက်နေသည်။ ရုတ်တရက် တစ်ယောက် လဲကျသွားပြီး အသက်လည်း မရှု၊ မျက်တောင်လည်း
မခတ်တော့ချေ။ ကျန်တစ်ယောက်လည်း ဟန်းဖုန်းကို
ထုတ်ကာ အရေးပေါ်ဋ္ဌာနကို လှမ်းပြီး ဖုန်းဆက်လိုက်သည်။
“ကျွန်တော့်
သူငယ်ချင်း ရုတ်တရက် သေသွားလို့၊ ကျွန်တော် ဘယ်လို လုပ်ရမလဲ?”
“စိတ်အေးအေးထားပါ၊
ကျွန်တော်တို့ ကူညီနိုင်ပါတယ်။ ပထမဆုံး ခင်ဗျားသူငယ်ချင်း
သေတာ သေချာရဲ့လား”
ဖုန်းထဲမှ
အသံ ခဏ တိတ်သွားသည်။ ထို့နောက် သေနတ်သံတစ်ချက်
ကြားရသည်။ ထို့နောက် “အင်း… သေချာပြီ။ ပြီးတော့ရော”
၃၅ နှစ် သံယောဇဉ်
ဂေါက်ကွင်းတစ်ခုတွင်ဖြစ်သည်။ ကိုဘမောင်နှင့် သူ့သူငယ်ချင်း ဂေါက်ရိုက်နေကြသည်။ ကိုဘမောင် ဂေါက်ရိုက်ရန် လွှဲလိုက်ချိန်တွင် ဂေါက်ကွင်းဘေးမှ
အသုဘ ချသွားသော လူအုပ်ကိုတွေ့လိုက်သည်။ ကိုဘမောင်
ဦးထုပ်ကို ချွတ်လိုက်သည်။ မျက်စိကို မှိတ်လိုက်ကာ
လက်နှစ်ဘက်ကို ဆုပ်လိုက်ကာ ဆုတောင်းလိုက်သည်။
“ကိုဘမောင်၊
ခင်ဗျား တကယ့်ကို စိတ်နှလုံး နူးညံတဲ့လူပဲဗျာ။
ကျွန်တော့် တစ်သက်မှ တစ်ခါမှ မမြင်ဖူးဘူး” ဟု ကိုဘမောင် သူငယ်ချင်းမှပြောလေသည်။
ကိုဘမောင်
- “အင်း ကျွန်တော်လည်း သူနဲ့ ၃၅ နှစ်ကြာ လက်ထပ်ခဲ့တဲ့ သံယောဇဉ်လေး ရှိတာကိုး”
နင်းဖို့
သား - “ဖေဖေ၊
ဘဲတွေက ဘာဖြစ်လို့ ခြေထောက်တွဲနေရတာလဲဟင်?”
အဖေ - “မီးလောင်ရင် အဲ့ဒီခြေပြားတွေနဲ့ နင်းပြီး မီးသတ်လို့ရတာပေါ့”
သား - “ဖေဖေ၊
အဲ့ဒါဆိုရင် ဆင်တွေကတော့ ဘာဖြစ်လို့ ခြေထောက် ပြားနေရတာလဲဟင်”
အဖေ - “မီးလောင်နေတဲ့
ဘဲတွေကို နင်းသတ်ဖို့”
ဟားဟားဟားဟား
ReplyDeleteနဲ့ကိုအားရပါးရရယ်သွားပါတယ်
စိတ်ကိုလန်းသွားတာဘဲ ကျေးဇူးပါဘဲ အစ်ကို
ReplyDeleteိအရမ်းကိုကြိုက်ပါတယ်.....
ReplyDeleteကျေးဇူးပါနော်......
အရမ်း အရမ်း ရယ်ရပါသည်။ နောက်လည်းများများရေးနိုင်ပါစေနော်.......
ReplyDelete