စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, February 16, 2012

ဘေဂျင်းက Hello Kitty စားသောက်ဆိုင်


          တရုတ်နိုင်ငံ ဘေဂျင်းမြို့က Sanlitun Village မှာတော့ Hello Kitty စားသောက်ဆိုင်ဖွင့်လှစ်လိုက်ပါသတဲ့။  ထူးထူးခြားခြား တစ်ဆိုင်လုံးကို ဟဲလို ကစ်တီ ကြောင်ရုပ်ကလေးတွေနဲ့ အလှဆင်ထားပါတယ်။  ဒီဇင်ဘာ ၂၃ ရက်နေ့က ဖွင့်လှစ်လိုက်တဲ့ ဒီဆိုင်ကလေးမှာတော့ လူတစ်ယောက်စားသောက်မယ်ဆိုရင် ယွမ်ငွေ ၁၆၀ (၂၅ ဒေါ်လာ) လောက်ကျသင့်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။  

ဆိုင်မှာ လူကျနေလို့ ထိုင်စောင့်ရမယ်ဆိုရင်တောင် အရုပ်ကလေးပိုက်ပြီး စောင့်နေပေါ့.....





စားပွဲထိုးတွေကလည်း Hello Kitty ၀တ်စုံလေးတွေနဲ့....

Hello Kitty ဘူးလေးတွေ.....



ဟောဒီလို ထမင်းလည်းစားရင်း အမှတ်တရလည်း ဓာတ်ပုံရိုက်လို့ရပါသတဲ့....


ချစ်စဖွယ် အပြင်အဆင်.......


အစားသာ ဖြောင့်အောင်စား၊  ကလေးတွေကို ဟောဒီလို ထိန်းပေးမယ့်လူရှိသဗျ.... :)





ဟောဒါကတော့ YouTube က စားသောက်ဆိုင်အကြောင်း သတင်းလေးပါ ခင်ဗျား...

လူတွေများနော်... ပိုက်ဆံဘယ်လို နှိုက်ယူရမလဲ ဆိုတာကို အမျိုးမျိုးတွေးပြီးတော့ အမျိုးမျိုး ထွင်နိုင်ပ.....  

Source : (Link 1, Link 2, Link 3)




7 comments:

  1. သွားစားကြရအာင်
    များတို့စုံတွဲတွေ တူတူသွားကြတာပေါ့နော်

    ReplyDelete
  2. မိုက်လှချည့်လား..ဆိုးဘူးဟ..
    စကားမစပ် ပိုနေတာတွေကို ပြန်ထုပ်လို့ ရလား..တစ်ချို့ တစ်ချို့ တွေလိုပေါ့ :D

    ReplyDelete
  3. Hello Kitty ကြိုက်တယ်.. ချစ်စရာ ကောင်းလိုက်တာ..

    ReplyDelete
  4. သြော်.. ကိုရွှေတရုတ်တို့ကလည်း အမျိုးမျိုးနော်.. တခါက အိမ်သာခွက်တွေ... အိမ်သာပုံစံတွေနဲ့ စားသောက်ဆိုင်လည်း ၀တို့ပဲထင်ပါရဲ့..း))

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  5. ဂါးဖီးဆိုင်ရှာပေးပါကိုအားထောင်
    မရှိရင်မဒမ်အားထောင်နဲ့ဆိုင်ဖွင့်ပါ လာအားပေးမယ် တနေကုန်မပြန်ဘူးး))

    ခင်တဲ့

    ဂျာရစ်

    ReplyDelete
  6. ကလေးတောင် ပြန်ဖြစ်သွားချင်တယ်...:):)

    ReplyDelete