စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, April 20, 2012

လျှက်ကြဦးမလား နံရံကပ် ကွတ်ကီများ


          ဒါကတော့ Mischief PR နဲ့ McVite တို့ ပူးပေါင်းတီထွင်လိုက်တဲ့ လျှက်ချင်စရာ နံရံကပ် ကွတ်ကီများဖြစ်ပါသတဲ့။  ကျွန်တော်တို့ ကလေးဘ၀က ချိုချဉ်လေးတွေကို လျှက်ချင်ကြသလိုမျိုး ဒီလို နံရံကပ်ကွတ်ကီတွေကို လျှာနဲ့ လျှက်လို့ရအောင် နံရံကပ် ကွတ်ကီများအဖြစ်တီထွင်လိုက်ပါသတဲ့။  ဒီနံရံကပ်ကွတ်ကီတွေကိုတော့ လန်ဒန်မြို့က Engine လို့ခေါ်တဲ့ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုရဲ့ ဓာတ်လှေကားထဲမှာ အလှဆင်ထားပါသတဲ့။
          ကွတ်ကီးပေါင်း ၁၃၂၅ ခုကပ်ထားတဲ့ ဒီနံရံက ကွတ်ကီးတွေကို ဓာတ်လှေကားစီးရင်း လျှက်လိုက်ရင် ကောင်းကင်ဘုံရောက်သွားသလို ခံစားရမှာ ဖြစ်ပါသတဲ့။

  ဒီတော့ သူများလျှက်ပြီးသားကြီး လျှက်မိရင် ဘယ်လိုလုပ်မလဲဆိုပြီး ပူပန်မနေကြပါနဲ့။  လျှက်ပြီးသား ကွတ်ကီတွေကိုတော့ ဓာတ်လှေကားစောင့်တစ်ယောက်က လျှက်ပြီးပြီးခြင်း အသစ်လဲလှယ်ပေးလို့ စိတ်ချလက်ချ လျှက်နိုင်ပါသတဲ့။  

ကဲ.... အင်္ဂလန်မှာနေတဲ့ ကိုမောင်မောင်(ပန်းရနံ) တို့လို ဘလော့ဂ်ဂါတွေလည်း စိတ်ဝင်စားလို့၊ လမ်းကြုံရင် သွားရောက်လျှက်နိုင်ပါကြောင်းနှင့် လိပ်စာကို ဟောဒီမှာ ကြည့်ရှု့နိုင်ပါကြောင်း သတင်းကောင်းပေးပါရစေခင်ဗျာ။

Source : (Link)

8 comments:

  1. မလျှက်ဝံ့ပေါင် ၀မ်းနှုတ်ဆေးခပ်ထားရင်သွားပါဘီး))

    ReplyDelete
  2. ခွါစားလို့ ရ၀ူးလားဗျာ

    ReplyDelete
  3. ကြံကြံဖန်ဖန်လုပ်ပဲလုပ်တတ်ပါတယ် အင်း ကိုကိုမောင်များသွားမလားပဲ

    ReplyDelete
  4.း)... လျက်ရုံပဲလား.. မစားရဘူးလား...း))

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  5. ဟဟဟ ... ကြံကြံဖန်ဖန်..
    မလျှက်ချင်ဘူး.. ခွာစားချင်တယ် အဲ့လိုရောရလား :D :P

    ReplyDelete
  6. ဒါလည်း ထူးဆန်းအံ့သြစရာထဲမှာပါတယ် မောင်အောင်ထွဋ်ရေး)
    တဂျီးမင်းကိုမေးကြည့်ရမယ် အဲဒီဆက်သွယ်ရေးကုမ္ပဏီကို ရောက်ဖူးသလားလို့း))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. ကိုကိုမောင်(ပန်းရနံ့)April 20, 2012 at 4:58 PM

    နီးနီးလေးမှာ ရှိနေတာဘဲ။ မသိလိုက်ဖူး။ အနံ့ခံ မကောင်းတာလဲ ပါတာပေါ့လေ။း)
    မောင်အွန်ထောင်တို့ကမှ အဝေးကြီးမှာ နေပြီး အရင်သိသေးတယ်။း)))

    သွားဖြစ်ရင်တော့ ကော်ဖီလေးပါ တစ်ခါထဲ ဖျော်ယူသွားမှ။
    အင်း... ပြောတာပြောရတယ်။ ဓါတ်လှေခါးထဲမှာ အာပုပ်စော်တွေ အတော်လေးနံစော်နေလောက်ပြီ။

    ReplyDelete
  8. ကြံကြံဖန်ဖန်ပဲနော်။ သူကြီးမင်းမသိလိုက်တာ နာတာပဲ ဟိ

    ReplyDelete