စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, May 17, 2012

ချစ်သက်လျှာအတွက် အသက်ပေးကာ ချစ်မလေ


          မြင့်မိုရ်တောင်ကြီး ဇီးစေ့လောက်ဖြစ်သွားမယ်ပြောပြော၊ ခင့်အတွက် ဓူဝံကြယ်ဆွတ်ယူပေမယ်ဆိုဆို ချစ်စခင်စ ရူးရူးမိုက်မိုက် လုပ်တတ်ကြတာကတော့ လူငယ်သဘာဝပေါ့လေ။  ရှင်ကျွန်မကို ချစ်ရင် ဟိုဟာလုပ်ပြ ဒီဟာလုပ်ပြလို့ တောင်းဆိုတတ်ကြတဲ့ ချစ်သူမိန်းကလေးတွေရှိသလို၊ အချစ်အတွက်ဆို အသက်ပင်သေသေဆိုသလို ချစ်သူခိုင်းသမျှ လိုက်လုပ်ကြတဲ့ ယောက်ျားလေးများလည်း ရှိသပေါ့။ 
          တရုတ်နိုင်ငံမှာတော့ အသက် ၂၃ နှစ်ရှိတဲ့ ကျန်းဆိုတဲ့ ကောင်ကလေးဟာတော့ ချစ်သူ ကောင်မလေးအတွက် ချစ်သက်သေပြဖို့ ရေထဲကို ခုန်ဆင်းရင်း အသက်ပါပေးလိုက်ရပါတယ်။  သူ့ကောင်မလေး ကျိုးဟွမ်နဲ့ စကားများရင်းကနေ ကောင်မလေးက ချစ်သူကောင်ကလေး သူ့အပေါ် ဘယ်လောက်ချစ်သလဲ ဆိုတာသိချင်တာနဲ့ မြစ်ထဲကို ခုန်ဆင်းလိုက်ပါသတဲ့။  ချစ်သူကောင်လေးကလည်း ကောင်မလေးကို ကယ်ဖို့ ရေထဲကို လိုက်ပြီးတော့ ခုန်ချပါတယ်။  သို့ပေမယ့် ကောင်လေးက ရေမကူးတတ်တာပါ။  “ကျွန်မ သူရေမကူးတတ်ဘူးဆိုတာကို သိပါတယ်။  ဒါပေမယ့် ကျွန်မကို သူတစ်ကယ် ဂရုစိုက်မစိုက်သိချင်တာရော၊ သူ့ကို လန့်သွားစေဖို့ ရေထဲကို ခုန်ချလိုက်တာပါ”လို့ တက္ကသိုလ်ကျောင်းသူ ကောင်မလေးက ဆိုပါသတဲ့ ဆိုပါတယ်။
          ရလဒ်ကတော့ လမ်းသွားလမ်းလာတွေက ၀င်ပြီးတော့ ကူညီဆယ်ပေးရင်းနဲ့ ကောင်မလေးကို တော့ ရေထဲကနေ ဆယ်ယူပေးနိုင်ပါတယ်။  ကောင်လေးကတော့ နာရီအတော်ကြာပြီး ကယ်ဆယ်ရေးတွေ ရောက်လာတော့မှ ဆယ်လို့ရတဲ့အတွက် သေဆုံးသွားပါသတဲ့။   ကဲ.. ကိုကိုမမတို့ရေ… အချစ်စမ်းချင်ရင်လည်း တစ်ခြားနည်းနဲ့ စမ်းကြပါလို့သာ တိုက်တွန်းပါရစေ။  မဟုတ်ရင်တော့ ဘ၀တွေ စောစောစီးစီး လောကကြီးထဲက ထွက်သွားလို့ မွေးသမိခင်၊ မွေးသဖခင် ကျေးဇူးရှင်တွေအတွက် ရင်ထုမနာဖြစ်ရသလို၊ ငယ်ငယ်ရွယ်ရွယ်နဲ့ နှမျောစရာကောင်းလှပါတယ်။   လူတစ်ယောက်ဖြစ်ဖို့ရာဟာ လွယ်လှတယ်မဟုတ်ပါဘူး။  ဒီတော့ အချစ်ရူးချင်ရင်တော့ ရူးကြပါ၊ မိုက်တော့ မမိုက်ကြပါနဲ့လို့ တိုက်တွန်းလိုက်ပါရစေ ခင်ဗျာ။




Source : (Link)

6 comments:

  1. အချစ်---အချစ်----နောက်ဆုံးတော့ အသက်ပါဆုံးရပါလားကွယ်

    ReplyDelete
  2. ၁ ထု မှတ်ထားရမဲ
    ရေလယ်ခေါင် ရန်မဖျစ်ကျေး
    နော် နော့် အဟတ်

    ReplyDelete
  3. အဲဒါပဲ... ပြောကို မပြောချင်ဘူး... စမ်းစရာလား ဒါမျိုး...း(

    ReplyDelete
  4. လွန်တယ်ကွယ်...
    စမ်းစရာရှားလို့...
    မောင်မင်းကြီးသားကလည်း ချစ်တာကို ဒီပြင်နည်းနဲ့ သက်သေပြလိုက်ရမှာ..။ အခုတော့ သေကွဲကွဲရတဲ့အပြင်၊ မိန်းကလေးလည်း ဘ၀တလျှောက်လုံး စိတ္တဇကို ဖြစ်နေတော့မှာ..။

    ReplyDelete
  5. "အသက်ပေးပြီးချစ်တယ်"ဆိုတာကိုပုံပြင်ထဲမှာပဲကြားဖူးတာ.........
    ခုဟာကတကယ်ကြီးလား.......ဒါဆိုရင်တော့သနားစရာလေးပဲ.........
    ဒီလိုချစ်တဲ့ချစ်သူမျိုးတစ်ယောက်လောက်တော့လိုချင်တယ်...................
ံစံပြချစ်သူပေါ့......

    ReplyDelete