စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, February 21, 2012

ထူးထူးခြားခြား ကမ္ဘာ့မြေအောက်မှ ဆေးရုံ


          ဒီဆေးရုံကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဆေးရုံတွေနဲ့ မတူ၊ တစ်မူ ထူးဆန်းတဲ့ဆေးရုံဖြစ်ပါတယ်။  ထူးဆန်းဆို ကမ္ဘာ့မြေမျက်နှာပြင်ပေါ်မှာမဟုတ်ပဲ မြေအောက် မီတာ ၃၀၀ ရာကျော်အနက်မှာ ရှိတဲ့ ဆေးရုံဖြစ်ပါတယ်။  ဒီ Solotvyno’s Allergological Hospital ဟာ ယူကရိန်းနိုင်ငံမှာ တည်ရှိပြီးတော့ အရင်တုန်းကတော့ ဆားတွင်း အဟောင်းကြီးဖြစ်ပါသတဲ့။
          ဒီဆေးရုံကိုတော့ လေပြွန်ရောင်တာတို့၊ ပန်းနာရင်ကျပ်တို့၊ အသက်ရှုမ၀တာတို့စတဲ့ ရောဂါတွေအတွက် ကုသပေးပါသတဲ့။  ဆေးရုံကဆရာဝန်တွေကတော့ ဒီလို ဆားငွေ့တွေပါတဲ့အတွက် အနုဇီဝ ပိုးမွှားတွေကို သေစေနိုင်ပြီးတော့ အသက်ရှုလမ်းကြောင်းအတွက် ကောင်းမွန်စေတယ်လို့ ဆိုပေမယ့် အခြားဆရာဝန်တွေကတော့ ဒီအဆိုကို သိပ်ပြီးတော့ မထောက်ခံပါဘူး။


          သို့ပေမဲ့လည်း နှစ်စဉ် လူနာပေါင်း ၅၀၀၀ လောက်ကတော့ ဒီဆေးရုံမှာ လာရောက်ပြီး ကုသနေကြပါသတဲ့။  တစ်ခေါက်ကုသလျှင် လူနာ ၂၀၀ လောက်ကို ဆားငန် လေတွေရှိတဲ့ လှိုင်ဂူထဲမှာ နေ့လည် လောက်အထိ ဒါမှမဟုတ်ရင်တော့ တစ်ညအိပ်စေပါသတဲ့။  လူနာတွေရဲ့ သုံးပုံတစ်ပုံကတော့ ကလေးတွေဖြစ်ပါတယ်။  ကုထုံးကတော့ ၂၄ရက်ကြာမြင့်ပါသတဲ့။

          ဒီမှာ ဆေးကုသရင်တော့ သက်တောင့်သက်သာနဲ့ အေးအေးဆေးဆေးနေနိုင်ပေမယ့် အန္တရာယ်တော့ အနည်းငယ်ရှိတယ်လို့ ဆိုပါတယ်။  ဒီအတွက် ဆေးကုသနေတဲ့ အချိန်မှာ ကလေးငယ်လေးတွေဆိုရင် Safety ဦးထုပ်တွေ၊ လှိုင်ဂူ မျက်နှာကျက်တွေကနေ ယိုစိမ့်လာတဲ့ ရေတွေကို ကာကွယ်ပေးဖို့ ပလပ်စတစ်တွေနဲ့ ကာကွယ်ပေးထားပါသတဲ့။









          ကဲ…. ရင်ကျပ်ပန်းနာ၊ အသက်ရှုကျပ်၊ လေပြွန်ရောင်သူများလည်း သက်သာလို သက်သာငြား အဆိုပါ မြေအောက် ဆေးရုံလေးသို့ သွားရောက် စမ်းသပ်နိုင်ပါကြောင်း…..။  မှတ်ချက်။   ။ပျောက်မပျောက် အာမ မခံပါ။

Source : (Link)

5 comments:

  1. ကျေးဇူးတင်ပါတယ်အေ
    ဒါပေမယ့်မသွားတော့ပါဘူး
    ပြိုကျလို့ပိသေသွားမှပိုဆိုးနေမယ်း)))))

    ReplyDelete
  2. ဟုတ်ပါ့အေ
    သူကလဲအာမခံတာမဟုတ်ဘူးနော်
    ပြိုကျလိုက်ရင်တော့ ရင်ကျပ်ပန်းနာ၊ အသက်ရှုကျပ်၊ လေပြွန်ရောင်သူများမက
    ကျောက်တုန်းပိသူများပါကုသပါသည်ပေါ့နော်---
    ထူးထူးဆန်းဆန်းသတင်းလေးအတွက်ကျေးဇူးပါရှင်

    ReplyDelete
  3. အဲ့ဒီ့မှာ သွားကုတဲ့ သူတွေကို
    မေးကြည့်ချင်တယ် ..
    မကြောက်ဘူးလားလို့ .. :D


    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  4. တကယ်ပျောက်သလားသိချင်တယ်ဗျာ
    သူငယ်ချင်းလေးတစ်ယောက် နှာခေါင်းရောင်ပြီး အသက်ရှုကြပ်တတ်လို့
    လောလောဆယ်တော့ ဆေးခန်းဆေးရုံတော့ပြတယ် သောက်ဆေးနဲ့ စပရိန်းဆေးဗူးပေးလိုက်တယ်
    မကောင်းဖူးဖြစ်နေထှာာ
    နည်းလမ်းကောင်းလေးများသိရင် ညွှန်းပေးကြပါအုံး
    အကုန်ကျလည်းနည်းရင်ကောင်းတာပေါ့

    ReplyDelete
  5. မြေအောက် မီတာအနက် ၃၀၀ ကျော်ဆိုတော့ တော်တော်နက်တာပဲ..
    အိ... ပြိုကျမှာတောင် ကြောက်ရ..

    ReplyDelete