စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, May 19, 2012

ရွှေပြည်တော်ကြီး မဝေးတော့ပြီလား?




          ဒီနေ့ ၁၉ မေ ၂၀၁၂ စင်္ကာပူ သတင်းစာTHE STRAITS TIMES မှာ မြန်မာပြည်မှာ အဆင့်မြင့် အဆောက်အဦးဆောက်ဖို့အတွက် မြို့ပြ အင်ဂျင်နီယာ စီမံကိန်းအတွက် အလုပ်ခေါ်စာလေးကို မြန်မာခေါင်းစီးနဲ့ တွေ့ဖြစ်လိုက်ပါသေးတယ်။ 
          ဆိုလေတော့ အဝေးမြေရောက် ရွှေမြန်မာတို့ ပြည်တော်ပြန်ဖို့ရာ မဝေးတော့ပြီလားလို့တောင် တွေးမိပါသေးတယ်။  ခက်တာက အဆင့်မြင့်အဆောက် အဦးစီမံကိန်းနဲ့ပါတ်သတ်ပြီးတော့ နိုင်ငံတော်က ဘယ်နေရာတွေမှာဖြင့် ဘယ်နှစ်ခုနှစ်မှာ အဆင့်မြင့်အဆောက်အဦးတွေကို ဆောက်လုပ်မယ်။  ဘယ်နှစ်ခုနှစ်ကျရင် ပြီစီးပြီးတော့ ဘယ်မြို့နယ်က ဘယ်ရပ်ကွက်တွေကိုဖြင့် အဆင့်မြှင့်မယ်၊  အဆိုပါ အဆင့်မြှင့်မယ့် စီမံကိန်းတွေကို ဘယ်ကုမ္ပဏီတွေကဖြင့် ဘယ်ရပ်ကွက်မှာ စီမံကိန်း ဘယ်နှစ်ခု၊  ဟိုကုမ္ပဏီကတော့ဖြင့် ဘယ်ရပ်ကွက်မှာ စီမံကိန်းဘယ်နှစ်ခု ဆိုတဲ စီမံကိန်းကို ပြည်သူတွေကို ချမပြလေတော့ ဟော တစ်ရုံ၊ ဟော နှစ်ရုံ ဟိုတစ်ကွက် ဒီတစ်ကွက်နဲ့ ဆောက်ချင်တဲ့လူက ထထပြီး ဆောက်နေလေတော့ ဖိတ်ခေါ်သော်လည်း ခပ်လန့်လန့်ရယ်ဖြစ်နေသလားလို့ စဉ်းစားနေမိတယ်။
          အဲနောက်တစ်ခုတွေးမိတာက ဂရံကိစ္စနဲ့ပါတ်သတ်ပြီးတော့ ခုချိန်ထိ အကုန်လုံးက အီရော အီရော လုပ်နေကြတော့ တစ်ချိန်ချိန် တင်းကျပ်လိုက်တာနဲ့ နှာခေါင်းသွေးတွေထွက်ပြီး အိမ်ဈေးကွက်က ကမောက်ကမ ထဖြစ်ဦးမယ်ထင်တာပါပဲ။  ကန်ထရိုက်တိုက်တွေမှာ ၀ယ်နေကြတယ်ဆိုပေမယ့် မြေပိုင်မှာသာ ဂရံရှိလေတာမို့ အဆင့်မြင့်တိုက်တွေ ဆောက်ပြီဆိုရင် ရှိရင်းစွဲတိုက်တွေမှာ နေပြီးသူတွေနဲ့ ဘယ်ပုံ ဘယ်နည်း ဆက်ပြီး စခန်းသွားကြမယ် မသိ။  ၀ယ်ရောင်းစာချုပ်တွေကလည်း အိမ်ရှင်၊ အိမ်ငှားနှစ်ဦး သဘောတူပြီးရော Third Party အာမခံမျိုးလည်းမရှိ။  မြေပိုင်တွေကလည်း ဘိုးဘွားပိုင်လား၊ ဂရံလားဆိုတာကလည်း သေသေချာချာ မကွဲ၊  မဆလ ခေတ်တုန်းက ပြည်သူပိုင်သိမ်းလိုက်တဲ့မြေတွေက ဂရံတွေဖြစ်တဲ့မြေကဖြစ်ကုန်၊ တစ်လမ်းထဲ ဘေးချင်ကပ်ရပ်တောင်မှ ဟိုဘက်မြေက ဘိုးဘွားပိုင်၊ ဒီဘက်မြေက ဂရံမြေဖြစ်လိုဖြစ်ဆိုတော့ ဒါလေးတွေကို စနစ်တစ်ကျလေးလုပ်ပေးရင်တော့ အိမ် နဲ့ မြေကို မြို့ကြီးတွေမှာ ၀ယ်ယူခြင်းသည် ခိုင်မာသော ရင်းနှီမြှပ်နှံမှု့လို့ သတ်မှတ်နိုင်မပေါ့လေ။  ခုများတော့ လှုပ်လီလှုပ်လဲ့ဆိုတော့ ဘယ့်နှယ်ကိုလုပ်ရမှန်းမသိ။  မည်သို့ပင်ဆိုစေကာမူ အနည်းဆုံးတော့ စင်္ကာပူသတင်းစာတွေမှာ မြန်မာခေါင်းစီးနဲ့ ကြော်ငြာတွေတွေ့လာရလို့ ၀မ်းသာမိပါတယ်။  

6 comments:

  1. ဒါပေမယ် အဲဒါ မိုက်ကယ်မိုးမြင့် ကကြော်ငြာ့လိုပြောတယ်ဗျာ ။ ဆိုလိုဒါဟာ ပွင့်လင်းမြင်သာမူ မရှိသေးတာပေါ့ဗျာ ။ ခရိုးနီး ခရိုးနီး ခရိုးနီး

    ReplyDelete
  2. အင်း ဖြစ်ပါစေ လို့  ဆုတောင်း နေမိပါတယ် ဗျာ ... ။

    ReplyDelete
  3. သတင်းလေးအတွက်ကျေးဇူးပါရှင်

    ReplyDelete
  4. ဟန်ကြည်May 20, 2012 at 10:13 PM

    ကိုအောင်ထွဋ်ရေ...ကိုယ့်လူမျိုးအကြောင်း သိပြီးသားမို့ အထွေအထူးတော့ မပြောတော့ဘူးဗျို့...ဘာပဲဖြစ်ဖြစ် သူများတိုင်းပြည်လို့ အတိအကျမဟုတ်ဦးတောင် အပေါ်ယံလောက်လေး အယောင်ဆောင်နိုင်ရင်တောင် ကိုယ့်ပြည်သူပြည်သားတွေခမျာ ကျေနပ်ရမယ့် ဘ၀မဟုတ်လား...

    ReplyDelete
  5. ပင်နီဆူလားမှာ အေးဂျင့်ရှိပါတယ်..မြန်မာပြည်က ဆောက်လုပ်ရေးတွေ က စင်ကပူအတွေ့အကြုံရှိသူလိုချင်နေတာအခုမှ မဟုတ်ပါဘူး... အေးကျင့်ကနီးစပ်ရာ လက်တို့ခေါ်နေတာကြာပါပြီ...မရလို့ သတင်းစာထဲထည့်တာပါ...

    အပြောကတော့ စင်ကပူလစာနီးနီးပေးမယ်ပေါ့.....သူတို့ပြောတဲ့စင်ကပူလစာက စင်ကပူရောက်စ ရတဲ့ ၁၈၀၀ နီးနီးကိုပြောတာဖြစ်နေတယ်...ဒီလူတွေနားမလည်တာက အင်ဂျင်နီယာ တယောက် က စင်ကပူ ၃ နှစ်လောက်လုပ်ပြီးသွားရင် EPပြောင်းလျောက်ပြီး ၃၀၀၀လောက်အနည်းဆုံးရတယ်ဆိုတာပါပဲ....

    ဒီမှာ လုပ်နိုင်ကိုင်နိုင်လို့ အခြေကျတဲ့လူက မစဉ်းစားပါဘူး..

    ကျွန်တော်ပထမတော့စဉ်းစားတယ် ကို့တိုင်းပြည်နဲ့အကွဲမကွာနေရမှာပေါ့

    အေးဂျင့်ကိုမေးကြည့်တော့ ဟိုမှာ ကုန်ပနီ ၅ခုလောက်ကိုကလိုနေတာပါ့ အားလုံက ခရိုနီ ရယ် နိုင်ဂရုလို ကလား သထေးရယ်... တရုတ်သထေးတွေရယ်အောက်မှာလုပ်ရမှာပါ...

    ဒီလူတွေက ၀န်ထမ်းမပေါ်ဘယ်တော့မှကောင်းခဲ့တဲ့လူတွေမဟုတ်ပါဘူး...
    စဉ်းစားကြပါ...ပြန်လုပ်မယ့်ဆိုတဲ့သူတွေ

    ReplyDelete