စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, September 1, 2011

ကြော်ငြာထဲမှ ဟာသများ

စိန်လက်စွပ်ရောင်းရန်ရှိသည်

          ရွှေနှင့်ပြုလုပ်ထားသော စိန် ၁၈လုံး ပါသည့် လက်စွပ်တစ်ကွင်းရောင်းရန်ရှိသည်။  လက်စွပ်၏ တစ်ဖက်တစ်ချက်မှာ စိန် ၃လုံးကို ၃တန်းစီ စီထားသည်။  စိန်သုံးလုံးမှာ အလည်တစ်လုံးက ခပ်ကြီးကြီး။  ၀တ်ပြီးသား၊ အသစ်အတိုင်းရှိသည်၊ ၉ ရက်သာဝတ်ရသေးသည်။  ဒါကိုဝယ်လိုက်ရင် အိမ်ကဟာမကြီး ပါးစပ်ပိတ်မလားလို့ဝယ်လိုက်မိတာ။ ဒါပေမယ့် ဒီလက်စွပ်က ဒီဟာမကြီးပါးစပ်ကို မပိတ်နိုင်ဘူး။  ဒါကြောင့် ပြန်ရောင်းဖို့စီစဉ်တာ။  ခေါ်ဈေးက ၈၀၀ ဒေါ်လာ။
လိုချင်ရင် ဒီဖုန်းနံပါတ်ကို ဆက်သွယ်ပါ - xxxxxxxxx မနက် ၉နာရီမှ ည ၉နာရီအထိသာ။















ညာလို့ ကွာတယ် ဘာဖြစ်လဲ
          ၉/၁၁ ဝေါ်ထရိတ်စင်တာ အကြမ်းဖက်မှု့နဲ့ပါတ်သတ်ပြီးတော့ ပထမဆုံး ကွာရှင်းဖြစ်တဲ့ စုံတွဲအကြောင်းက ဒီလိုပါတဲ့။  ယောက်ျားဖြစ်သူဟာ WTC ကြီးရဲ့ ၁၀၃ထပ်မှာ အလုပ်လုပ်နေတာ။ စက်တင်ဘာ ၁၁ ရက်နေ့မှာတော့ ဒီသကောင့်သားဟာ ရုံးမတက်ဘဲနဲ့ သူ့ဇယားကလေးရဲ့ အခန်းထဲမှာ နှပ်နေပါသတဲ့။  ကံဆိုးချင်တော့ ဒီသကောင့်သားဟာ TV လဲမကြည့် ဖုန်းလဲ ပိတ်ထားလေသတဲ့။ 
          ဒီလိုနဲ့ မနက် ၁၁နာရီလောက်ကျတော့ ဖုန်းကို ကောက်ဖွင့်လိုက်ချိန်မှာဘဲ သူ့ ချစ်မယားလေးဆီက ဖုန်းက၀င်လာပါလေရော။
          ဇနီး “ရှင့် အခြေအနေဘယ်လိုလဲ၊ အခုရှင် ဘယ်မှလဲ” လို့ စိုးရိမ်တစ်ကြီးမေးသံကို ကြားလိုက်ရပါသတဲ့။
          အဲ့ဒီအချိန်မှာ ကံဆိုးသူမောင်ရှင်ပြန်ဖြေလိုက်ပုံက “ချစ်ရယ် မင်းဘာတွေပြောနေတာလဲ၊ ကိုရုံးမှာပေါ့ ချစ်ရဲ့” တဲ့။







ကားဆရာလိုရှိသည်
          စနေ၊တနင်္ဂနွေ ပိတ်ရက်များနှင့် ညပိုင်းအတွက်။ ကားကောင်းကောင်းမောင်းတက်ရမည်။  ရာဇ၀တ်မှု့ကျူးလွန်ထားသော အထောက်အထားပါရှိရမည်။








မြွေရောင်းရန်ရှိသည်။
          ၂ နှစ်သားအရွယ် စပါးကြီးမြွေတစ်ကောင်ရောင်းရန်ရှိသည်။  ဂါလံ ၅၀ ဆန့်သော ကန်ပါပေးမည်။  ဘာဖြစ်လို့ရောင်းရသလဲဆိုတော့ ကျွန်တော့ အချစ်ဆုံးသူငယ်ချင်း စတိဗ်က သူ့နားမှာ ဒီကောင်ကြီး ရှိနေရင် မိန်းကလေးလို ခြေဆောင့်ဆောင့်ပြီးငိုနေလို့။









U.N ကနေပြီးတော့ စစ်တမ်းတစ်ခုကောက်ယူပါသတဲ့
မေးခွန်းကတော့ “ကျေးဇူးပြုပြီး ကမ္ဘာ့ကျန်တဲ့နေရာတွေမှာ  စားနပ်ရိက္ခာရှားပါးနေမှု့အပေါ် သင့်ရဲ့ ထင်မြင်ချက် ကို ရေးပါ” တဲ့
အဲ့ဒီမေးခွန်းအတွက် အဖြေမရှိပါဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့
အာဖရိကနိုင်ငံတွေက “စားနပ်ရိက္ခာ” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို မသိလို့ပါတဲ့။
ဥရောပ အနောက်နိုင်ငံတွေက “ရှားပါမှု့” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို နားမလည်ပါဘူးတဲ့။
အရှေဥရောပနိုင်ငံတွေကတော့ “ထင်မြင်ချက်” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို နားမလည်ပါဘူးတဲ့။
တောင်အမေရိကနိုင်ငံတွေကတော့ “ကျေးဇူးပြုပြီး” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို မသိပါဘူးတဲ့။
အမေရိကန်နိုင်ငံကတော့ “ကမ္ဘာ့ကျန်တဲ့နေရာတွေ” ဆိုတဲ့ အဓိပ္ပာယ်ကို နားမလည်လို့ပါတဲ့။


ရွှေဒါလင်ကတွေ့လို ထပ်မံရှဲပေးလိုက်ပါသည်။ ခရက်ဒစ်ကတော့ အောက်မှာပေးထားပါသည်။



ဒါလဲ ရွှေဒါလင်ကတွေ့တာပါ။ ကြိုက်လို့ ပြန်ရှဲလိုက်ပါသည်။ ခရက်ဒစ်ကတော့ အောက်မှ ပေးထားပါသည်။



Source : 123

2 comments:

  1. စိန်လက်စွပ်ရောင်းရန်ကြောငြာနဲ့ ... ကားဆရာအလိုရှိသည် ကြောငြာတွေ ရီရတယ်...။

    ReplyDelete
  2. မြန်မာနိုင်ငံက မီး ကတော့ ဘယ်နေရာဖြစ်ဖြစ် ထုံးစံအတိုင်းပဲ ဖြစ်မယ်ထင်တယ်....။

    ReplyDelete