စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, May 21, 2012

လုပ်ကြဦးမလား ပလက်စတစ် ဆာဂျရီ


          ဟိုရက်က အလုပ်ထဲက တောင်ကိုရီးယားတစ်ယောက်နဲ့ စကားစမြည်ပြောဖြစ်ပါသေးတယ်။  ပြောရင်းနဲ့ Plastic Surgery အကြောင်းစကားစပ်မိပါတယ်။  သူတို့ဆီမှာတော့ အထူးသဖြင့် မိန်းကလေး မျက်နှာကို အဓိကအားဖြင့် ခွဲစိတ်ကြကြောင်း၊ ဈေးလည်း အတော်ကြီးကြောင်း၊  များသောအားဖြင့် အထက်တန်းပြီးလို့ တက္ကသိုလ်မတက်ခင်အချိန်တွေမှာဆို ခွဲစိပ်မှု့ခံကြကြောင်း၊ ဈေးလည်း အမျိုးမျိုးရှိကြောင်း။  မျက်လုံးအတွက်တစ်ဈေး၊ နှာတံနဲ့ နှာခေါင်းအတွက်က တစ်ဈေး ကစလို့ မေးရိုးတွေဘာတွေပါ ပြင်လို့ရတယ်လို့ဆိုပါတယ်။  သူ့မိန်းမလည်း ပလက်စတစ် ဆာဂျရီလုပ်ထားတယ်လို့ဆိုပါတယ်။ သူကိုယ်တိုင်ကတော့ ပလက်ဆာဂျရီ လုပ်တာကို မကြိုက်ဘူးလို့ဆိုပါတယ်။  အဲ့… ထပ်ပြောလိုက်သေးတယ် သူက ချောပြီးသားဆိုတော့ လုပ်စရာမလိုဘူးတဲ့…  ရယ်ရယ်မောမောပေါ့လေ။  နောက်ပြီးတော့ သူမွေးထားတာ သားနှစ်ယောက်ဖြစ်လို့ တော်တော်ကံကောင်းတယ်တဲ့။  ပလက်စတစ် ဆာဂျရီတွေဘာတွေ ထူးပြီး လုပ်နေစရာမလိုတော့ပါဘူးတဲ့။  အဲ.. ပလက်စတစ် ဆာဂျရီလုပ်ရင်လည်း ဈေးကအမျိုးမျိုးရှိလေတော့ စိတ်ချရတဲ့နေရာမျိုးမှာ လုပ်မှကောင်းတယ်လို့ဆိုပါတယ်။  မဟုတ်ရင် လှချင်လို့ လုပ်လိုက်မိပါတယ်... နောက်ဆုံး ပြင်လည်းပြီးရော မျက်နှာက မထော်မလန်း ပြင်မရပြုမရနဲ့ တစ်သက်လုံး ယူကျုံးမရတဲ့ အဖြစ်မျိုးတွေလည်း ဖြစ်တတ်ပါသေးတယ်။
          တစ်ခုစဉ်းစားမိတာက ပလက်စတစ် ဆာဂျရီလုပ်လိုက်ရင် လှတစ်မျက်နှာ ယဉ်တစ်ကိုယ်လုံးဖြစ်သွားပေမယ့် ကိုယ့်ရဲ့ မျိုးရိုးဘီဇကို ပြောင်းလည်းလို့မရတာပါ။  ဒီတော့ သားသမီးတွေထွန်းကားလာတဲ့ အခါကျရင်တော့ ဟောဟို ဓာတ်ပုံထဲကို ဖြစ်နေပါလိမ့်မယ်။  မည်သို့ပင်ဆိုစေ ခေတ်ရေစီးကြောင်းက ပြောင်းလဲလာလေတော့ ပလက်စတစ် ဆာဂျရီတွေဘာတွေ လုပ်လာကြလေတော့ လုပ်ပါလို့လဲ မပြောလို၊ မလုပ်ပါနဲ့လို့လဲ မတိုက်တွန်းလိုပါဘူး။ သို့ပေမယ့် ကိုယ် ပလက်စတစ် ဆာဂျရီ လုပ်ထားကြောင်းကိုတော့ အိမ်ထောင်ဖက်ကို ကြိုတင်ပြီးတော့ အသိပေးထားရင် ပိုကောင်းလိမ့်မယ်လို့ထင်ပါတယ်။  မဟုတ်လို့ သား၊ သမီး ရတနာလေးတွေ ထွန်းကားလာတော့မှ ဟင် ဘယ်ကဟာကြီးလဲဆိုပြီး လင် မယားနှစ်ယောက် စကားများနေကြပါဦးမယ်။  

Photo Source : (Link)

13 comments:

  1. အင်း.. ဒါလည်း တွေးစရာပဲ ဟိ
    ပလပ်စတစ်ဆာဂျရီကိုတော့ အားမပေးဘူး

    ReplyDelete
  2. စဉ်းစားနေတာ လုပ်မလားလို့ တိန်..
    လုပ်တော့ပါဘူး ဟီး..

    ReplyDelete
  3. နဂို အတိုင်းပဲကောင်းပါတယ်နော်

    ReplyDelete
  4. ရောက်တယ်အကိုရေ....။

    ဟိုးအောက်ဆုံးနားက စာကြောင်းလေးတွေကိုသဘောကျလှတယ်
    မွေးလာတဲ့ကလေးကြမှ ဘယ်လိုဟာကြီးလဲဟ ဆိုတာ တော်တော်လေးရယ်ရတယ်ဗျာ။

    ReplyDelete
  5. အင်း.. အရှိကို အရှိအတိုင်း ကျေနပ်ဖို့ လိုအပ်တယ်နော်...း))

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  6. အဲ့ဒီလိုနဲ့ ဆာဂျရီသံသရာတွေ လည်လို့ မဆုံးဖြစ်နေကြတော့မှာ...
    ပင်ကိုယ်အလှကို ချစ်မြတ်နိုးစိတ်တွေလည်း တဖြည်းဖြည်းပါးလျလာတော့မှာ...

    ReplyDelete
  7. လုပ်ပါဘူး.. တို့က နဂိုလှပြီးသားဆိုတော့လေး)
    အင်းလေ လုပ်စရာပိုက်ဆမှ မရှိတာ ဒီလိုဘဲ ပြောရတော့မှာပေါ့နော် :P

    ReplyDelete
  8. ပင်ကိုယ် အတိုင်းကောင်းတယ်လို့ သူမတော့ ထင်တယ်။ ဆာဂရီတော့ စိတ်မဝင်စားပေါင်

    ReplyDelete
  9. ပလပ်စတစ်တော့ မတတ်နိုင်ဘူး သယ်ရင်း။ ဂျွတ်ဂျွတ်အိတ် ဆာဂျရီလောက် လုပ်ရင်ကောင်းမလားလို့။ မိုးလုံတာပေါ့ ... :)

    ReplyDelete
  10. သဘာဝ အတိုင်းလေးပဲ ကောင်းပါတယ် ..

    ဆောင်းနှင်း သူငယ်ချင်း တစ်ယောက်တောင်
    မျက်ခုံးမွေး ပါးလို့ ဆိုပြီး လေဆာ နဲ့ အတု ဆွဲလိုက်တာ
    ဆွဲလည်း ပြီးရော သူလည်း မကြိုက်ဘူး ..
    (လုပ်ပေးတဲ့ သူ မကျွမ်းကျင်တာပဲလား တော့ မသိဘူး))
    ကြည့်ရတာလည်း အရုပ်မ ကို ဆွဲထားသလိုပဲ .. (သူလည်းသိတယ်) ..
    သနားတော့ သနားပါတယ် ..

    ဒီတော့ ဘာမှ မလုပ်တာ အကောင်းဆုံးပဲ ..

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  11. နဂိုအတိုင်းလေးပဲ ကောင်းပါတယ်..

    ReplyDelete
  12. ချောချင်တာကောင်းပါတယ်။ကိုယ့်ကိုကိုယ်ကြည် မှုပိုရှိတာပေါ့။ရုပ်ချော အပြောကောင်းဆိုတာ လူတိုင်းလိုချင်တဲ့ပုံစံပဲလေ။အပြောကောင်းချင်ကျင့်ယူလို့ရတယ်။ ရုပ်ချောချင်တာလုပ်ယူလို့မရဘူး။ခုလို ဆာဂျရီနည်းပညာနဲ့ပြောင်းယူလို့ရတော့ နေထိုငှ်ုဘဝအတွက်ပြည့်စုံသွားပြီ။

    ReplyDelete