စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, November 9, 2011

တရုတ်ဘိုးဘိုး ဘွားဘွားတွေရဲ့ လေဒီဂါဂါ


          Bad Romance ကို နားထောင်ဖူးကြမှာပါ။  လေဒီဂါဂါရဲ့ ကျော်ကြားလှတဲ့ သီချင်းတစ်ပုဒ်ပေါ့။  တရုတ်က ဟူနန် ရုပ်သံလိုင်းဟာ နာမည်ကြီးတဲ့ တီဗီလိုင်းကြီးတစ်ခုပါ။  အဲ့ဒီက ဖျော်ဖြေပွဲတွေဟာ လူကြိုက်များလှပါတယ်။  ဒါပေမယ့် ဟောဒီ တီဗီရှိုးကြီးကတော့ လေဒီဂါဂါရဲ့ မူရင်းကြီးကို ကော်ပီလုပ်ပြီးတော့ တရုတ်က ဘိုးဘိုး ဘွားဘွားကြီးတွေက ဖျော်ဖြေပေးတာကို msnbc သတင်းဋ္ဌာနက ဖော်ပြသွားတာပါ။  အရာရာတိုင်းကို ကော်ပီကူးပြီး ထုတ်လွန်းလို့ လူပြောသူပြောများနေရတဲ့အထဲ ဒါကြီးကို တွေ့တော့ သူတို့လည်း ပြောစရာဖြစ်တာပေါ့လေ။  တော်သေးတယ် ကမ္ဘာကျော် သတင်းဋ္ဌာနကြီးတွေ မြန်မာပြည်မှာ လာပြီး နိုင်ငံရေးကလွဲလို့စပ်စပ်စုစု မလုပ်ကြသေးလို့။  မဟုတ်လို့ကတော့ ကျွန်တော်ဆီက ကော်ပီခွေတွေတွေ့ပြီး သတင်းသာလုပ်လို့ရတော့ ရေးရတာများလွန်းလို့ ထိုင်တောင်ငိုသွားရမယ်။  အောက်က YouTube ကတော့ ဘိုးဘိုးဘွားဘွားတွေရဲ့ ဖျော်ဖြေမှု့ပါ။ 



          ကျွန်တော်တို့ဟာ အသစ်၊ အသစ်ကို လိုချင်ပါတယ်၊ အသစ်အသစ် ဖန်တီးမှု့တွေကို နားထောင်ချင်ပါတယ်။  ဒါပေမယ့်ပေါ့လေ သူများနိုင်ငံသွားသွားပြီး ဖျော်ဖြေပွဲတွေ ခြိမ့်ခြိမ့်သဲလုပ်ကြတဲ့အချိန်မှာ ကော်ပီသံစဉ်ကြီး ထွက်ထွက်လာရင် နားထောင်ရင်းနဲ့ မျက်နှာပူပူ တက်လာလို့ ကွင်းပြင်တွေမှာ သီချင်းပွဲတွေဘာတွေလုပ်ရင်၊ နိုင်ငံခြားသား သူငယ်ချင်းတွေကို မဖိတ်သလို၊ သွားလည်း နားမထောင်ဖြစ်တော့ဘူး။  ရုံထဲမှာ ဖျော်ဖြေရင်တော့ တစ်မျိုးပေါ့လေ မျက်နှာအပူနဲနဲသက်သာတာပေါ့။  ဟိုက လုံခြုံရေးတွေကတော့ မျက်နှာတွေက ပြုံးစိစိနဲ့၊  လှောင်တာလား၊ တကယ်ပဲ ရယ်ချင်တာလားတော့ ကျွန်တော်လည်း မသိဘူး။  နောက်တစ်ခုက သူများနိုင်ငံသား ဖြတ်သွားဖြတ်လာတွေက ကွင်းပြင်ကြီးထဲအမှာ အပြတ်ဟဲနေတဲ့ ကော်ပီသံစဉ်ကြီးကို ကြားရင် သူတို့နားထဲကို အတောင့်လိုက်ကြီး ၀င်သွားမှာ သေချာတယ်၊ အဲ့ဒီကနေ ဘယ်ဘာသာနဲ့ ဆိုနေကြတာလဲလို့မေးလိုက်ရင် သေပြီ ဆရာ။  ကျွန်တော်တို့ လူမျိုးတွေရဲ့ အနုပညာကို မြတ်နိုးပါတယ်။  သူတို့တွေရဲ့ ဖျော်ဖြေမှု့ကိုလည်း နှစ်သက်ပါတယ်၊  ဒါပေမယ့် နိုင်ငံခြား၊ လူမျိုးခြား သူငယ်ချင်းတွေက မြန်မာသီချင်းနားထောင်ချင်တယ်ဆိုရင်တော့ နည်းနည်းလေးခေါင်းစားရပါတယ်။  သူတို့ကို ချပြတဲ့အခါမှာ ကျွန်တော်တို့ရဲ့ မူပိုင်သံစဉ် သီချင်းလေးတွေကို ပြဖို့ မနည်းလိုက်ရှာယူရလို့ပါ။  အနုပညာဖန်တီးမှု့ဟာ စာသားတင်မကဘဲ၊  သံစဉ်ပါ မူပိုင်ဖြစ်ရင်တော့ ကျွန်တော်တို့ နိုင်ငံအတွက် လက်မထောင်လို့ရပြီပေါ့ဗျာ။

Ref : (Link, YouTube)

7 comments:

  1. ရှိပါတယ်မြန်မာစစ်စစ်လေးတွေ ကိုအံ့ကြီးတို့ မာမာအေား ကိုတင်လှိုင်
    အဲတာတွေပေါ့ အင်းလေးကအဖွားရဲ့မောင်တစ်ယောက်က
    အဲတာတွေအမြဲနားထောင်တယ်...
    ခင်တဲ့ မုန်လာထုပ်(မောင်တစ်လုံးပေးသောနာမည်)

    ReplyDelete
  2. ဘယ်လိုပြောရမလဲပေါ့နော် ...:):)

    ReplyDelete
  3. အင်း ဘာမှ မပြောလိုတော့ပါ
    ပို့စ်လေးအတွက် ကျေးဇူးပါ

    ReplyDelete
  4. ..ကြောင်ဖြူများရှင်November 9, 2011 at 5:36 PM

    ဓိရာမိုရ် ဆို ကိုယ်ပိုင်သံစဉ်ပဲ မဟုတ်လား။ ပြီးတော့ သူ့ ရဲ့ ဖန်တီးမှု တအား ကောင်းတယ်ဗျ။

    ReplyDelete
  5. ဟန်ကြည်November 9, 2011 at 8:48 PM

    အိမ်း...ဦးဟန်ကြည်တို့တော့ ခင်မောင်တိုး...မာမာအေး...ရီရီသန့်...မောင်မောင်ညွန့်တို့ ဂီတနက်သန် ကိုစောညိမ်းတို့ပဲ နားထောင်တော့သကွယ်...သကောင့်သားတွေက မရှက်လို့ ခိုးကြပေမယ့် ကိုယ်က အလိုလိုနေရင်း သူခိုးလက်ခံဖြစ်ရတာ စိတ်နာလွန်းလို့...

    ReplyDelete
  6. ဘာလို့copyလုပ်ရတာပါလိမ့်နာမည်ကြီးချင်လို့နေမှာ

    ReplyDelete