စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, May 6, 2012

ချစ်သည်းနဲ့ ဖုန်းဆက်ရင် အနားမှာ ရှိသလို ခံစားရစေမယ့် ဖက်လုံး


          “နေ့တိုင်းပဲ ကြားချင်မိတယ်… အချိုသာဆုံသောစကားသံ” ဆိုတဲ့ သီချင်းလေးထဲကလို အနားမှ တစ်ဖွားမခွာချင်တတ်တဲ့ ချစ်သူတွေ ဖုန်းပြောတဲ့အခါမှာ ချစ်သူအသံလေးတွေကို နားထောင်ပြီး တစ်ညလုံး မအိပ်ပဲ ဖုံးပြောကြလို့ လကုန်ရင် ဖုန်းခတွေကျလို့ အိမ်ကကန်ချမှာ စိုးရိမ်တတ်ကြတယ် စုံတွဲများ အတွက်ကတော့ သတင်းကောင်းပါ။  ဖုန်းပြောယုံတင်အားမရလို့ ချစ်သူအသံလေးနားထောင်ရင်း ချစ်သူအနားမှ ရှိနေသလို ခံစားရစေမယ့် ဖက်လုံးကိုတော့ ဂျပန်က ထွင်လိုက်ပြန်ပါပြီ။ 
          ဒီဖက်လုံးအရုပ်ကလေးထဲကို ဖုန်းထည့်လိုက်ပါ….  ချစ်သူစကားပြောတဲ့အခါ စကားသံအတိုင်း အရုပ်ကလေးက တုံခါမှာဖြစ်ပါသတဲ့။  ဒီပြင် အရုပ်ကလေးက သင့်ကို ပူပူနွေးနွေး ပူးပူးကပ်ကပ်လေး ခံစားရစေမှာဖြစ်လို့ သင့်ဘေးမှာ သင့်ချစ်သူရောက်နေသလိုကို ခံစားရစေမှာ ဖြစ်ပါသတဲ့။ ဒီတော့ ဖုန်းခတွေတက်လို့ အိမ်က ကန်ချတော့လဲ အရုပ်ကလေးပိုက်ပြီး လမ်းပေါ်မှာ ဖုန်းဆက်ပြောနိုင်ကြပါပြီ။

Source : (Link)

9 comments:

  1. ဟဲဟဲ ... ဖက်လုံးတော့ဝယ်ချင်ပါရဲ့ ... ချစ်သဲမရှိတာကဆိုးနေတာ

    ReplyDelete
  2.း)... ကိုအောင်ထွဋ် စမ်းကြည့်ပြီးရင် ပြောဗျာ.. ၀ယ်သင့်ရင်ဝယ်ရမယ်.. :P..

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  3. ကြည့်ရတာ ကိုအွတ်ထောင်တို့ စမ်းကြည့်ပြီး ဖုံးဘေတွေမနဲတက်လာလို့ အဖော်ညှိတာပဲဖြစ်ရမယ်....၊ကိုရင်နဲ့ဒိုးကန်ကို ဝယ်ပေးလိုက်ဦးမယ်ဗျာ..:P

    ReplyDelete
  4. ကိုအောင်ထွဋ် သုံးတာအဆင်ပြေလား ဟိ။အဆင်ပြေရင် လက်တို့လိုက်အုံးနော်

    ReplyDelete
  5. ဝယ်ဦးမှပါး))
    အိမ်က ကန်ချရင် လူတော့ဆင်းသွား။ ဖုန်းထားခဲ့ဆိုရင် ဖက်လုံးကြီးပိုက်ပြီး ဘယ်လိုလုပ်ရမတုန်း :P:P

    ReplyDelete
  6. စမ်းတော့မကြည့်ဖူးသေးပါဘူး ခင်ဗျာ.... ကိုရင်နဲ့ မဒမ်ကတော့ ၀ယ်သင့်တယ်ထင်တယ် :P
    ကိုလွင်ပြင်ဝယ်ရင် မစံပယ်က ဗိုက်ခေါက်လိမ်ဆွဲနေဦးမယ်.... :)

    ReplyDelete
  7. တို့ကတော့ ဈေးကြီးရင်ဝယ်နိုင်ပေါင်
    ဖက်စရာ ငှက်ပျောတုံးရှိလယ်း)း)

    မောင်ဘကြိုင်

    ReplyDelete
  8. ဗိုက်ခေါက်ဆွဲရင် များချစ်ချစ်နာသွားမှာပေါ့ ဟွန်း----

    ReplyDelete