စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, May 8, 2012

ပစ်ကြဦးမလား သားရေကွင်း သေနတ်များ


          ငယ်ငယ်တုန်းကဆိုရင် လမ်းထဲမှာ အရုပ်ကလေးတွေထောင် သားရေကွင်းနဲ့ ချိန်ပစ် လဲသွားတဲ့ အရုပ်ကလေးတွေယူ ဒီလိုမျိုးကစားခဲ့ကြပါတယ်။  ခုတော့ သားရေကွင်းကို လက်နဲ့ ချိန်စရာမလိုပဲ သေနတ်နဲ့ ချိန်ပစ်လို့ရတဲ့ သားရေကွင်းပစ် သေနတ်ပါတဲ့။  သားရေကွင်းပစ်တဲ့ သေနတ်ဆိုလို့ ဈေးပေါမယ်လို့တော့ မထင်လိုက်ပါနဲ့ အနည်းဆုံး ဒေါ်လာ ၂၃၀ လောက်ရှိပါသတဲ့။
          ဒီသေနတ်ကို ထုတ်လုပ်တဲ့ ကုမ္ပဏီကတော့ ZumA2 ဆိုတဲ့ ကုမ္ပဏီကဖြစ်ပြီးတော့ သေနတ်တစ်ခုလုံးကို hand made လုပ်ထားတာပါ။  အရောင်းရဆုံးဖြစ်တဲ့ Fenrir သေနတ်အပြင်ကို အခြားသေနတ် အမျိုးအစား ၃၀ ကျော်ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။  သေနတ်တွေမှာ ၁၀ ချက်ကနေ ၁၂ ချက်အထိ ပစ်နိုင်တဲ့ semi-auto သေနတ်တွေရှိသလို fully automatic submachine gun ဆိုရင် အချက် ၃၀ ဆက်တိုက် ပစ်နိုင်ပါသတဲ့။  သူ့ရဲ့ ပထမဆုံး သေနတ် Silver Wolf ကတော့ Playstation 3 ဂိမ်းတစ်ခုဖြစ်တဲ့ Metal Gear Solid 4 ထဲက သေနတ်ပုံစံကို သားရေကွင်းနဲ့ ပစ်လို့ရအောင် ထုတ်ထားတာဖြစ်ပါသတဲ့။   တစ်ခုရှိတာက ဒါက လူကြီးတွေ ဆော့တဲ့ သေနတ်ဖြစ်တာကြောင့် ကလေးတွေဆော့ရင် မျက်စိတွေဘာတွေ မှန်မှာကိုတော့ စိုးရိမ်ရပါတယ်။ ကဲ သေနတ်ကလေးတွေကို ကြည့်လိုက်ကြရအောင်လား။













Source : (Link)

5 comments:

  1. ဟန်ကြည်May 8, 2012 at 12:49 PM

    တော်ပြီကိုအောင်ထွဋ်ရေ...ရိုးရာနည်းအတိုင်း လက်မ လက်ညှိုးနဲ့ပဲ ပစ်ကြပါစေတော့...ဒါကြီးတွေတကားကားနဲ့ဆိုရင် လူကြီးတွေရော ကလေးတွေပါ ငရမန်ကန်းတွေ ဖြစ်ကုန်ရချေရဲ့...

    ထွင်လည်းထွင်တဲ့ မောင်မင်းကြီးသားတွေဗျာ...အနှီလောက်တထွင်တည်းထွင်နေကြတာ ထွင်စရာ မကျန်တော့ဘူးလို့ အောက်မေ့နေပေမယ့် လာချေသေးတယ်...သားရေကွင်းသေနတ်တဲ့ တိန်...

    ReplyDelete
  2. ကိုရင်အိပ်နေတုန်းပစ်ချင်တယ် ခွိခွိး))

    ReplyDelete
  3. တလက်လောက်လိုချင် ၀ယ်ပေးပါ့လား ဟင်

    ReplyDelete
  4. မလဲ့ရီကို တစ်လက်လောက် လက်ဆောင်ဝယ်ပေးအုံးမှပဲ :D

    ReplyDelete
  5. ငယ်ငယ်က သေနတ်ပစ်တမ်းကစားခဲ့တာတွေ သတိရသွားတယ်.. :P...

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete