စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, May 25, 2012

ကြောင် အကောင် ၅၅၀ မွေးလို့ မိန်းမကို ကွာရှင်းလိုက်တဲ့ ယောက်ျား


          ကြောင်ချစ်သူများ ကြောင်ဘယ်နှစ်ကောင်အထိမွေးဖူးပါလဲ?  အိုင်ယာလန်နိုင်ငံမှာတော့ ဇနီးသည်ဖြစ်သူ ကြောင်ချစ်သူက အိမ်ကို ကြောင် အကောင် ၅၅၀ ၀ယ်လာပြီးမွေးလို့ မခံနိုင်တဲ့အဆုံးမှာ ငါ့ကိုရွေးမလား ကြောင်ကိုရွေးမလား ဆိုရာမှာတော့ ကြောင်ချစ်သူ ဇနီးက ကြောင်တွေကို ရွေးချယ်သွားပါသတဲ့။  ကွာရှင်းဖို့ လျှောက်လဲချက်မှာတော့ ယောက်ျားဖြစ်သူဟာ အိပ်ယာပေါ်မှာလည်း အိပ်လို့မရရှာပါဘူး။  တစ်အိပ်ယာလုံးကြောင်တွေနဲ့ ပြည့်နေတယ်လို့ဆိုပါတယ်။  ရေချိုးခန်းအ၀င်အ၀မှာလည်းကြောင်တွေ၊ အိမ်မှာလည်း ထမင်းချက်စားလို့ မရ၊ ထမင်းစားဖို့ စားပွဲခုံမှာထိုင်လိုက်ရင်လည်း သူ့ဟင်းတွေကို ကြောင်တွေကခိုးစား၊ မခံနိုင်တဲ့အဆုံး ကွာရှင်းဖို့ လုပ်တယ်လို့ ဆိုပါတယ်။  
          ဒီလင်မယားဟာ ပြန်လည် သင့်မြတ်ဖို့အတွက် အကြံပေးအဖွဲ့နဲ့ ထပ်တွေ့ပေမယ့်လည်း ကြောင်ချစ်လှတဲ့ ဇနီးဖြစ်သူက သူ့ကြောင်တွေနဲ့ မခွဲနိုင်လေတာမို့ ခွဲခြင်းခွဲ ယောက်ျားကိုသာ ခွဲမယ်လို့ ဆုံးဖြတ်လိုက်ပါသတဲ့။

Source : (Link)

14 comments:

  1. တူတူပဲ
    ငါလည်း ကြောင်းပဲ ရွှေးမယ်
    :D :D

    ReplyDelete
    Replies
    1. ကြောင်ပါ့ :D

      Delete
  2. ဟုတ်တယ် ကြောင်ပဲရွှေးမယ်

    ReplyDelete
  3. သူ့တောင် ကြောင်တောင်တောင်မို့ ယူထားသလားမသိ.. :))

    ReplyDelete
  4. သများလဲ ကြောင်ကိုပဲရွှေး
    သများရဲ့ လွင်ပြင်ကလဲကြောင်ချစ်တယ်လေ---ဟီး

    ReplyDelete
  5. ဒီလောက်ကြောင်ချစ်တဲ့ သူကိုမှ ယူခဲ့မိတဲ့ ယောက်ျား ကံဆိုးပါ့နော်။
    အကြံပေးအဖွဲ့နဲ့ ထပ်တွေ့တာတောင် ကြောင်ကိုမခွဲနိုင်ဘူးဆိုတော့ ဇာတ်သိမ်းပြီပေါ့း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. ကြောင်လောက် ဦးစားမပေးခံရတဲ့ ယောက်ျားလေးဘဝက သနားစရာ...:D

    ReplyDelete
  7. ကြောင်တော်တော်ချစ်တာဘဲနော်...........

    ReplyDelete
  8. အရူးမပဲနေမှာပေါ့

    ReplyDelete
  9. ကြောင်ချေးလောက်နံတာလူချေးဘဲာ

    ReplyDelete
  10. မိုးပေါ်ကနတ်သမီး:-$ ကြီး

    ReplyDelete
  11. ကြောင်ရူးမရှိ၊ခွေးရူးရှိ(သို့သော်)ကြောင်ကိုက်ခံရလျှင်
    ခွေးရူးပြန်တတ်သည်။ဆာလံအခန်းကြီး(၆)အခန်းငယ်(၇)

    ReplyDelete
  12. နဒီဆိုလဲကြောင်ပဲရွေးမယ်
    ဘာလိုလဲဆိုတော့အပြစ်မရှိတာကတိရစ္ဆာန်ဖြစ်နေလိုပဲနဒီ

    ReplyDelete