စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, August 31, 2011

သဘောင်္များ၏ Fi-Fi အကြောင်း တစ်စေ့တစ်စောင်း



          Fi-Fi (Fire Fighting) ဆိုတာ သင်္ဘောများပေါ်မှ တပ်ဆင်လေ့ရှိတဲ့ မီးသတ် စနစ်တစ်ခုပါ။  အချို့နိုင်ငံများမှာ မီးသတ်ကားဆိုတာရှိသလို မီးသတ်သင်္ဘောများလည်း ထားရှိပါတယ်။  FIFI ကိုတော့ မီးသတ်သင်္ဘောများ (Fire Boats)၊ တွန်းသင်္ဘော (Tugs)များ၊  AHT (Anchor Handling Tugs)များ၊ OSV(Offshore supply veseel) များမှာ အဓိက တပ်ဆင်လေ့ရှိပါတယ်။
          သင်္ဘောများမှာ တပ်ဆင်တဲ့အခါ သက်ဆိုင်ရာ သင်္ဘောရဲ့ Classification Society ကိုမူတည်ပြီး Fi-Fi စနစ်တွေ့ရဲ့ လိုက်နာရမည့် လိုအပ်ချက်တွေရှိပါတယ်။  အဓိကအားဖြင့်စဉ်းစားကမှာကတော့

  • သက်ဆိုင်ရာသင်္ဘောရဲ့ မီးသတ်နိုင်မှု့ စွမ်းဆောင်ရည်
  • သင်္ဘောရဲ့ Stability နှင့် မီးသတ်နေစဉ်အတွင်းမှာ သင်္ဘောကို ထိန်းကျောင်းနိုင်မှု့
  • မီးသတ်နေတဲ့ သင်္ဘောကိုယ်တိုင် မီးမလောင်နိုင်စေရန် ကာကွယ်နိုင်မှု့ အစရှိတာတွေနဲ့ ပတ်သတ်ပြီးတော့ Fi-Fi ရဲ့ အမျိုးအစားတွေဟာ Classifcation Societies များရဲ့ လိုအပ်ချပ်ပေါ်မူတည်ပြီးတော့ ကွဲပြားသွားပါတယ်။


          Fi-Fi လို့ခေါ်တဲ့ မီးသတ်တဲ့စနစ်မှာ အမျိုးအစား ၄ မျိုးရှိပါတယ်။ ½ Fi-Fi, Fi-Fi 1, Fi-Fi 2 နှင့် Fi-Fi 3 တို့ဖြစ်ပါတယ်။

၁။  ½ FIFI
          ½ FIFI လို့အကြမ်းဖျင်းခေါ်ဆိုကြပါတယ်။ FIFI System တွေထဲမှာ လိုအပ်ချက်ရော၊ သူ့ရဲ့ စွမ်းဆောင်နိုင်ရော အနည်းဆုံးဖြစ်ပါတယ်။  သူ့အတွက် Classification Requirement မလိုအပ်ပါဘူး။

၂။ Fi-Fi 1
          FIFI 1 ရဲ့လိုအပ်ချက်ကတော့ မီးသတ်ပိုက်ခေါင်း (Fire Monitor) ၂ ခုအနည်းဆုံးရှိရပါမယ်။  အဆိုပါ Fire Monitor တစ်ခုချင်းစီရဲ့ ရေထွက်ရှိနိုင်မှု့ ပမာဏက အနည်းဆုံး 1200 m3/hr ရှိရပါမယ်။ ရေစုပ်ပေးမယ့် ပန့် တစ်ခု ဒါမှ မဟုတ် ၂ ခု ရှိရပါမယ်။  မီးသတ်ပိုက်ခေါင်း (Fire Monitor) တာရဲ့ ရေဖျန်းနိုင်မှု့ဟာ ၁၂၀ မီတာအထိ ရောက်နိုင်ရမှာဖြစ်ပြီး ၄၆မီတာ အမြင့်အထိရောက်အောင် ရေဖျန်းနိုင်ရမှာဖြစ်ပါတယ်။

၃။ Fi-Fi 2
          Fi-Fi 2 ရဲ့ လိုအပ်ချက်တွေကို မြင်သာအောင် ဇယားကွက်ထဲမှာ ဖော်ပြပါမယ်.. အနည်းဆုံး မီးသတ်ပိုက်ခေါင်း (Fire Monitor) ၂ ခုကနေ ၄ ခုအထိ တပ်ဆင်နိုင်ပြီး တပ်ဆင်တဲ့ Monitor အရေအတွက်ပေါ်မူတည်ပြီးတော့ ရေဖျန်းပက်နိုင်တဲ့ ပမာဏ ကွာခြားပါတယ်
No. of Monitors
Monitor Capacity (m3/hr)
No. of Pumps
Total pump capacity (m3/hr)
Throw Length (m)
Throw Height (m)
2 (DNV)
3600
2
7200
180
110 at 70m
3
2400
2-4
7200
150
70
4
1800
2-4
7200
150
70

၎။ Fi-Fi 3
          Fi-Fi 3 မှာတော့ Fire Monitor အနည်းဆုံး ၃ ခုကနေပြီးတော့ ၄ ခုအထိ တပ်ဆင်ရမှာ ဖြစ်ပြီး Fire Monitor တွေရဲ့ ရေဖျန်းနိုင်မှု့ကလည်း ကွာခြားပါတယ်။
No. of Monitors
Monitor Capacity (m3/hr)
No. of Pumps
Total pump capacity (m3/hr)
Throw Length (m)
Throw Height (m)
3
3200
2
9600
180(Form bow)
110 at 70m
4
2400/2500
2-4
9600/10000
150
70

           Fi-Fi များရဲ့ ဒီဇိုင်းအကြမ်းဖျင်းကတော့ သင်္ဘောရဲ့ ၀မ်းမှာ ရေစုပ်ယူနိုင်ဖို့ စီမံရပါတယ်။  ဒီအတွက် Sea-Chest လို့ခေါ်တဲ့ ရေ၀င်နိုင်မယ့် အခန်းတစ်ခုကို တည်ဆောက်ပါတယ်။ ပြီးတော့ အဲ့ဒီကနေတစ်ဆင့် ပိုက်ဖြင့်သွယ်ကာ သက်ဆိုင်ရာ ပန့်တွေဆီကို ပို့ဆောင်ပါတယ်။  အဲ့ဒီ သက်ဆိုင်ရာ ပန့်တွေကတစ်ဆင့် ထပ်မံ ပိုက်လိုင်းများဖြင့် မီးသတ်ပိုက်ခေါင်း (Fire Monitor)ဆီကို ပို့ဆောင်ပြီးတော့ မီးညှိမ်းသတ်မှု့အတွက် အသုံးပြုတာပါ။
          အဆိုပါ Pump များကို မောင်းနှင်ရန် စွမ်းအင်ကတော့ သင်္ဘောမောင်းနှင့်မည့် အင်ဂျင်များဆီမှ PTO – power take off ခေါ် သင်္ဘော Main Engine မှရရှိတဲ့ စွမ်းအင်ကို မျှယူသုံးစွဲခြင်းဖြင့်သော်လည်းကောင်း၊ independent power source လို့ခေါ်တဲ့ ပန့်တစ်ခုချင်းစီကို လည်ပတ်မောင်းနှင်ပေးမည့် အင်ဂျင်များ တပ်ဆင်ခြင်းဖြင့်သော်လည်းကောင်း ရရှိနိုင်ပါတယ်။  တစ်ခုသတိထားရမှာက သင်္ဘောမှာ Main Engine ၂လုံး တပ်ဆင်ထားပါက အင်ဂျင်တစ်ခုကို Fi-Fi အတွက်သုံးနေချိန်မှာ ကျန်တဲ့ အင်ဂျင်တစ်လုံးက သင်္ဘောရဲ့ မောင်းနှင်ရွှေ့ရှားမှု့အတွက် အသုံးချရမှာဖြစ်လို့ Fi-Fi pump တစ်လုံးထက်ပိုပြီး တပ်ဆင်ထားတဲ့သင်္ဘောတွေမှာ Independent Engine တွေကို ကျန်တဲ့ Fi-Fi pump တွေအတွက် အသုံးပြုကြတယ်လို့ အကြမ်းဖျင်းဆိုနိုင်ပါတယ်။ 




Water Spray/Curtain System
           နောက်တစ်ခုက Water Curtain လို့ခေါ်တဲ့ Spray System ပါ။  ဒါက မီးသတ်မယ့် သင်္ဘောကိုယ်တိုင် မီးလောင်မှု့မှ ကာကွယ်နိုင်ရန် မိမိသင်္ဘောပေါ် မိမိ ရေဖျန်းပက်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ Classification Societies တွေရဲ့ လိုအပ်ချက်တွေထဲမှာ ဒီစနစ်လည်း ပါဝင်ပါတယ်။  ဒီအတွက် သင်္ဘောရဲ့ နေရာအနှံ ဥပမာ ပထမထပ်၊ ဒုတိယထပ်၊ bulwark လို့ခေါ်တဲ့ သင်္ဘောရဲ့ ဘေးအကာတွေ၊ wheel hosue လို့ခေါ်တဲ့ သင်္ဘောမောင်နှင့်မည့် ဆလင်ခန်းအပေါ်၊ Mast လို့ခေါ်တဲ့ သင်္ဘောရေကြောင်းပြ ဆက်သွယ်ရေး အချက်ပြမီးများ၊ ရေဒါများ စသည်တို့ တပ်ဆင်ထားတဲ့ တိုင်ရဲ့ ထပ်ပိုင်းမှာ စတဲ့နေရာတစ်လျှောက် ပိုက်များ သွယ်တန်းပြီး ထိုမှတစ်ဆင့် Nozzles လို့ခေါ်တဲ့ ရေပန်းထွက်နိုင်တဲ့ ထိပ်ဖူးလေးတွေကို တပ်ဆင်ပြီးတော့ သင်္ဘောတစ်စီးလုံးကို လုံခြုံအောင် ကာမိစေတဲ့အထိ ရေများ ပြန်လည် ဖျန်းပက်ပေးခြင်း စနစ်ဖြစ်ပါတယ်။  ဒီအတွက် ရေကို Fi-Fi pump များမှ monitor ဆီသို့ ပို့လွှတ်နေတဲ့ ပိုက်လိုင်းဆီမှ ပိုက်လိုင်းတစ်ခုဖြင့် သွယ်တန်းခြင်းဖြင့်ရယူနိုင်ပါတယ်။  ထို့အတူ သင်္ဘောပေါ်မှာရှိနေတဲ့ Bilge/ Ballast Pumpတွေ၊ Fire Fighting/General Service Pumpတွေက ဆီကနေပြီး ပိုက်လိုင်းတစ်ခုအနေနဲ့ သွယ်တန်းပြီးတော့ ရယူနိုင်ပါတယ်။
One of the Tug Testing both Fi-Fi & Water Spray System during Sea Trial.

Foam System
          ဒါကတော့ မီးသတ်စနစ်ကို ရေတင်မကဘဲ အမြှုပ်(Foam) နှင့်ပါ ပေါင်းစပ်ပြီး အသုံးပြုရန်အတွက်ဖြစ်ပါတယ်။  အချို့သော မီးလောင်မှု့များဟာ ရေသက်သက်နှင့် ညှိမ်းသတ်ဖို့ မလွယ်ကူတဲ့အတွက် ဒီအနစ်ကို ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။  ဒီအတွက် သင်္ဘောတွေမှာ Foam Tank လို့ခေါ်တဲ့ သိုလှောင်ဖို့ ကန်တစ်ခုထားရှိပြီး အဆိုပါ Foam များကို Fi-Fi Pump များမှ Fire Monitors များဆီသို့ ရေပို့လွှတ်တဲ့ ပိုက်ထဲမှာ အချိုးကျ ရောစပ်စေခြင်း စနစ်တစ်ခု ဖြစ်ပါတယ်။


အသေးစိတ်သိချင်ရင်တော့ သက်ဆိုင်ရာ Class တွေဖြစ်တဲ့ ABS, LR, DNV, BV, GL စသည်စသည်တို့ရဲ့ Rules and Regulations တွေမှာ ၀င်ရောက်ဖတ်ရှု့ကြပါကုန်။


Reference : 1

1 comment:

  1. ကျေးဇူးဗျို့..Fi Fi system ကလွယ်မလိုနဲ့ခေါင်းတော့နဲနဲစားတယ်...။
    ကျွန်တော့် Project တွေအားလုံး FiFi 1 တွေချည်းဘဲ...။ အမြဲတမ်းဖတ်နေပါတယ်...။

    ReplyDelete