တစ်ခါတုန်းက အလွန်သန်မာတဲ့ သစ်ခုတ်သမားကြီး
တစ်ယောက်ရှိပါသတဲ့။ တစ်နေ့တော့ သစ်ခုတ်သမားကြီးဟာ
သစ်ကုန်သည်တစ်ယောက်ဆီမှာ အလုပ်သွားလျှောက်ပြီး အလုပ်ရသွားပါသတဲ့။ သူရဲ့လစာဟာ အလွန်ကောင်းသလို အလုပ်ခွင်အခြေအနေကလည်း
အလွန်ကောင်းပါသတဲ့။ ဒါကြောင့်နဲ့ဘဲ သစ်ခုတ်သမားဟာ
သူအလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါသတဲ့။
သူရဲ့ သဋ္ဌေးဟာ သစ်ခုတ်သမားကြီးကို ပေါက်ဆိန်တစ်လက်ပေးပြီးတော့
သစ်ခုတ်ရမယ့် နေရာကို လိုက်လံပြသပေးပါသတဲ့။
ဒီလိုနဲ့ ပထမနေ့မှာတော့ သစ်ခုတ်သမားဟာ သစ်ပင်
၁၅ ပင် ခုတ်လှဲနိုင်ပါသတဲ့”
“ဂုဏ်ယူပါတယ်ကွာ ဒီအတိုင်းတာ ဆက်ပြီး အလုပ်လုပ်”
လို့ သဋ္ဌေးကြီးက သစ်ခုတ်သမားကို ပြောပါတယ်။
သဋ္ဌေး ရဲ့ချီကျူးခံရတာကြောင့် သစ်ခုတ်သမားကြီးလည်း
စိတ်အားအလွန်တက်ကြွသွားပြီး နောက်တစ်နေ့မှာ ဒီထက်ပိုပြီး ကြိုးကြိုးစားစားနဲ့ သစ်ပင်တွေကို
ခုတ်ပါသတဲ့။ ဒါပေမယ့် ၁၀ ပင်သာပြီးအောင်ခုတ်လှဲနိုင်ပါတယ်။ တတိယမြောက်နေ့မှာလည်း ပိုပြီးကြိုးစားပေမယ့် သစ်ပင်
၇ ပင်သာခုတ်လှဲနိုင်ပါသတဲ့။ ဒီလိုနဲ့ နေ့တွေနေ့တွေကြာလာလိုက်တာ
သစ်ပင်ခုတ်နိုင်တဲ့ အရည်အတွက်လည်း နဲသထက်နဲနဲ လာပါတယ်။
သစ်ခုတ်သမားကြီးဟာ သူ့ရဲ့ ခွန်အားတွေ ယုတ်လျော့
ကျဆင်းလာတယ်လို့ တွေးမိပါသတဲ့။ ဒါနဲ့ဘဲ သူ့ရဲ့
သဋ္ဌေးဆီကိုသွားပြီးတော့ တောင်းပန်ပါတယ် နောက်ပြီးတော့ ဘာဖြစ်လို့ဒီလိုဖြစ်ရတယ်ဆိုတာကို
တွေးလို့မရဘူးလို့ ပြောပါသတဲ့။
ဒါနဲ့ သဋ္ဌေကြီးက သစ်ခုတ်သမားကိုမေးပါတယ် “မင်းကို
ပုဆိန်ပေးပြီးတဲ့ နေ့ကစပြီး ပုဆိန်ကိုရော သွေးဖြစ်ရဲ့လား” တဲ့
“ပုဆိန်ကိုသွေးဖို့…… ကျွန်တော် ပုဆိန်ကို သွေးဖို့ အချိန်မရှိခဲ့ပါဘူး
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် သစ်ပင်တွေကိုဘဲ ခုတ်ဖို့ လုံးပန်းနေလို့” ဆိုပြီးတော့
သစ်ခုတ်သမားကြီးက ပြန်ပြောပါတယ်။
ဒီလိုပါဘဲ… ကျွန်တော်တို့ တစ်တွေလည်း အလုပ်ခွင်ထဲရောက်သွားတာနဲ့
ကျွန်တော်တို့ရဲ့ သင်ကြားမှု့နဲ့ စွမ်းဆောင်ရည်တွေကို ပြန်လည်ဆန်းစစ်ဖို့၊ ပိုမိုတိုးတက်အောင်လုပ်ဖို့
မေ့လျှော့နေတတ်ကြပါတယ်။ နောက် ကျွန်တော်တို့
သင်ယူထားသလောက်ကရော ပြည့်စုံနေပြီလား။ တစ်ကယ်တော့
အောင်မြင်ဖို့ဆိုရင် အလုပ်ကြိုးစားတာအပြင် ကျွန်တော်တို့ရဲ့ အရည်အသွေးတွေ ပိုမိုထက်မြက်တောက်ပြောင်လာအောင်
သွေးနေဖို့ လိုအပ်ပါတယ်။
Reference : [source from one of facebook photos, originally retold by Vangeepuram Sreenathacharya]
ကျနော်လည်း ပုဆိန် သွေးဖို့  လုပ်နေပါတယ်။ သွေးဖို့ ကြိုးစား ရင်း နဲ့  ပဲ...... ဟဲဟဲ အနားယူသလို ဖြစ်ဖြစ် နေလို့  ဗျာ။ :DDDDD
ReplyDeleteအတွေးတွေအများကြီးပေတဲ့စာပဲ
ReplyDeleteဖတ်ရတာတန်ဖိုးရှိပါတယ်
အင်း၈ျက်လဲ ပုဆိန်သွေးဖို့တော့စဉ်းစားနေရမှာမဟုတ်ပဲ
သွေးကိုသွေးရတော့မယ်နော်...
သွေးဖို့ပျင်းတာ ဒုက္ခ... :D
ReplyDeleteဟုတ်ပ ကျွန်တော်တို့တွေလည်း သွေးဖို့ ဟန်တပြင်ပြင်နဲ့ တောင်လှည့် မြောက်လှည် မသွေးဖြစ်တာ တော်တော်ကြာပေါ့
ReplyDeleteပေါက်ဆိန်သွေးဖို့တော့ သတိရပါရဲ့
ReplyDeleteသွေးစရာ ဓားသွေးကျောက်လို ကျောက်တုံးမရှိတော့ မသွေးတော့ဘဲ ငြိမ်ငြိမ်လေး ထိုင်နေတာ ကြာပါပေါ့လား။
ပေါက်ဆိန်က သွေးချင်ဦးတော့တောင် သွေးစရာ ကျောက်တုံးက လိုနေသေး
ဖတ်ခွင့်ရလို့ ကျေးဇူးပါလို့...ကြိုးစားရအုံးမယ်....အများကြီး...:(
ReplyDeleteမီးမီးလည်းပုဆိန်သွေးဖို့ကြိုးစားနေတာကြာပြီ
ReplyDeleteသွေးမဲ့ကျောက်တုံးကရှာရခက်ထှာ
မှန်လိုက်တာ မောင်အောင်ထွဋ်ရေ။ ပြင်ရင်းဆင်ရင်း ကြိုးစားရင်းနဲ့ ရပ်တန့်လို့မရတဲ့ အချိန်တွေက ကုန်မြန်နေတယ်နော်း)
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်