စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, June 15, 2012

ဟာသတိုလေးများ - ၈


ရှာနေတာ…
မိန်းဖြစ်သူမှ ယောက်ျားကို မေးသည်
“ရှင်ဘာလုပ်နေတာ ဒုန်း…”
“ဘာမှ မလုပ်ပါဘူး မိန်းမရယ်.. ငါ့ဟာ ငါ ဒီမှာထိုင်နေတာ.”
“ဘာမှ မလုပ်ဘူး သာဆိုတယ်.. ရှင် ကျွန်မတို့ရဲ့ လက်ထပ်စာချုပ်ကို ထိုင်ကြည့်နေတာ တစ်နာရီ နီးပါးရှိပြီ”
“သြော်.. ငါက အိတ်စပါယာ ဒိတ်ကို ရှာနေတာ”

အပြန်အလှန်ပေါ့
          တစ်နေ့ မယားလုပ်သူက ယောက်ျားအတွက် မနက်စာ ပြင်ဆင်နေသည်။  ရုတ်တရက် ယောက်ျားဖြစ်သူ မီးဖိုချောင်သို့ဝင်လာသည်။ 
“မိန်းမ သတိထား… ဟင်.. အဲ့ဒီလောက်တောင် ကြော်ရလား၊  ဆီထည့်၊ ဆီထည့်၊ များနေပြီ ဆီတွေ များနေပြီ၊ တော်တော့ ရပ်တော့၊ အမလေးလေး.. အဲ့ဒီလောက်တောင် ဆီများရလား… ဟင်.. ဟိုမှာ တူးနေပြီ.. လှန် လှန် မြန်မြန်ကြော်.. သြော်.. ဆား.. ဆားထည့်ရဦးမယ်လေ.. ထည့်ထည့် ဆားထည့်…”
မိန်းမဖြစ်သူ နဲနဲ တင်းလာသည်… “ရှင်ဘယ်လိုဖြစ်နေလဲ… ဒီမနက်စာကို ကျွန်မ တစ်သက်လုံး ကြော်လာတာရှင့်”
ယောက်ျားဖြစ်သူက ပြန်ပြောသည်… “မဟုတ်ပါဘူးမိန်းမရယ်.. ငါ ကားမောင်းနေတဲ့ အချိန်မှာ ဘယ်လိုခံစားရလဲဆိုတာကို မင်းကို သိစေချင်လို့ပါ”


အာဂ ကြက်ဖ
          ကိုသာဗျော အိမ်က ကြက်မများ ဥ, ဥနှုန်းကျဆင်းနေသည်။  ကိုသာဗျော ကြက်ဖအသစ်တစ်ကောင်ဝယ်လာသည်။  အိမ်ရောက်ရောက်ခြင်း မနက်ပိုင်းတွင် ကြက်ဖကြီးသည် ကြက်မ ၁၅၀ ကိုမျိုးစပ် ပစ်လိုက်သည်။  ကိုသာဗျော အံသြသွားသည်။  ညနေပိုင်းတွင် နောက်ထပ် အကောင် ၁၅၀။  ပို၍ပင် အံသြသွားသည်။
           နောက်တစ်နေ့ ကိုသာဗျော ခြံထဲရှိ ကြက်မများသာမက ဘဲမတွေ၊ ကြက်ဆင်မတွေ၊ ငန်းမတွေပါ ကြက်ဖလက်က မလွတ်။  ကိုသာဗျောစိုးရိမ်စပြုလာသည်။  နောက်တစ်နေ့ မနက်တွင် ကိုသာဗျော ခြံထဲသို့ အသွား သူ့ကြက်ဖကြီး လည်ကြီးကို စန့်၊ မျက်လုံးကို မှတ်ကာ သေနေလေတော့သည်။  လင်းတများကား ကောင်းကင်တွင် ၀ဲနေကြသည်။  ကိုသာဗျော သူ့ကြက်ဖကြီးဆီ ပြေးသွားသည် “သြော်.. သနားစရာကောင်းလိုက်တဲ့ ငါ့ကြက်ဖကြီး ခုတော့ သေရှာလေပြီ” လို့ ဆိုလေသတဲ့။  အဲ့ဒီအချိန်မှာ ကြက်ဖကြီး မျက်လုံးပွင့်လာသည်
“ရှုးတိုးတိုး…. ဟိုမှာ လင်းတမတွေ ခဏနေရင် ဆင်းလာတော့မှာ”

လျို့ဝှက်ချက်ကိုသိတယ်
          ဆိုးပေက သူ့သူငယ်ချင်း မောင်မောင့်ကို သင်ပေးသည်။ 
ဆိုးပေ။ ။“ဒီမှာ မောင်မောင် မင်းလိုချင်တာကို ရစေမယ့် နည်းငါသင်ပေးမယ်”
မောင်မောင်။     ။ “တယ်နိပ်ပါလားဟ လုပ်စမ်းပါဦး”
ဆိုးပေ။ ။ “လွယ်လွယ်လေးရယ်…  “ခင်ဗျားလျှို့ဝှက်ချက်ကို ကျွန်တော်သိတယ်” စကားတစ်ခွန်းပဲပြောရမှာ”
မောင်မောင် ပထမဆုံး သူအဖေဆီသွားသည်
“ဖေဖေ၊ ဖေဖေ့ လျှို့ဝှက်ချက်ကို ကျွန်တော်သိတယ်”
သားလေးက လိမ္မာတယ် ရော့ မုန့်ဖိုး ၅၀၀ယူသွား၊ ကျန်တဲ့လူတွေ ကိုလျှောက်မပြောရဘူးနော်…
မောင်မောင် သူ့အမေဆီ သွားပြန်သည်
“မေမေ၊ မေမေ့လျှို့ဝှက်ချက်ကို သားသိတယ်”
သားလေးက လိမ္မာတယ်၊ ရော့မုန့်ဖိုး ၁၀၀၀ ယူသွား၊ ကျန်တဲ့လူတွေကို လျှောက်မပြောရဘူးနော်………
မောင်မောင် သူတို့အိမ်သွား လာနေကြ စာပို့သမားထံသွားသည်
“စာပို့သမားကြီး၊ ခင်ဗျား လျှို့ဝှက်ချက်ကို ကျွန်တော်သိတယ်”
စာပို့သမားကြီး အံသြသွားသည်။  ထို့နောက် မောင်မောင်ကို ကြင်နာစွာထွေးပွေ့လိုက်သည်။  လိမ္မာလိုက်တဲ့ သားလေး.. လာ…. ဖေဖေကြီးပါးကို အာဘွားပေး။

မုန့်ဖုတ်သမားမဟုတ်ဘူး
          မင်္ဂလာဦး၊ ဇနီးမောင်နှံနှစ်ဦး ပျော်ရွှင်စာ အိမ်သစ်သို့ ပြောင်းရွှေ့ကြသည်။  နောက်တစ်နေ့
“မောင်ရေ…  ချစ်တို့ရဲ့ ရေချိုးခန်းက ရေပိုက်က ယိုနေတဲ့မောင်ရဲ့ မောင်ပြင်ပေးပါလားဟင်”
“ဘာကွ… မင်းက ငါ့ကို ပိုက်ပြင်သမားများ မှတ်နေလား”
နောက်တစ်နေ့
“မောင်ရေ… ချစ်တို့ရဲ့ ကားက စက်နှိုးလို့မရတော့ဘူး။  မောင်တစ်ချက်လောက် ကြည့်ကြည်ပါလားဟင်”
“ဘာကွ…. မင်းကငါ့ကို စက်ပြင်ဆရာများမှတ်နေလား”
နောက်တစ်နေ့………. မိုးများ သည်းသည်းမည်းမည်းရွာနေသည်
“မောင်ရေ.. အိမ်ခေါင်မိုးက ရေတွေယိုနေတယ်၊ မောင်တစ်ချက်လောက် ကြည့်ကြည်ပါလားဟင်”
“ဘာကွ.. မင်းကငါ့ကို ခေါင်မိုးဖာတဲ့လူများထင်နေလား”
နောက်တစ်နေ့ ယောက်ျားဖြစ်သူ အိမ်သို့ပြန်လာသည်။  ရေချိုးခန်းက ရေပိုက်လည်း မယိုတော့၊ ကားကလည်း စက်နှိုးလို့ရသည်။  အိမ်ခေါင်မိုးလည်း မိုးမယိုတော့
“ချစ်ရေ… အားလုံးအိုကေနေပါလား.. ချစ်ဘယ်လိုလုပ်လိုက်တာလည်း”
“သြော်.. ဒီလိုမောင်ရဲ့ ချစ်တို့ အိမ်နီးချင်းက အဲ့ဒါတွေ အကုန်လုပ်ပေးသွားတာ”
“ဟုတ်လား ချစ်ရဲ့ ဘယ်လောက်ပေးလိုက်ရလဲ”
“ဟင့်အင်း မပေးရပါဘူး။  အိမ်နီးချင်းကပြောတယ်.. သူ့ကို ကိတ်မုန့်ဖုတ်ကျွေးချင်ကျွေး၊ မကျွေးချင်ရင် ချစ်ကို သူနဲ့ အိပ်ပါတဲ့”
“သြော်.. ဒါဆို ချစ်က သူ့ကို ဘယ်လိုမျိုး ကိတ်မုန့် ဖုတ်ကျွေးလိုက်လဲ”
“ဘာရှင့်.. ရှင်က ကျွန်မကို ကိတ်မုန့်ဖုတ်သမားများ အောက်မေ့နေလား”

အရေးကြီးသော အချက်များ
၁။  သင့်မှာ အိမ်မှု့ကိစ္စတွေကို ကူညီပေးဖို့၊ သင့်ကို ချက်ပြုတ်ကျွေးမွေးဖို့၊ အိမ်ကို ရှင်းလင်းဖို့ အဖော်မွန်ကောင်း တစ်ယောက်ရှိဖို့ အရေးကြီးတယ်။
၂။ သင့်မှာ သင်စိတ်ညစ်လာတဲ့အခါမှာ ပျော်ရွှင်လာအောင် ဟာသလေးတွေနဲ့ စိတ်အပန်းဖြေပေးတတ်တဲ့ အဖော်မွန်ကောင်း တစ်ယောက်ရှိဖို့ အရေးကြီးတယ်။
၃။ သင့်မှာ ယုံကြည့်စိတ်ချရပြီး ဘယ်တော့မှ လိမ်မပြောတတ်တဲ့ အဖော်မွန်ကောင်းတစ်ယောက် တစ်ယောက်ရှိဖို့ အရေးကြီးတယ်။
၎။ သင့်မှာ သင့်ကို ယုယကြင်နာတတ်တဲ့ အဖော်မွန်ကောင်း တစ်ယောက်ရှိဖို့ အရေးကြီးတယ်။
၅။ အရေးအကြီးဆုံးက အဲ့ဒီ မိန်းမ လေးယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက် မသိဖို့ အရေးကြီးတယ်။

5 comments:

  1. တကယ့်စိတ် အပန်းပြေစရာလေး တွေ။ အရေးကြီးတာကို လဲ မှတ်သွားပါတယ်။

    ReplyDelete
  2. လာလည်ပြီး ရယ်သွားတယ်တော့

    ReplyDelete
  3. ရယ်ရပါတယ်

    ReplyDelete
  4. အထက်ကအချက်လေးချက်လုံးနဲ့ပြည့်စုံတဲ့
    သူပဲရှာကြစို့ သူငယ်ချင်းတို့ရေ။

    ReplyDelete