စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, September 29, 2011

ဟာသတိုလေးများ - ၎

အကြောင်းကြောင်းကြောင့် စိတ်ရှုတ်နေရင် ဦးနှောက်ဆေးဖို့ပေါ့........

ပြသနာတတ်သွားချင်လား 
          ဘားတစ်ခုတွင်ဖြစ်သည်။  လူတစ်ယောက်ဝင်လာပြီး ဘားတွင်းထိုင်လိုက်ပြီး ဘားကောင်တာရှိ လူကိုလှမ်းပြောလိုက်သည်။
လူကြီး။ ။ဟေ့ ပြသနာမတက်ခင် ငါ့ကို ဘီယာတစ်ခွက်မြန်မြန်ပေးစမ်း
ဘားကောင်တာမှ လူလည်း ထိုသူပြောသည်ကို အူကြောင်ကြောင်နှင့် ဘီယာတစ်ခွက် လှမ်းပေးလိုက်သည်။ နောက်ထပ် ၁၅မိနစ်အကြာ
လူကြီး။ ။ဟေ့ ပြသနာမတက်ခင် ငါ့ကို ဘီယာတစ်ခွက်မြန်မြန်ပေးစမ်း
ဘားကောင်တာမှ လူလည်း အနည်းငယ် စိတ်ရှုပ်သွားသည်။ သို့သော် နောက်ထပ် ဘီယာတစ်ခွက် လှမ်းပေးလိုက်သည်။
တစ်ညလုံး ထိုလူကြီး သည် ထိုအတိုင်းဘီယာမှာသောက်နေသည်။  ၁၅ ခွက်မြောက်ကျတော့ ကောင်တာသမားက နားမလည်စွာဖြင့် ထိုလူကြီးကိုမေးသည် “ပြသနာမတက်ခင် ဆိုတာဘာကိုပြောတာလဲ။ နောက်တစ်ခုက ခုသောက်သောက်နေတဲ့ ဘီယာဖိုးတွေကို ဘယ်တော့ရှင်းမှာလဲ ခင်ဗျ”
လူကြီး။ ။ကဲကြည့်၊ အခု ပြသနာစပြီ

စုံထောက် 
          တစ်နေ့ ဦးစံရှားနှင့် ကိုသိန်းမောင်တို့နှစ်ယောက် ခရီးထွက်ကြသည်။  ညအိပ်ချိန်ရောက်တော့ တဲကလေးထိုးပြီး အိပ်ကျသည်။ နာရီအနည်းငယ်ကြာတော့ ဦးစံရှားက  သူ့ချစ်လှစွာသော သူငယ်ချင်း ကိုသိန်းမောင်ကို နှိုးလိုက်သည်။
“အိုင်ဆေး ကိုသိန်းမောင်၊ ကောင်းကင်ကြီးကို ကြည့်စမ်း ဘာမြင်ရတုန်း”
“အိုင်ဆေး ကိုစံရှား ကြယ်တွေစုံတဲ့ညကြီးပါလားဗျာ သိပ်လှတာဘဲ”
“ကိုသိန်းမောင် ဒါဟာ ဘာကိုဆိုလိုသလဲဆိုတာသိလား”
ကိုသိန်းမောင် အနည်းငယ်စဉ်းစားလိုက်သည် “အာကာသ သိပ္ပံအရတော့ ဒါဟာ ကျွန်ုပ်တို့ စကြ၀ဋ္ဌာကြီးထဲ ဂလက်စီလို့ခေါ်တဲ့ ကြယ်စုပေါင်း များစွာရှိသဗျ။  နောက်အဲ့ဒီကြယ်စုတွေထဲမှာ သန်းထောင်ပေါင်းများစွာသော ဂြိုလ်တွေလည်းရှိတယ်။  ဟော… အဲ့ဒီ စနေဂြိုလ်ကိုကြည့် ဒါဟာ ဟိတ်ရာသီထဲကိုရောက်နေပြီ။  အချိန်အရဆိုရင်တော့ ဒီအချိန်ဟာ မှန်းချေအရဆိုရင်တော့ ၃ နာရီခွဲလောက်ရှိပြီဗျ။  သီအိုရီအရတော့ ဒါဟာ အလွန်ကောင်မွန်တဲ့ နက္ခတ်တစ်ခုကိုး ကိုစံရှားရဲ့။ မိုးလေ၀သရှု့ဒေါင့်ကကြည့်မယ်ဆိုရင်တော့ မနက်ဖြန်ဟာ သာသာယာယာရှိမယ့် နေ့တစ်နေဘဲ ကိုစံရှားရေ။ ခင်ဗျား ဆိုလိုတာ ဒါမလား?”
ဦးစံရှား ခတ္တမျှ ငြိမ်သက်သွားသည်။ ထိုနောက် “အိုင်ဆေး ကိုသိန်းမောင် ကျုပ်တို့အိပ်နေတဲ့ တဲ လူခိုးခံလိုက်ရပြီခင်ဗျ”

စာသင်ခန်း 
          ဆရာမက အောက်ပါစာကြောင်းလေးကို သင်ပုန်ပေါ်မှာ ရေးလိုက်တယ်တဲ့။
“Woman without her man is nothing.”
ပြီးတော့ လိုအပ်တဲ့နေရာမှာ ပုဒ်ထီး၊ ပုဒ်မ ချဖို့ သင်ခန်းစာလုပ်ခိုင်းပါတယ်။
ယောင်္ကျားလေးတွေက ဘာရေးသလည်းဆိုတော့ “Woman, without her man, is nothing.”
မိန်းကလေးတွေက ဘာရေးသလည်းဆိုတော့ “Woman! without her, man is nothing.”

သင်္ချာနှင့် သိပ္ပံ ဘာကွာလဲ 
          သင်္ချာသမားတွေက မျဉ်းတစ်ခု ဖြောင့်ကြောင်း သက်သေပြဖို့ ကြိုးစားချိန်မှာ သိပ္ပံသမားတွေကတော့ အဲ့ဒီမျဉ်းရဲ့ အချက်အလက်တွေကို ရှာဖွေနေကြတယ်။

ဆရာမေးကြည့် 
          ဆိုးပေဟာ သူ့ဆရာမနှင့် အသည်းအသန်ငြင်းနေပါတယ်။
“မဟုတ်ဘူးဆိုးပေ ဝေလငါးဆိုတာဟာ လက်တွေကျတော့ လူကို မမျိုနိုင်ဘူးကွဲ့။  ဘာဖြစ်လို့လဲဆိုတော့ သူဟာ နို့တိုက်သတ္တ၀ါတွေထဲမှာ အကြီးဆုံးဖြစ်ပေမယ့် သူတို့ရဲ့ လည်မြိုတွေဟာ လူမျိုနိုင်လောက်အောင် မကြီးဘူး ကွဲ့”
“မဖြစ်နိုင်ဘူး ဆရာ သမ္မကျမ်းစာထဲမှာ ယောဟန်ကို ဝေလငါးကမျိုတာ မဖတ်ဖူးဘူးလား”
ဆရာက ဆိုးပေကို မဖြစ်နိုင်ကြောင်းထပ်ပြောပါတယ်
ဆိုးပေ။ ။ဆရာ ဒါဆိုရင် ကျွန်တော် ကောင်းကင်ဘုံရောက်တော့မှ ယောဟန်ကို မေးကြည့်မယ်။
ဆရာ။  ။ယောဟန်က ငရဲပြည်မှဆိုရင်ရော
ဆိုးပေ။ ။ အဲ့ဒါဆိုရင်တော့ ဆရာမေး

သိပ်ကံကောင်းတဲ့လူ 
အမူးသမားနှစ်ယောက် ဘားထဲတွင် စကားပြောနေကြသည်။
ပထမ အမူးသမား။       ။ငါ့ မိန်းမက နတ်သမီးလေး
ဒုတိယ အမူးမား။         ။ခင်ဗျား သိပ်ကံကောင်းတာဘဲ၊ ကျုပ် မိန်းမက ခုထိ လူ့ပြည်မှာ

အိမ်ပြန်ချိန် 
ဘားတစ်ခုထဲသို့ စီးပွားရေးသမားတစ်ယောက်ဝင်လာသည်။  အရက်တစ်ခွက်မှာသောက်သည်။ ပထမတစ်ခွက်ပြီးတော့ သူ့ အိတ်ထဲမှ တစ်စုံတစ်ရာထုတ်ကြည့်သည်။  ထို့နောက် နောက်တစ်ခွက်မှာပြီးထပ်သောက်သည်။  ဒီလိုနှင့် တစ်ခွက်ကုန်တိုင်း တစ်ခါထုတ်ကြည့်သည်။
          ကြာလာတော့ အရက်ဆိုင်ကောင်တာမှလူက စိတ်ဝင်စားလားသည်။  “ဒီမှာ ကိုယ့်လူ၊ ခင်ဗျား နောက်တစ်ခွက် မသောက်ခင်တိုင်း ဘာကို ထုတ်ထုတ်ကြည့်နေတာတုန်း”
စီးပွားရေးသမားက ပြန်ပြောသည် “ဟော့ဒီမှာလေ ကျုပ်မိန်းမပုံ၊ ကြည့်ရင်းကြည့်ရင်း သူပုံကလေးက ချစ်စရာကောင်းလာပြီဆိုရင် ဒါအိမ်ပြန်သင့်တဲအချိန်”

1 comment:

  1. ပြသနာတတ်သွားချင်လားရယ်..အိမ်ပြန်ချိန်ရယ် မိုက်တယ်...။

    ReplyDelete