ဂျပန်နိုင်ငံက ကူချိုဖူကု ဆိုသူ တီထွင်လိုက်တဲ့ အဲကွန်း ဂျာကင်ပါ။ ပိုလီယက်စရာနဲ့ (ရွှေပြည်ကြီးမှာတော့ နိုင်လွန်သားလို့ခေါ်ကြပါတယ်) ချုပ်လုပ်ထားတာဖြစ်ပြီး ဆိုဒ်အမျိုးအမျိုး ရရှိနိုင်ပါတယ်တဲ့။ တစ်ထည်ချင်းစီမှာ လျှပ်စစ်အားသုံး ပန်ကာလေး ၂ ခုစီတပ်ဆင်ထားပါတယ်။ ဒီပန်ကာလေးတွေက တစက္ကန့်ကို အမြန်ဆုံး အဆင့်မှာ လေ ၅ ငါလံကျော်ကျော် နည်းနည်းနှေးနှေးလေး ဖွင့်ထားမယ်ဆိုရင် လေ ၃ ဂါလံကျော်ကျော် သွင်းပေးနိုင်ပါသတဲ့။ ဒီဂျာကင်တွေကို ၀ယ်ယူမယ်ဆိုရင်တော့ အမေရိကန်ဒေါ်လာ ၁၈၆ ၀န်းကျင်ကျသင့်မှာဖြစ်ပါတယ်။ ဒါတောင် ဘက်ထရီနဲ့ အားသွင်းမယ့် ချာဂျာ တန်ဖို့ မပါဝင်သေးဘူးတဲ့။
ကူချိုဖူကုဟာ ဂျာကင်တင်မကပါဘူး။ အဲကွန်းဆိုဖာ၊ အဲကွန်း ကူရှင် တွေတင်မက အဲကွန်းရှပ်အကျိံကိုပါ တီထွင်ထားပါတယ်။ ဒါလေးတွေကို ၀ယ်ယူချင်တယ်ဆိုရင်တော့ www.japantrendshop.com မှာ သွားပြီး ကြည့်နိုင်ပါတယ်တဲ့။
No comments:
Post a Comment