စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, January 29, 2012

မျက်ကပ်မှန် ပထမဆုံး တပ်ဖူးသွားတဲ့ ဆင်ကလေး


          ဒီဆင်မကလေးကတော့ ဟော်လန်နိုင်ငံ အမ်စတာဒမ်မြို့က Artis ဆိုတဲ့ တိရိစ္ဆာန်ရုံက မြန်မာဆင်မကလေးဖြစ်ပါတယ်။  ခုအချိန်မှာတော့ ဒီဆင်မလေးဟာ အသက် ၄၄ နှစ်ရှိနေပြီ ဖြစ်ပြီးတော့ တရိစ္ဆာန်ရုံကိုလာတဲ့ ကလေးတွေရဲ့ အချစ်တော် ဆင်မလေးလည်း ဖြစ်ပါတယ်။  ဆင်မလေးရဲ့ နာမည်ကတော့ ၀င်းသီတာပါ။ 
          ဆင်မလေးဟာ အခြားသော တရိစ္ဆာန်ရုံထဲမှာရှိတဲ့ ဆင်တွေနဲ့ ကစားနေတုန်း သူ့ရဲ့ ဘယ်ဘက် မျက်ကြည်လွှာဟာ ဒဏ်ရာရသွားခဲ့ပါတယ်။  ဒါကြောင့်ပဲ တရိစ္ဆာန်ရုံက ဆရာဝန်တွေဟာ ဆင်မလေးရဲ့ မျက်လုံးကို မျက်ကပ်မှန် တပ်ဆင်ခြင်းအားဖြင့် ဆင်ကလေးရဲ့ မျက်ကြည်လွှာ ထိခိုက်မှု့ဒဏ်ကို ကာကွယ်ပေးခဲ့တာပါ။
          ဒီလို တပ်ဆင်တဲ့နေရာမှာတော့ အခက်အခဲအနည်းငယ်ရှိပါတယ်။  ဒါကတော့ ဆင်တွေဟာ အသက်ရှုထိခိုက်မှု့မရှိပဲ ကြာရှည်စွာ လဲလျှောင်းလို့မရပါဘူးတဲ့။  ဒါကြောင့် ဆင်မလေးကို ထုံဆေးပေးထားသည့်တိုင်အောင် မတ်တပ်ရပ်လျှက်အနေအထားမှာ ဆရာဝန်တွေက လှေကားနဲ့ တပ်ပြီး မျက်ကပ်မှန် တပ်ပေးခဲ့ရတယ်လို့ဆိုပါတယ်။ 

          ခုတော့ ဒီဆင်မကလေးဟာ ပျော်ရွှင်နေပြီလို့ဆိုပါတယ်။  နောက်ပြီးတော့ မျက်ကြည်လွှာမှာ ဖြစ်တဲ့ ဒဏ်ရာကလည်း မျက်ကပ်မှန်က ကာကွယ်ပေးထားလို့ မကြာခင်မှာပြန်လည် ကောင်းမွန်သွားမယ်လို့ဆိုပါတယ်။


Souce : (Link 1, Link 2)


2 comments:

  1. ဟုတ်တယ်..အဲလို အထောက်အကူပြုတဲ့ အရာတွေဆို လူတွေတင်မကပဲ
    တိရစ္ဆာန်တွေကိုပါ မျှဝေ ကုသသင့်တယ်..

    ဆာအွတ်ထောင်ရာ.. ဗယ်ရီဖီကေးရှင်းကြီး ဖြုတ်ပါအုံးဟ..ဖြုတ်ပေးရင် ဆာအွတ်ထောင်တို့ မင်္ဂလာဆောင်ကအပြန် ထုတ်လာတာကို ဘယ်သူ့မှ ပြန် မပြောဘူးနော်..:D

    ReplyDelete
  2. နယူး အင်တာဖေ့စ်ကြီးသုံးလိုက် ဗယ်ရီဖီကေးရှင်းကြီး မပြုတ်လိုက် အိုး အင်တာဖေ့စ် ပြန်သွားလိုက် ပြန်ဖြုတ်လိုက် နဲ့ word verification ဖြုတ်ပြီးပါကြောင်း ကိုရင်ခင်ဗျား............

    ReplyDelete