စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, January 19, 2012

နောက်ဆုံး ထွက်သက်မှာ မှတ်ချက်လေးပေးခဲ့နိုင်တဲ့ Facebook ပေါ်က if I die App.


          ဟိုတစ်လောက တိုက်ပေါ်က ခုန်ချပြီး အဆုံးစီရင်သွားတဲ့ ကိစ္စလေးတွေဖြစ်သွား တာတွေ့မှာပါ။  သွားလေသူက သွားလေတော့မှ သူ့ရဲ့ Facebook ပေါ်တက်ကြည့်ပြီး စိတ်မကောင်းတဲ့အကြောင်း၊ ဘာကြောင်းညာကြောင်း ကွန်မန့်တက်ရေးကြပေမယ့် သွားလေသူကတော့ ဘယ်လိုမှ ကွန်မန့်ရေးမပေးနိုင်တော့ပါဘူး။  တစ်ကယ်တော့ သင့်ရဲ့ နောက်ဆုံးသွားလမ်းခရီးရောက်တော့မှ Facebook ပေါ်တက်ပြီး ဘိုင့် ဘိုင့် ဆို လက်ပြနှုတ်ဆက် Status Update လေးချန်ခဲ့ရမယ်ဆိုရင်တော့ သိပ်မနိပ်လှပါဘူး။  အဲ့ဒီအတွက် ရွေးချယ်စရာတစ်ခု ရှိပါပြီ။  ဒါကတော့ If I die ပါ။  အခုတော့ Facebook ပေါ်မှာ If I Die ဆိုတဲ့ App အသစ်ထွက်ပေါ်လာပါပြီ။
          If I die ရဲ့ အလုပ်လုပ်ပုံလေးကတော့ ဒီလိုပါ - ဒီ App လေးကို Install လုပ်၊ ပြီးရင် ဖေ့စ်ဘွတ်ပေါ်က သင့်ရဲ့ အယုံကြည်ရဆုံး လူ ၃ ယောက်ကို ရွေးချယ်ပါ။  ဒီသုံးယောက်ကတော့ တစ်ကယ်လို့ သင်အမှန်အကန် သေသွားခဲ့ရင် သင်သေကြောင်း ထောက်ခံပေးရမယ့် ၃ ယောက်ပါ။  အဲ့ဒီ ၃ ယောက်ကို ရွေးချယ်ပြီးရင်တော့ သင်မှာခဲ့ချင်တာတွေ၊ ပြောခဲ့ချင်တာတွေ ကို ဗီဒီယိုနဲ့ ရိုက်ထားချင်ထား၊ ဒါမှ မဟုတ်လည်း ရေးချင်တာတွေကို တစ်ဝကြီးရေးထားပြီးရင် ဒီ App လေးက သိမ်းထားပေးမှာပါ။
          သင် ယုံကြည့်ရတဲ့ ၃ ယောက်က သင်သေပြီလို့ သက်သေပြလိုက်ရင်တော့ သင့်ရဲ့ နောက်ဆုံးချိန်မှာ ပြောချင်ခဲ့တဲ့ ရေးထားခဲ့တာတွေကို သင့် Facebook စာမျက်နှာပေါ်မှာ Update လုပ်ပေးမှာပါ။  ဒါမှမဟုတ်သင် ချက်ချင်းကြီး မပေါ်ချင်သေးရင်လည်း ပေါ်ချင်တဲ့အချိန်ကို သတ်မှတ်ပေးခဲ့လို့ရပါသေးတယ် လို့ Mashable.com က ပြောသွားပါတယ်။

          ခုတော့ အဲ့ဒီ ကုမ္ပဏီကအဲ့ဒီကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ ၀န်ထမ်းတွေတောင် မှာကြားချင်သူရဲ့ နောက်ဆုံး စာသားတွေ၊ ဗီဒီယိုတွေကို သူ အမှန်တကယ် မသေခင်အထိ မဖတ်နိုင်အောင် စီစဉ်နေတယ်လို့ဆိုပါတယ်။  ခုတော့ ဒီ If I die App ကို လူပေါင်း ၇၀၀၀ ကျော်က Like လုပ်ပြီးနေပြီလို့ဆိုပါတယ်။  အဲ့ဒီတော့ သင်လည်း သင်သေသွားတဲ့အခါ သင်မကျေနပ်တဲ့ လူတွေကို နာမည်တပ်ပြီးတော့ ကော်ဆဲခဲ့မှာလား၊  မိသားစုတွေကို တစ်ခုခုမှာခဲ့မှာလား၊ ဘာတွေ ရေးချင်ခဲ့တာလည်း၊ ဘယ်သူ့ကိုဖြင့် ဘာတွေမှာချင်တာလည်း အကုန်လုံးကို ကြိုတင် ဘွတ်ကင်တင်ပြီးတော့ စီစဉ်စရာရှိတာ စီစဉ်လို့ရနေပါပြီ။  ဒါပေမယ့် သေချာတာကတော့ ဘယ်သူက ဒီ If I die ကို အမှန်တကယ် သုံးချင်မသုံးချင်နဲ့ ပထမဆုံး Customer ဖြစ်ချင်သလားဆိုတာပါ။


Source : (Link

9 comments:

  1. သုံးချင်ဝူး သုံးချင်ဝူး လုံးဝမသုံးချင်ပါဘူး ဟိ
    သတင်းလေးအတွက် ကျေးကျေးပါ

    ReplyDelete
  2. အိမ်း ကောင်းသကွယ်
    ဆေးစစ်ချက်ထွက်လာလို့ အခြေနေမကောင်းရင်
    စမ်းသုံးကြည့်တာပေါ့
    လိုအပ်ရင် အကိုအေအိတ် သက်သေလုပ်ပေးရမယ်နော်
    ကိုယ့်မှာတော့ ဆဲစရာလဲမရှိ ပေးစရာလဲမရှိ မှာစရာလဲမရှိ
    အကြွေးတွေပဲရှိ အဟိ အဟိ

    ReplyDelete
  3. ဆန်းကျယ်လှတဲ့လောကကြီးထဲမှာရှင်သန်နေတဲ့
    လူတွေရဲ့အတွေးအခေါ်တွေကလည်းအံ့သြလောက်စရာပဲနော်။
    သေချင်းတရားနဲ့ပတ်သက်ရင်တော့အဖို့ပါလာသလိုပဲ
    ကံတရားကစီမံမှာကိုယုံကြည်ထားတယ်မောင်အောင်ထွဋ်ရေ။
    ဗဟုသုတလေးအတွက်ကျေးဇူးပါနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. သေပြီးမှတော့ဘာကိုမှ စိတ်မ၀င်စားတော့ပါဘူး
    မသေခင်တော့ သူငယ်ချင်းအားလုံးကို ချစ်ချစ်ခင်ခင်နေချင်ပါတယ်

    ReplyDelete
  5. ထွင်နိုင်ပါပေ့ facebook ရယ်...

    ReplyDelete
  6. အမျိုးမျိုးကိုထွင်နေတော့တာပဲနော်
    သတင်းလေးသိလိုက်ရလို့ကျေးဇူးပါအကို

    ReplyDelete
  7. ဟဲ့ အဲသလိုကောရှိသလား လုပ်ထားပေးသလား သတင်းကောင်းလို့ပဲပြောရမလား သြချရမလားသိဖူးး)း)
    ကောင်းတယ်ပြောရမလား ဆိုးတယ်ပြောရမလား ရှိနေတာတော့သိလိုက်ပြီ
    ဘယ်နယ်လည်း ပြည်တော်ပြန်ခရီးး)း)

    ReplyDelete
  8. ဟီးးးးးးးး ဖေ.ဘွတ်က တော်တော်ထွင်တာဘဲဗျာ အဆန်းတွေ

    ReplyDelete
  9. ကျနော်သေလျှင် အကြွေး ၅၀ ပေးရန်ကိုအားထောင်သက်သေရှိပါသည် ။ သူတို့ဝိုင်းရှင်းကြပါလိမ့်မည်း)

    ဟဲဟဲ မသုံးချင်ပါဘူး )

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete