စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, September 2, 2011

၂၀၁၁ နိုဝင်ဘာ ၅ ရက်နေ့မှာ Facebook တစ်ကယ်ဘဲ ဆုံးခန်းတိုင်မှာလား?


            ခုတစ်လော အင်တာနက်စာမျက်နှာတွေနဲ့ YouTube ပေါ်မှာ ပျံနှံနေတာကတော့ Anonymous (အမည်မသိ) လို့နာမည်ပေးထားတဲ့ ဟက်ကာ တစ်စုဟာ Facebook ကို ၂၀၁၁ နိုဝင်ဘာ ၅ ရက်နေ့မှာ တိုက်ခိုက်မယ်လို့ ကြော်ငြာထားတဲ့ အပေါ်မှာပါ။ 
          YouTube ပေါ်မှာတော့ ဒီ ဟက်ကာတွေ ကြော်ငြာထားတာကတော့ လူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ လုံခြုံမှု့ရှိစေရန်အတွက် ဖေ့စ်ဘုတ်ကို “Kill” သတ်ဖို့ ပါဝင်ကူညီကြပါတဲ့။  Anonymous ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ရောက်က AFP သတင်းဋ္ဌာနကိုပြောသွားရာမှာတော့ လောလောဆယ်အထိကတော့ ကျွန်တော်တို့ အဖွဲ့ရဲ့ ခေါင်းဆောင်ကိုယ်တိုင်ကိုက ဘယ်လောက်အထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်မယ်ဆိုတာကတော့ မသေချာသေးပါဘူးတဲ့။ 



          YouTube ပေါ်မှာ Anonymous အဖွဲ့ကပြောထားတာကတော့ ဒီလိုပါ
“ကမ္ဘာပေါ်မှာရှိနေတဲ့ နိုင်ငံသားများ နားထောင်ပေးကြပါ။  ကျွန်တော်တို့ဟာ Anonymous(အမည်မသိ) အဖွဲ့ဖြစ်တယ်။  ကျွန်တော်တို့ အခု ကြေငြာချက်ကို ဂရုစိုက်ပြီးနားထောင်ကြပါ။  အခုကြေငြာမယ့် သတိပေးချက်ကတော့ အောက်ပါအတိုင်းဖြစ်တယ်။  ကျွန်တော်တို့အဖွဲဟာ လူမှု့ဆက်သွယ်ရေးကွန်ယက်တစ်ခုကို ဖျက်စီးပစ်မှာဖြစ်တယ်။  ဖေ့ဘွတ် (Facebook) ဟာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို နိုင်ငံတွေရဲ့ အစိုးရအဖွဲ့အစည်းတွေကို ရောင်းစားနေတယ်။  ဒါကြောင့် ဒီအစိုးအရအဖွဲ့တွေဟာ ကမ္ဘာပေါ်မှာရှိနေတဲ့ ဖေ့စ်ဘွတ်သုံးသူတွေရဲ့ အကောင့်တွေကို ၀င်ရောက်ကြည့်ရှု့နိုင်ပြီး သူတို့ထောက်လှမ်းချင်သမျှလူတွေကို အလွယ်တစ်ကူ ထောက်လှမ်းနိုင်တယ်။  ဥပမာ အီဂျစ်နဲ့ ဆီးရီယား ကိစ္စတွေကို ကြည့်ပါ။  သင် ဖေ့စ်ဘွတ်ပေါ်မှာ ပြုလုပ်သမျှအရာတိုင်း သင့်ရဲ့ ကိုယ်ရေးကိုယ်တာတွေအပါအ၀င် သင့်ရဲ့ လှို့ဝှက်နံပါတ် (Passward)၊ စတာတွေဟာ ကျန်ရစ်နေမှာဖြစ်ပြီး သင်မသုံးချင်တော့လို့ ဖေ့စ်ဘွတ်အကောင့်ကို ပိတ်သည့်တိုင်အောင် သူတို့ကတော့ အချိန်မရွေးပြန်လည် ဖော်ပြီး (Recover) ကြည့်ရှု့နိုင်ပါတယ်။  သင့်ရဲ့ ကိုယ်ရေးကိုယ်တာလုံးခြုံမှု့ (Privacy) ကို ဖေ့စ်ဘွတ်ပေါ်မှာပြောင်းထားလဲ ဒါဟာ အလကားပါ။  ဖေ့စ်ဘွတ်ဟာ သင့်အကြောင်းကို သင့်မိသားစုထက်ပိုပြီးတော့ သိတယ်။  အင်တာနက်စာမျက်နှာပေါ်မှာရှိတဲ့ ဖေ့စ်ဘွတ်ပေါ်မှာ နေသူအားလုံး သိထားရမှာက သင်ဟာ ဖေ့စ်ဘွတ် ဆိုဒ်နဲ့ ပါတ်သတ်ပြီးတော့ရော နိုင်ငံတိုင်းရဲ့ အစိုးရအဖွဲနေနဲ့ရော ပတ်သတ်ပြီးတော့ ဘယ်တော့မှ လုံခြုံစိတ်ချမှု့ရမှာမဟုတ်ပါဘူး။ တစ်နေ့သင် နောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါမှာ သင်ဟာ ဒါကို သုံးလိုက်မိတဲ့အတွက် မှားသွားပါလားလို့ နောင်တရနေလိမ့်မယ်။  ဒါလေးတွေကို တွေးထားပါ နောက်ပြီး ကျွန်တော်တို့ ဘယ်လို ဖျက်စီးပစ်မယ်ဆိုတာကိုလဲ စောင့်ကြည့်နေပါ။  ၅ရက် နိုဝင်ဘာ ၂၀၁၁၊ 
ကျွန်တော်တို့ဟာ Anonymous (အမည်မသိ)
          ကျွန်တော်တို့ဟာ မဟာဆန်တဲ့ လူတွေ
                   ကျွန်တော်တို့ဟာ ဘယ်တော့မှ မမေ့တတ်ဘူး
                             ကျွန်တော်တို့ဟာ ဘယ်တော့မှ ခွင့်မလွှတ်တက်ဘူး  “

Source : YouTube, http://www.news.com.au


ဟုတ်တာမဟုတ်တာ အသာထား… စိတ်တော့ စိတ်ဝင်စားစရာလေးပါပဲ။

3 comments:

  1. စောင့်ကြည့်တာပေါ့။ မရတော့လည်း မသုံးပဲနေကြပေါ့။

    ReplyDelete
  2. သူတို့ပြောသလိုသာဟုတ်နေရင်တိုက်ခိုက်သင့်ပါတယ်။
    သူများအတွင်းရေးကိုခွင့်ပြုချက်မရှိပဲအလွဲသုံးစားလုပ်
    တာခွင့်လွှတ်စရာအကြောင်းမရှိပါ။ဒါပေမယ့်ဟက်ကာ
    တွေစွပ်စွဲသလိုမဟုတ်ရင်တော့FBဆိုတာလူသားတွေ
    အတွက်အလွယ်ကူဆုံးလူမူ့ရေးကွန်ယက်တစ်ခုမို့အဲဒီ
    ဟက်ကာတွေကိုပဲဆန့်ကျင်ရမှာပါ။သဘောကကျနော်
    လိုခပ်တုံးတုံးကောင်ကလက်လွန်ခြေလွန်မဖြစ်အောင်
    ခွထိုင်ထားတဲ့ပုံစံမျိုးပေါ့:D:P:D:P

    ReplyDelete
  3. နာလိုလူကတော့သုံးဘူး ဖျက်ဖျက် လုပ်လုပ်
    ထိုင်ကြည့်နေမယ် အိပ်ရေးပျက်တယ်
    မျက်လုံးညောင်းလို့ တင်ထားတဲ့ပတ်စ်ဝပ်တောင်မေ့နေပြီး)

    ReplyDelete