စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, May 22, 2012

သူတို့တွေ ဘယ်ကစတယ် ၁


Google


          လက်ရှိကျွန်တော်တို့နဲ့ အင်တာနက်သုံးရင် ရင်းနှီးနေတဲ့ ဂူဂဲလ်ကိုတော့ ၁၉၉၈ ခုနှစ်မှာ လယ်ရီ ပေ့ခ်ျ (Larry Page) နဲ့ ဆာဂေး ဘရင် (Sergey Brin) တို့က ၁၉၉၈ ခုနှစ်မှာ စကားလုံးလေးတွေ ရိုက်သွင်းယုံနဲ့ တကမ္ဘာလုံးက သတင်းအချက်အလက်တွေရရှိအောင် ဆိုတဲ့ စိတ်ကူးလေးနဲ့ စတင်တည်ထောင်ခဲ့တာပါ။  ဒါဟာ အင်တာနက်လောကမှာ သမိုင်းတစ်ခု ရေးထိုးခဲ့တာပါပဲ။  ၉၀ခုနှစ် အလည်လောက် စတန်းဖိုဒ့် တက္ကသိုလ်မှာ လယ်ရီ က အသက် ၂၄ နှစ်၊ ဘရင်က အသက် ၂၃နှစ်။  သူတို့စတွေ့ပြီးတဲ့ချိန်မှာ Ph.D ဘွဲ့သင်တန်းတက်နေတဲ့ ဒီနှစ်ယောက် ဂူဂဲလ်ကို သုတေသန ပရောဂျက်အတွက် စတင်ဖန်တီးခဲ့တာပါ။  အစပိုင်းမှာ BackRub ဆော့ဖ်ဝဲကို အသုံးပြုပြီးတော့ နောက်ပိုင်းမှာတော့ Google ဆိုတဲ့ နာမည်ကို အသုံးပြုပါတယ်။  Google ဆိုတာကတော့ သင်္ချာပညာရပ်မှာ “Googol” ဆိုတဲ့ ဝေါဟာရကို ယူထားတာဖြစ်ပြီး အဓိပ္ပာယ်ကတော့ ၁ နောက်မှာ သုည ၁၂ ဒါဇင် ပါဝင်တဲ့ ကိန်းညွှန်း အဓိပ္ပာယ်ပါ။  အဲ့ဒီအချိန်တုန်းကတော့ စတန်းဖိုဒ့်ရဲ့ ၀ဘ်ဆိုဒ်ကို Host အဖြစ်ယူခဲ့ပြီး အဲ့ဒီတုန်းက Google ရဲ့ ၀ဘ်လိပ်စာက google.standford.edu ပါ။
Photo Reference : (Link)


          ၁၉၉၆ ခုနှစ်မှာ သူတို့နှစ်ယောက်သား သမိုင်းသစ်ရေးထိုးမယ့် စကားလုံးတွေနဲ့ ရှာဖွေတဲ့ နည်းပညာကို အတူတကွ ကြိုးစားလုပ်ဆောင်ခဲ့ကြပါတယ်။  ၁၉၉၈ မှာတော့ စတန်းဖို့ဒ်က ထွက်လာတဲ့ သူတို့နှစ်ယောက်အတွက် ဂူဂဲလ်ဖြစ်လာမယ့် ကုမ္ပဏီနေရာကတော့ ကားဂိုဒေါင်ရုံတစ်ခုမှာပဲဖြစ်ပါတယ်။  အဲ့ဒီမှာပဲ သူတို့နှစ်ယောက် ဂူဂဲလ်ရဲ့ အနာဂတ်ကို ဆက်လက် မွေးဖွားကြပါတယ်။  ၁၉၉၇ စက်တင်ဘာလ ၁၃ ရက်နေ့မှာတော့ ကျွန်တော်တို့ လက်ရှိသုံးနေကြတဲ့ www.google.com ကို တရားဝင် မှတ်ပုံတင်ခဲ့ကြပါတယ်။  နောက်တစ်နှစ်မှာတော့ ဘရင်နဲ့ ပေ့ခ်ျတို့ဟာ ဂူဂဲလ်ကို Private company အဖြစ် စတင်တည်ထောင်ခဲ့ကြပါတယ်။  ၁၉၉၈ ခုနှစ်မှာတော့ ဂူဂဲလ်ကို တစ်နေ့ လူပေါင်း ၁ သောင်းကျော် အသုံးပြုနေကြပါပြီ။ အဲ့ဒီအချိန်မှာလည်း ဂူဂဲလ်ရဲ့ စကားလုံးလေးတွေနဲ့ ကြော်ငြာတဲ့ လုပ်ငန်းက အလုပ်ဖြစ်နေပါပြီ။  ဒီလိုမျိုး လူပေါင်းများစွာ ဂူဂဲလ်ကို အသုံးပြုလာကြပေမယ့် ဘရန် နဲ့ ပေ့ခ်ျတို့မှာတော့ လုံလောက်တဲ့ ကွန်ပျူတာတွေ မရှိ၊ အသုံးပြုသူတွေများလာတော့ မနိုင်မနင်းဖြစ်လာပါတော့တယ်။
၁၉၉၈ ကနေ ၁၉၉၉ ခုနှစ်အထိ အသုံးပြုခဲ့တဲ့ ဂူဂဲလ်ရဲ့ ၀ဘ်စာမျက်နှာ

ဂူဂဲလ်စတုန်းက ဟောဒီလို ဆာဗာမျိုးနဲ့ စတင်ခဲ့ကြတာပါ


          ဒီလိုနဲ့ Sun Andy Bechtolsheim ဆိုတဲ့ ဂူဂဲလ်ရဲ့ ပူးတွဲတည်ထောင်သူဖြစ်လာမယ့် သူက ပေ့ခ်ျ နဲ့ ဘရင် တို့ကို ဒေါ်လာ ၁ သိန်းတန် ချက်လက်မှတ်တစ်စောင်ထုတ်ပေးခဲ့တာကနေပြီးတော့ ယနေ့ Google Inc. ဆိုတဲ့ ကုမ္ပဏီကို မွေးဖွားခဲ့ပါတယ်။  ၁၉၉၈ စက်တင်ဘာမှာတော့ ဂူဂဲလ်ဆိုတဲ့ ကုမ္ပဏီရုံးကို ကာလီဖိုးနီးယားမှာ စတင်ထူထောင်ခဲ့ပြီးတော့ ဘဏ်အကောင့်ကိုလည်း ဂူဂဲလ်နာမည်နဲ့အဲ့ဒီ ဒေါ်လာ ၁ သိန်းတန်ချက်လက်မှတ်ကို အသုံးပြုကာ ဖွင့်လှစ်ခဲ့ပါတယ်။
ဒါကတော့ လက်ရှိဂူဂဲလ်ရဲ့ နယူးယော့ခ်က Googleplex Inc NYC, U.S.A အဆော်ကအဦးကြီးပါ။  အစပိုင်းမှာ ငှားရမ်းဖွင့်လှစ်ပြီး 2006ခုနှစ်မှာ Silicon Graphic ဆီကနေ ဒေါ်လာ ၃၁၉ သန်းနဲ့ ၀ယ်ယူထားတာပါ
---------------------------------------------------------------------------------



YouTube
          YouTube ဆိုတဲ့ ဗီဒီယို လေးတွေ တင်လို့၊ ကြည့်လို့ ရတဲ့ ၀ဘ်ဆိုဒ်ကိုတော့ ၂၀၀၅ ခုနှစ်မှာ PayPal ၀န်ထမ်းတွေ ဖြစ်ခဲ့တဲ့ Chad Hurley, Steve Chen နဲ့ Jawed Karim တို့က ပူးတွဲတည်ထောင်ခဲ့တာပါ။  “YouTube.com” ဆိုတဲ့ ၀ဘ်ကို စတင်တဲ့နှစ်ကတော့ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် (ဗယ်လင်တိုင်းနေ့) မှာဖြစ်ပါတယ်။  သူတို့တွေလည်း ဒီ ၀ဘ်ဆိုဒ်ကို ကားဂိုဒေါင်ထဲမှာပဲ အစပြုခဲ့ပါတယ်။  YouTube ရဲ့ ပထမဆုံး ဗီဒီယိုကတော့ Me at the zoo ဆိုတဲ့ ဗီဒီယိုလေးဖြစ်ပါတယ်။  ဒီဗီဒီယိုကိုတော့ YouTube ကို ပူးတွဲတည်ထောင်သူဖြစ်တဲ့ Jawed Karim က ဆန်ဒီယေဂို တရိစ္ဆာန်ရုံမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုလေးဖြစ်ပါတယ်။  YouTube ကို စတင်ဖို့ စိတ်ကူးရတာကတော့ ဆန်ဖရန်စစ်စကိုက ချန်းရဲက အိမ်မှာ ညစာစားပွဲလုပ်ရင်းနဲ့ ဟာလေနဲ့ ချန်းတို့နှစ်ယောက် စိတ်ကူးရတယ်လို့ဆိုပါတယ်။  

YouTube ရဲ့ ပထမဆုံး ဗီဒီယို Me at the Zoo

အစောပိုင်းကာလတွေတုန်းက YouTube ရဲ့ ရုံးစိုက်ရာ San Mateo 


Source & Reference: (Wikipedia)

10 comments:

  1. ကျေးဇူးပါဗျာ ... ဗဟုသုတ တော်တော် လေးရလိုက်ပါတယ် ... နေ့ စဉ်တော့ မြင်နေရတာပဲ ဒါပင်မဲ့  ဘာမှန်ကို ကို မသိခဲ့ဘူးလေ ...
    အခု မှ ပဲ သိခွင့်ရတယ် ဗျာ ... ။

    ReplyDelete
  2. အစ်ကိုရေ ကျေးဇူးပါဘဲ တော်တော်လေးကို သိသွားပြီ။

    ReplyDelete
  3. ရှာဖွေတတ်ပါပေ့ဗျာ...ဂလိုဆို တစ်ခုလောက် မေးပါရစေအုံးဗျာ..
    အမကိုရော ကားဂိုဒေါင်မှာ တွေ့ခဲ့တာလားဟင် :D

    ReplyDelete
  4. သိသင့်တာလေးတွေဖတ်ခဲ့ပါတယ်..
    ကျေးဇူးတင်ပါတယ်ရှင်..

    ReplyDelete
  5. ၁ ဆိုတော့ ၂ လာဦးမဲ့ သဘောပေါ့လေ။း)

    ခူးခတ်ပြီးသား စားရတာလဲ အရသာတစ်မျိုးကိုးဗျ။

    ReplyDelete
  6. Nice,,, :)... ဗဟုသုတရတယ် ကိုအောင်ထွဋ်ရေ... ကျေးဇူးပါ...

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  7. အလိုလေး ကောင်းလိုက်တဲ့ဗဟုသုတ ကိုအားထောင်ရေ ကျေးဇူးပါနော်

    အဲစကားမစပ် ဟိုလူကြီးမေးသလိုမေးကြည့်လို့ရမလားဟင်း))

    ခင်မင်လျှက်

    ဒိုးကန်

    ReplyDelete
  8. ဗဟုသုတရလိုက်တယ်...
    အိမ်က သားပြည့်မေးတတ်တဲ့ မေးခွန်းတွေပေါ့...
    သားပြည့်အတွက် လင့်ခ်ပါမှတ်သွားပြီ..

    ReplyDelete
  9. ဖတ်လိုက်ရတာ ဗဟုသုတ ရလိုက်တယ် ..
    ကျေးဇူးး ပါ ..း))

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  10. ဂိုဒေါင်ထဲက ဘဲနှစ်ပွေ

    ReplyDelete