စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, January 10, 2012

မြောက်ကိုရီးယား ခေါင်းဆောင်ကြီးအတွက် တိရိစ္ဆာန်တွေတောင် ငိုသတဲ့


          မြောက်ကိုရီးယား သတင်းဋ္ဌာနကကြေငြာချက်မှာတော့ သွားလေသူကြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးကို ပူဆွေးသောကရောက်လွန်းလို့ လူတွေတင်မက ရာသီဥတုတွေ ပိုမိုအေးသွားပါသတဲ့။  ဒါတင်လားဆိုတော့ မဟုတ်ပါဘူး ခုလည်း သွားလေသူခေါင်းဆောင်ကြီးအတွက် ပူဆွေးသောကရောက်လွန်းလို့ တောကျီးကန်းငှက်တွေ၊ ၀က်ဝံတွေပါ ငိုယိုမြည်တမ်းကြပါတယ်လို့ သတင်းထုတ်ပြန်သွားပါတယ်။
          ခေါင်းဆောင်ကြီး ကင်ဂျုံအီးလ်ဟာ သက်တော် ၆၉ နှစ်အရွယ်မှာ နတ်ရွာစံတော်မူပြီး အထီးကျန်တိုင်းပြည် မြောက်ကိုရီးယားကို ၁၇တိုင်တိုင် စိုးစံသွားခဲ့တာပါ။  သူဟာ ရာသီဥတုကို ထိန်းချုပ်နိုင်သူလို့ သူ့ကိုယ်သူ ယုံကြည်ခဲ့ပြီး အံဖွယ် ဂေါက်စွမ်းရည် ၃၈ကျင်း ကို တစ်ကိုယ်ထည်း တင်ခဲ့သူပါတဲ့။ 
          မြောက်ကိုရီးယား သတင်းဋ္ဌာနက ကြေငြာသွားတာကတော့ “၂၀၁၁ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၅နာရီခွဲလောက်မှာ ဘယ်နေရာမှလာမှန်းမသိတဲ့ တောကျီးငှက် ရာပေါင်းများစွာဟာ မြန်ယောင်ထဲ ဒေသရဲ့ ချန်ဒုတ် ကျောင်းဝန်းထဲရှိ သမ္မတကြီး ကင်အီလ်ဆွန်းရဲ့ ရုပ်ထုနားမှာ လာရောက်ဝဲပျံကြပြီး ခေါင်းဆောင်ကြီးတော့ သွားလေပြီလို့” မြည်တမ်းနေကြသယောင်ရှိတယ်လို့ သတင်းထုတ်ပြန်သွားပါသတဲ့။
          ကင်ဂျုံအီးလ် သေဆုံးပြီလို့ သတင်းထုတ်ပြန်တာဟာ ဒီဇင်ဘာ ၁၉ရက်နေ့မှာဖြစ်ပြီး တစ်ကယ်သေဆုံးတာကတော့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာဖြစ်ပါတယ်။  ခေါင်းဆောင်ကြီးဟာ ရထားပေါ်မှာ သေဆုံးတာဖြစ်ပြီး သူ့ရဲ့နိုင်ငံအတွက် လိုအပ်သည်များ မှာကြားရန် သွားရောက်စဉ်မှာ သေဆုံးတယ်လို့ဆိုပါတယ်။ 

          ခေါင်းဆောင်ကြီးသေဆုံးတော့ ဆောင်းတွင်းမှာ တစ်တွင်းလုံးအိပ်နေလေ့ရှိတဲ့ ၀က်ဝံကြီးများတောင် ငိုကြသေးပါသတဲ့။  မြောက်ကိုရီးယား သတင်းဋ္ဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ “၀က်ဝံအမေကြီးနဲ့ သူ့သားလေးတွေဟာ လမ်းမကြီးပေါ်ကိုထွက်ပြီး ခေါင်းဆောင်ကြီးကို လွမ်းဆွတ်သတိရလွန်းလို့ ငိုကြွေးတယ်” လို့ဆိုပါတယ်။
          ခုတော့ ကင်ဂျုံအီးလ်ရဲ့နေရာကို သူ့ရဲ့ အငယ်ဆုံးသားဖြစ်သူ ကင်ဂျုံအွန်းက ဆက်ခံမှာဖြစ်ပြီး တတိယမြောက်မျိုးဆက်ဖြစ်ပါတယ်။  ခုလည်း အဖိုးခြေရာနင်းမယ့် အသက် ၂၀ကျော်ပြီးဖြစ်တဲ့ တတိယမြောက်မျိုးဆက်လေးက သူ့မှာ စစ်ရေးအတွေ့အကြုံမရှိပေမယ့် သူ့ကိုယ်သူတော့ “ပါရမီထူးတဲ့လူတွေထဲက အလွန်ကို ပါရမီထူးသူ” လို့ ခံယူထားပါသတဲ့။


Source : (Link)

6 comments:

  1. မောင်မျိုးJanuary 10, 2012 at 4:27 PM

    ရူးလိုက်ကြတာဗျာ ဆိုးချက် ဖတ်ရတာတောင် အော့နှလုံးနာတယ် ဒီလူတွေတော်တော်ရူးတယ် ။း(

    ReplyDelete
  2. “ပါရမီထူးတဲ့လူတွေထဲက အလွန်ကို ပါရမီထူးသူ”--ရေ
    ဘာတွေလုပ်မလဲ စောင့်ကြည့်ရတာပေါ့နော်
    တစ်ကယ်လဲ ပါရမီထူးတယ်ထင်ပါရဲ့
    ဒါကြောင့်အသက်ငယ်ငယ်နဲ့ တိုင်းပြည်အုပ်ချုပ်ရတာပေါ့နော်

    ReplyDelete
  3. ဟီးးးဟီးးးအီးး ဟီးးဟီးးး
    အဟင့် အဟင့် အဟင့်

    တင်လိုက်စမ်းဘာ ကိုအားထောင်ရယ် ကင်ချုပ်တီးအတွက်
    ပျားကောင်ဒိုးကန်တောင်ငိုဘာဒယ်လို့ တင်ပေးလိုက်စမ်းဘာာာာာာာာာာ

    တို့လဲပါရမီထူးသူပါပဲ .. ရန်ကုန်နေတုန်းကဆို ပါရမီကားတွေပဲစီးတား)

    ပါရမီရှင်ဂျီး

    မဒိုးကန်

    ReplyDelete
  4. ရူးလိုက်တဲ့ေ-ာက်ရူးတွေ။ အံ့ရော.....။

    ဟုတ်ပါ့။ ကျုပ်လည်း ဒိုးကန်လိုပဲ ပါရမီရှင်ပါပဲ။ ပါရမီနဲ့  အတော် နပမ်း သတ်ခဲ့သေးတာကိုး

    ReplyDelete
  5. ကင်ချူပ်တီ တိရိစ္ဆာန်ဘ၀ရောက်လာလို့ ကြောက်ကြောက်လန့်လန့် ၀က်ဝံတွေ ငှက်တွေ ငိုကြတာနေမှာပေါ့

    ReplyDelete
  6. ဒွတ်ခပါပဲ ကိုအားထောင်ရယ်...ရူးပါပေ့.....၊စိတ်ကုန်ဒယ်...၊အဲ့လောက်ကြီး
    တောင်ဝါဒဖြန့်ရသလားဗျာ.....။

    ReplyDelete