စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, January 22, 2012

အဆော့ကောင်းလို့ ဦးနှောက်ထဲက အိမ်ရိုက်သံ ခွဲထုတ်လိုက်ရတဲ့ ငနဲ


          လူမှန်ရင်တော့ တစ်ခါတစ်လေ ပေါက်ကရလုပ်ချင်ကြတာပေါ့လေ။  သို့ပေမယ့် ချီကာဂိုက ဒန်တေ အော်တူလို လိုတော့ ခေါင်းထဲကို အိမ်ရိုက်သံချောင်း ရိုက်တဲ့စက်နဲ့ အိမ်ရိုက်သံ ပစ်မသွင်းနဲ့ပေါ့။  ပြီခဲ့တဲ့ သောကြာနေ့မှာတော့ ဒီ ချီကာဂိုမြို့သားကို ဆရာဝန်တွေက ခွဲစိတ်ပြီးတော့ ၃.၇၅ လက်မရှိတဲ့ အိမ်ရိုက်သံချောင်းကို ခွဲထုတ်ခဲ့ရတယ်လို့ဆိုပါတယ်။  သို့ပေမယ့်လည်း ဒန်တေ ကိုတိုင်ကတော့ ဒီသံချောင်းဟာ သူ့ဦးနှောက်ရဲ့ အလယ်နေရာလောက်ကို အမှန်တကယ်ဝင်သွားခဲ့တယ်ဆိုတာကို ကိုယ်တိုင် မသိခဲ့ပါဘူးတဲ့။  ဆရာဝန်တွေက သူ့ရဲ့ ဦးခေါင်းကိုရိုက်ထားတဲ့ ဓာတ်မှန် ယူလာပြတဲ့အချိန်အထိ သူ့ကို နောက်နေတယ်လို့ပဲ ထင်ပါသတဲ့။ 
          ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ဒန်တေ ဟာ စင်လေးတစ်ရင်ကို ဆောက်နေတုန်း သံရိုက်တဲ့ သေနတ်နဲ့ သူ့ဦးခေါင်းကို သူ့ဟာ သူ ပစ်လိုက်ပါတယ်တဲ့။  သူနဲ့ အလုပ်အတူလုပ်နေတဲ့ ဂေးလ် ဂလန်ဇာ ဆိုသူက သူရဲ့ ဒဏ်ရာကို ဆေးကြောပေးပါသတဲ့။  သို့ပေမယ့်လည်း ဒန်တေ ကိုယ်တိုင်ကတော့ သံချောင်းဟာ သူ့ခေါင်းထဲကို ၀င်သွားတယ်ဆိုတာမသိပဲ သူ့ခေါင်းကို တစ်စုံတစ်ယောက်က ထိုးလိုက်သလိုသာ ခံစားရပြီး သံချောင်းဟာ သူ့နားဘေးက ၀င်သွားတယ်လို့သာ ထင်ပါသတဲ့။
          ဒီဖြစ်ရပ်ပြီးတော့ ဒန်တေရော ဂလန်ဇာရောဟာ ဒီအကြောင်းကို မေ့မေ့ပျောက်ပျောက်နဲ့ အလုပ်ဆက်လုပ်နေကြပါသတဲ့။  ဒါပေမယ့် နောက်တစ်နေ့ အိပ်ရာကနိုးလာတဲ့အခါမှာတော့ ဒန်တေ တစ်ယောက် နေမထိထိုင်မသာနဲ့ အန်ချင်သလိုလိုခံစားရလို့ ဂလန်ဇာက သူ့ကို ဆေးခန်းကို သွားခိုင်းပါသတဲ့။  အစပိုင်းမှာ ဒန်တေက မသွားချင်ပေမယ့် ဗုဒ္ဓဟူးနေ့ သူ့တို့ သားတွေကို ကျောင်းကြိုအပြီးမှာ ဆေးခန်းသွားပြတာကနေပြီးတော့မှ သံချောင်းခေါင်းထဲရောက်တဲ့ အဖြစ်ကို သိတော့သတဲ့။ 
          ဒီသံချောင်းကို ခွဲထုတ်ဖို့ ၂ နာရီလောက် အချိန်ယူခဲ့ရပြီး ဦးခေါင်းခွံကိုလည်း အပေါက် ၂ပေါကက် ဖောက်ခဲ့ရတယ်လို့ ဆရာဝန်ကပြောသွားပါတယ်။  ဒီလို ဖောက်ပြီးသားအပေါက်တွေကိုတော့ တိုင်တေနီယမ် ဇကာလေးနဲ့ ပြန်ဖုံးပေးလိုက်ပါတယ်လို့ ဆေးရုံက ပြောသွားပါသေး သတဲ့။ 
          ကြံကြံဖန်ဖန်ဆော့တဲ့ ငနဲ့ ခွဲပြီးသွားတာတောင်မှ အောက်ကလို အိမ်ရိုက်သံကို ဘယ်လို ပစ်တယ်ဆိုတဲ့ပုံစံ လုပ်ပြနေသေးတယ်။

Source : (Link)

3 comments:

  1. မသေကောင်းမပျောက်ကောင်းပါပဲ

    ReplyDelete
  2. ကိုကိုမောင်(ပန်းရနံ့)January 22, 2012 at 8:35 PM

    တော်တော်ဆော့တဲ့ လူ။း)

    ReplyDelete
  3. မှတ်သေးတဲ့ပုံပဲး)



    မောင်ဘကြိုင်

    ReplyDelete