စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, May 5, 2012

အားနွဲ့သူလို့မထင်လေနဲ့ ကားနှစ်စီးကို ဆံပင်နဲ့ဆွဲနိုင်သတဲ့


          ၂၁ ရာစုမှာ မိန်းမသားများလည်း ရှေ့တန်းရောက်လာကြပါပြီ။  ၀န်ကြီးချုပ်တွေအဖြစ် အချို့နိုင်ငံတွေမှာ တွေ့မြင်ရနိုင်သလို ကမ္ဘာကျော် ပက်(ပ်)စီ အချိုရည်ရဲ့ CEO လည်း အမျိုးသမီးပါပဲ။  ဒီတော့ အမျိုးသမီးများကို အားနွဲ့သူလေလို့ မထင်ပါလေနဲ့။  နှလုံးရည်စွမ်းဆောင်နိုင်သလို လက်ရုံးရည်ရော ညံလားဆိုရင် မညံပါဘူး။  ဟောဒီက ရှုဟွေကျွန်းဆိုတဲ့ အသက် ၄၃နှစ်ရှိတဲ့ အမျိုးသမီးကတော့ ဂျစ်ကားနှစ်စီးကို ဆံပင်နဲ့ ဆွဲပြသတဲ့ဗျား။  အရပ် ၅ ပေ ၂ လက်မဆိုတော့ လူကောင်ထွားတဲ့အထဲမှ မပါပေမယ့် သူကလေးရဲ့ အားသာချက်ကတော့ အဆန်းသား။  လွန်ခဲ့တဲ့ ၃နှစ် ဆပ်ကပ်အဖွဲ့မှာကထည်းက သူမဟာ ဒီလို ကားနှစ်စီးကို ဆွဲနိုင်ဖို့ လေ့ကျင့်ခဲ့ပါတယ်။  ပြီးခဲ့တဲ့ တစ်ခေါက်ကလဲ ၁ တန်ခွဲ ကားတစ်စီးကို ဆံပင်နဲ့ ဆွဲပြနိုင်ခဲ့သလို အခုတစ်ခေါက်မှာတော့ ကားနှစ်စီးပေါင်း ၄တန်ခွဲကို ဆံပင်နဲ့ ဆွဲပြသွားပါတယ်။  “ကျွန်မ စိုးရိမ်တာက ကျွန်မရဲ့ ဆံပင်တွေ ကျွတ်သွားမှာကိုပါ၊  ဒါပေမယ့် ကျွန်မလို အကောင်သေးသေးလေးက ဒီလို အကြီးကြီးကို ဆွဲပြနိုင်တော့ ကျွန်မ ကြီးကြီးကျယ်ကျယ် ခံစားရပါတယ်” လို့ ဆိုသွားပါတယ်။  ကဲ အားနွဲ့သူတွေကိုလဲ အထင်မသေးလေနဲ့  တော်ကြာ ကိုင်အပေါက်ခံရမှ ဟုတ်ပေ့ ဖြစ်နေဦးမယ်။

Source : (Link)

4 comments:

  1. အား .... ရာ ..... ထူးဆန်းပါပေ့ ... နောင်တော်ရယ် .... ။

    ReplyDelete
  2. ထူးထူးဆန်းဆန်တွေပါပဲလား

    ReplyDelete
  3. ရှာဖွေလေ တွေ့ရှိလေ ဆရာရေ
    တကယ်ထူးဆန်းပါတယ်

    ReplyDelete
  4. ယားးးးးးအီးးးးးးယားးးးးးးးးးးး ဟိဟိ
    သူများ ဆွဲတာ ကြည့်ပြီ အနော်လည်း မာန်ပါသွားလို့း)

    ReplyDelete