စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။
Wednesday, May 9, 2012
နိုင်ငံရေးလောကထဲက မချောများ ၁
  • Alina Kabaeva
          သူမကတော့ ရုရှားနိုင်ငံရဲ့ ဒူးမားလွှတ်တော် အမတ်တစ်ယောက်ဖြစ်ပြီး Russian Honored Master of Sports လည်းဖြစ်ပါတယ်။  အရင်တုန်းကတော့ စည်းဝါးကျ ကပြရတဲ့ (rhythmic gymnast) အားကစားမယ် ဖြစ်ပါတယ်။  သူမဟာ အဆိုပါ အားကစားမှာတော့ သမိုင်းတစ်လျှောက် ဆုတံဆိပ်အများဆုံး ဆွတ်ခူးထားသူဖြစ်ပါတယ်။  အိုလံပစ်ချန်ပီယံ ၂ ဆု၊ ကမ္ဘာ့ချန်ပီယံ ၁၈ဆု၊ ဥရောပချန်ပီယံ ၂၅ဆု ဆွတ်ခူးထားပါတယ်။  မေလ ၁၂ရက်နေ့ ၁၉၈၃ မှာမွေးတာဖြစ်လို့ ခုချိန်မှာ အသက် ၂၉ နှစ်သာ ရှိပါသေးတယ်။ 
  • Luciana Leon
          သူမကတော့ ပီရူးနိုင်ငံရဲ့ နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီးတော့ ၁၉၇၈ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ မွေးပါတယ်။  အသက် ၁၄ နှစ်သမီးကထဲက Aprista Party’s youth wing မှာ အထွေထွေ အတွင်းရေးမှု့ဖြစ်ခဲ့ပြီး၊ ၂၀၀၂ မှာတော့ Women’s commissioning of the Congress မှာ အကြံပေးဖြစ်ခဲ့ပါတယ်။  နောက်ပိုင်းမှာတော့ အဲ့ဒီ မှာပဲ Vice-president ရာထူးကို ရယူခဲ့ပါတယ်။  ၂၀၀၄ ကနေ ၂၀၀၅ ခုနှစ်မှာတော့ ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီးဋ္ဌာနမှာ အကြံပေးလုပ်ခဲ့ပါတယ်။
  • Sara Ruiz Chavez
          မက္ကစီကိုနိုင်ငံသူ ဆာရာကတော့ ၂၀၀၆ ခုနှစ်မှာ အောက်လွှတ်တော် အမတ်ဖြစ်ခဲ့ပါတယ်။
  • Yuri Fujikawa
          အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ သူမကတော့ ဂျပန်နိုင်ငံ ဟာချီနိုဟိ မြို့က နိုင်ငံရေးသမားဖြစ်ပါသတဲ့။
  • Anna-Maria Galojan
          အက်တိုးနီးယားသူ အန်နာကိုတော့ ၁၉၈၂ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။  အက်စတိုးနီးယား နိုင်ငံခြားရေးရာ တက္ကသိုလ်မှာ ကျောင်းပြီးခဲ့တဲ့ သူမကတော့ နိုင်ငံရေးကို စိတ်ဝင်စားသူတစ်ယောက်လည်းဖြစ်ပါတယ်။  
Source : (Wikipedia)
Photos : Google Search
6 comments:
  1. ဆရာနောက်ဆုံးအမျိုးသမီးက ယူကရိန်းမှာ အခုထောင်ကျနေတဲ့ 
    ယူလီယာမဟုတ်လား
    ReplyDelete
    Replies
    1. အား... ဟုတ်တယ် ကိုပီတာ။ ကျွန်တော် ပုံမှားတင်မိတာခင်ဗျ။ ပြောင်းလိုက်ပါပြီခင်ဗျာ။ ကျေးဇူးပါ ဆရာ။
      Delete
  2. တို့က
    Alina Kabaeva နဲ့ တူနေပါလား ကွယ်
    မွေးနှစ် ပြောပါတယ် ဟဲဟဲ :D
    ReplyDelete
    Replies
    1. တူပါတယ်. မကျူတီ.. မွေးနေ့ကို ပြောတာ ဟီး ဟီး
      Delete
  3. အောက်ဆုံးကတစ်ယောက်ကို သိတယ်။ ကျစ်ဆံမြီး အမြဲကျစ်တတ်လို့:)
    ReplyDelete
    Replies
    1. သူက ကိုပီတာပြောသလို.. ယူကရိန်းက ယူလီယာပါခင်ဗျာ။ ကျွန်တော် ပုံမှားတင်မိလို့ခင်ဗျ။ အခု ပြောင်းလိုက်ပါပြီ။
      Delete