စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, September 11, 2012

အာဘွား…


          “ရေမြေခြားသွားရတော့… မင်းလေးကို ထားခဲ့ရပြီပေါ့… မျက်ကွယ်ရာမှာ ကိုစိတ်ချပါရစေ….”  တစ်နယ်စီဝေး၊ အလွမ်းတွေဝေ၊ ချစ်သူတွေဘ၀ မတွေ့ရလို့လွမ်း ချစ်အနမ်းလေးတွေ ဝေးနေတဲ့ ချစ်သူများတွေကတော့ ဂျီတော့၊ ဗီဇက်အို၊ စကိုက်ပီ၊ ဖဘ တို့စတဲ့ အွန်လိုင်းပေါ်မှာပဲ အလွမ်းဖြေရတာပေါ့။  အခုတော့ တစ်မူထူးလို့ အသစ်တစ်မျိုး ထပ်ပေါ်လာပါပြီ။ အဲ့ဒါကတော့ “Kissenger” ပါတဲ့။  ချစ်သူတွေအွန်လိုင်းကနေ တစ်ဦးနဲ့ တစ်ဦး အနမ်းတွေ ချွေနိုင်မယ့် စက်ကလေးပါတဲ့။  ဒီစက်မှာပါတဲ့ sensor က တစ်ဖက်က ချစ်သူရဲ့ အနမ်းခြွေလိုက်တဲ့အခါမှာ နှုတ်ခမ်းရဲ့ ဖိအားအတိုင်း တစ်ဖက်ကို ပြန်လည်ပို့ဆောင်ပေးမှာဖြစ်ပါသတဲ့။  အဲ…. ရည်းစားမရှိတဲ့ လူပျိုကြီးများဒါလေးကို ဖတ်မိလို့ အားငယ်မသွားပါနဲ့ဦး....  နမ်းစရာချစ်သူမရှိရင်.. အဲ့ဒီစက်ကလေးမှာ ကွန်ပျူတာနဲ့ နမ်းလို့ရအောင်လည်း ဖန်တီးပေးထားပါသေးတယ်လို့ အနမ်းခြွေတဲ့ စက်ထုတ်လုပ်တဲ့ ထုတ်လုပ်တဲ့ Lovotics ကုမ္ပဏီက ဆိုထားပါသေးသဗျား။  ကဲ စက်ကလေး ဘယ်လို အလုပ်လုပ်သလဲဆိုတာကို YouTube ကနေကြည့်နိုင်ပါသဗျား။


Source : (Link)

8 comments:

  1. တိုးတက်လာတဲ့ခေတ်နဲ့အညီ နည်းပညာတွေကလည်း အံ့မခန်းပေါ့ မောင်အောင်ထွဋ်ရေ။ အထူးအဆန်းတွေ အမြဲဖတ်နေရလို့လည်း ကျေးဇူးပါနော်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ထူးဆန်းပါပေ့နော်

    ReplyDelete
  3. လာထား...အာဘွားပေါ့ ...
    အားမရပါဘူးဆရာရယ်...
    အငွေ့ ဟာအတွေ့ ကိုတော့ ဘယ်မှီနိုင်မလည်းဗျာ...

    ReplyDelete
  4. ဧကန္တတော့ ဧကန္တပဲ ... ဆရာ အားထိုင်ဆီမှာ တစ်လုံးတော့ ရှိနေပြီထင်တယ်.... ဘယ်သူဝယ်ပေးတာလဲပြော ... အမ ကို ပြောပြလိုက်မယ် :D

    ReplyDelete
  5. ရှာရှာကြံကြံ တွေ...း)

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  6. ဟားးးးးးး
    တကယ့်လူတွေဗျာ....

    ReplyDelete
  7. လူပျိုကြီးတွေ အပြိုင်အဆိုင် ဝယ်ပြီးကုန်ကြပြီထင်ပါရဲ့း)))
    ရောင်းကောင်းဦးတော့မှာဘဲထင်တယ်
    ပုံကြည့်ရတာ ရီစရာကြီး :P

    ReplyDelete