တစ်ခါတစ်လေ လွဲလွဲလေးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ လွဲတာကျတော့ တော်တော်လေး ကသိကအောက်ရောက်တယ်။ ဒီတော့ ကိုငှက်ကြီး သီချင်းပဲ ဆိုရတာ ကောင်းသလိုလို
“နည်းနည်းလေးတော့ လွဲနေတယ်… လွဲလွဲလေးပဲ ကောင်းပါတယ်” ပေါ့။ ခုတလော ရခိုင်ပြည်နယ်က အဖြစ်အပျက်အဖြစ် တွေကြောင့်
ဘာမှ ရေးချင်စိတ်မရှိတာက တစ်ကြောင်း၊ အလုပ်ပိနေတာက တစ်ကြောင်း ဘာပိုစ့်မှ မတင်ဖြစ်ပါဘူး။ ပိုစ့်မတင်ဖြစ်ပေမယ့် လာလည်ကြတဲ့ ဘလော့ဂ်ဂါများ၊
စာဖတ်သူများကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်။
“ငါဟာ မိုးတိမ်ထဲဝဲ….” ဆိုတဲ့ လေးဖြူသီချင်းလိုမျိုး…. လေဟုန်ကိုဆန်… အဝေးဆုံးကိုပျံ ဆိုတဲ့ သီချင်းစာသားလိုဆိုဆို…
အမြင့်ကြီးကနေ မြေပြင်ပေါ်ကို ၀ဲပျံပြီးကြည့်ရတာ တယ်ကောင်းတဲ့ အရသာကိုး…၊ သို့ပေမယ့် ဇော်ကန့်လန့်လို အပေါ်လည်း မရောက်၊ မြေပေါ်ကို
လည်း ပြန်ဆင်းလို့ မရတဲ့ အခြေအနေဆိုရင်တော့ ဘာမြင်ရ မြင်ရ သိပ်တော့ မနိပ်လှပါဘူး။
ချယ်ရီသီးခူးသူ “Cherry Picker” ကိုတော့
တွေ့ဖူးကြမှာပါ။ ခြင်းလေးတစ်လုံးထဲမှာ လူက
ဝင်ထိုင်၊ ပြီးရင် ဟိုက်ဒရောလစ်မောင်းတံကြီးနဲ့ အပေါ်ကိုတက်သွား….. အသီးတွေဘာတွေခူးရလွယ်တဲ့ စက်ပေါ့။ နောက်ပိုင်းတော့ ဒီစက်ကို ဓာတ်တိုင်တွေ ပြင်တာ၊
အိမ်၊ အဆောက်အဦးတွေ ဆေးသုတ်တာ၊ အသေးစားပြင်တာ၊ ဟိုဟာ ဒီဟာ စသည်ဖြင့် အမြင့်တက်ရတဲ့
အပိုင်းတွေမှာ တွင်တွင်ကျယ်ကျယ်သုံးလာကြသပေါ့။
ဒီလိုပဲ ကျွန်တော် အခုလုပ်နေတဲ့ သင်္ဘောကျင်းမှာလည်း
ချယ်ရီပစ်ကာတွေကို တွင်တွင်ကျယ်ကျယ်သုံးသပေါ့။
သင်္ဘောကို ဆေးသုတ်တာ၊ သင်္ဘော စစ်ဆေးရေး၊ အသေးစား ပြုပြင်မှု့ စတာတွေမှာ ချယ်ရီပစ်ကာတွေ
ကို တွင်တွင်ကျယ်ကျယ်သုံးတာပါ့။
ဟာသ တစ်ခု ကြားဖူးမှာပါ… ဘုရားသခင်က ကမ္ဘာမြေပြင်၊
တောင်တောင်ရေမြေ၊ သက်ရှိ လူသားတွေနဲ့ တိရိစ္ဆာန်တွေကို ဖန်ဆင်းပါတယ်။ ကျန်တဲ့အရာတွေအကုန်လုံးကတော့ တရုတ်က ထုတ်လုပ်ပါသတဲ့။ “Made in China” ထုတ်ကုန်တွေက တကမ္ဘာလုံးကို ပြန့်နှံနေတာကို
ဆိုလိုတာပါ။ ဒီလိုပဲ သင်္ဘောတစ်စီးလုံးကိုတောင်မှ
တရုတ်မှာ သွားဆောက်နေလေတော့… သင်္ဘောကျင်းက ချယ်ရီပစ်ကာတွေရော ဘာဖြစ်မလဲ.. မိတ်အင်ချိုင်းနားပေါ့။ မိတ်အင်ချိုင်းနားဆိုတော့ သင်္ဘောအပေါ်တက်ပြီး စစ်ဖို့ ချယ်ရီပစ်ကာနဲ့ ပါသွားတဲ့ ကျွန်တော်.. ချယ်ရီပစ်ကာက
လမ်းတ၀က်မှာ ပျက်သွားတော့ ဇော်ကန့်လန့် ဖြစ်သွားရရှာပါတယ်။
ဇော်ကန့်လန့်ဖြစ်နေတုန်း ရိုက်ထားတာ...
တော်တော် ကသိကအောက်ရောက်တဲ့ အဖြစ်။ လူက ခြင်းလေးထဲမှာ… ချယ်ရီပစ်ကရဲ့ မောင်းတံက အပေါ်လည်း ဆက်သွားလို့မရ၊
အောက်လည်း ပြန်မဆင်း လေထဲမှာ ကန့်လန့်ကြီးဖြစ်နေတဲ့ဘ၀….။ အဲ့ဒီကျတော့မှ သြော်… ဇော်ကန့်လန့်အဖြစ် အတော်ဆိုးပါလားနော်ဆိုပြီး
တွေးမိတယ်။ အနီးအနားကြည့်ပြန်တော့ အလှမ်းမှီတဲ့
နေရာကမရှိ၊ အောက်ကို ခုန်ချဖို့ရာလည်း ပေ အစိတ်လောက် မြင့်နေလေတော့ ဘယ်လိုမှ မဖြစ်နိုင်….
ချယ်ရီပစ်ကာ မောင်းတဲ့ တရုတ်ကလည်း ဘာမှ မလုပ်တတ်။
လေထဲမှာ ၀ဲလို့ကို နေရတာ။
နောက်ဆုံးတော့ Workshop ထဲက overhead
crane မောင်းတဲ့ မဒီတွေကို လှမ်းခေါ် overhead crane ကို အနားအထိတိုးခိုင်း ပြီးတော့မှ
ချယ်ရီပစ်ကပေါ်ကနေ ကရိန်းပေါ်ကို မျောက်လို တွယ်တက်ပြီးတော့မှ မြေပေါ်ပြန်ရောက်တော့တယ်။ အဲ့.. အဲ့ဒီ သင်္ဘောကျင်းမှာတော့ overhead ကရိန်းတွေမောင်းတဲ့ operator တွေအကုန်လုံးက အမျိုးသမီးတွေချည်းဗျာ။ အမျိုးသားတစ်ယောက်မှမပါဘူး။ ပြုတ်ကျလိုက်ရင်တော့ ပွဲချင်းပြီးပေါ့လေ။ သို့ပေမယ့် ကိုယ်လုပ်တတ်တာကလည်း သင်္ဘောဆောက်တဲ့ အလုပ်၊ သင်္ဘောဆောက်တဲ့အလုပ်ကလည်း သင်္ဘောကျင်းနဲ့ မကင်း။ သူ့ဆန်စားမှ ရဲရမယ်ဆိုသလို… ချယ်ရီပစ်ကာတွေကတော့
နောက်တွေ့လည်း စီးနေရဦးမှာပဲ။
ကျော်ခွတက်ရန်ပြင်....
ကရိန်းပေါ်ရောက်တော့မှ ကိုယ်တက်လာတဲ့နေရာ ကိုယ်ပြန်ကြည့်ပြီ ကျောချမ်းသွားမိသေးတယ်...
စိတ်နာနာနှင့် ပြန်ကြည့်ခဲ့သော ချယ်ရီပစ်ကာ...
ကြောက်ခြာကြီး အမြင့်တွေကို တက်ဖူးတယ် ရင်တုန်းပန်းတုန်း ဖြစ်ဖူးတယ် အခုတော့ တက်ဆိုရင် တက်ရဲပါ့မလားသိဖူးး)း)
ReplyDeleteမောင်ဘကြိုင်
ချယ်ရီပစ်ကာနဲ့ ချစ်ရီ မပစ်ခဲ့ဘူးလား..း)
ReplyDeleteဟုတ်ပါတယ်အစ်ကိုရေ၊ အဲ့ဒီလို လမ်းတစ်ဝက်မှာကန့်လန့်ဖြစ်ရတဲ့အဖြစ်ဟာ တော်တော်ကို စိတ်ညစ်ရပါတယ်။
ဒီလောက် အကြပ်အတည်းထဲကတောင် ဟို ကရိန်းမောင်းသူကို ရအောင် ရိုက်ခဲ့သေးတယ်။
ReplyDelete၀ါသနာ မသေးလောက်ဘူး။ ဓါတ်ပုံဝါသနာကိုပြောပါတယ်။း)
အိမ်ကယောက်င်္ကျားလဲအမြင့်ကြောက်တယ်ဗျို့
ReplyDeleteကရိန်းမောင်တဲ့သူဘယ်နှဲ့နေလဲ
:P... ကိုအောင်ထွဋ်တို့ ဖြစ်ရလေဗျာ.... ဟိဟိ....
ReplyDeleteခင်မင်လျက်
နေ၀သန်
ပြင်ပြီးပြန်ကောင်း တဲ့ အထိတော့ ရှုခင်းကြည့်ရင်း မစောင့်ဘူး :P
ReplyDeleteသြော်.. ဂျက်ကီချမ်းလို သုံးပတ်ကျွမ်းထိုးပြီး မြေကြီးပေါ် ခုန်ဆင်းရမှာ..။
ReplyDeleteအင်း.. ဘလော့ဂါပီသပါပေ့.. ဒုက္ခသူက္ခကြားက ဓာတ်ပုံလိုက်ရိုက်နိုင်သေးတာ အံ့ရော...။
အင်းလေ.. ဘာပဲဖြစ်ဖြစ် ပို့စ်တစ်ပုဒ်ရလိုက်တာပေါ့... :)
အမြင့်ကြောက်တဲ့သူမို့...ကျောချမ်းလိုက်တာ..ဝါသနာကတော့ မသေးဘူးပဲ..:):)
ReplyDelete