စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, May 13, 2012

Pool 8 ball

အားလပ်ရက်မှာ အေးအေးဆေးဆေးလေး ဂိမ်းဆော့ချင်သူများ အတွက်ကတော့ http://www.omgpop.com ဒီဆိုဒ်လေးကို ညွှန်းပါရစေ။  ကျွန်တော်ကတော့ 8 ball ထိုးရတာကြိုက်တော့ အဲ့ဒီဆိုဒ်မှာ Free Register လုပ်ပြီး 8 ball ထိုးပါတယ်။  Google Chrome Browser သုံးသူများအတွက်ကတော့ 8 ball ကို plug-in ထည့်လို့ရတော့ Browser မှာ icon ကို click လုပ်ပြီး တန်းသွားဆော့လို့လည်း ရပါတယ်။  omgpop မှာကတော့ ဂိမ်းလေးတွေ တော်တော်များများလည်း စုံသလို online ဆော့တဲလူတွေလည်း တော်တော်လေးများတာမို့ မပျင်းရပါဘူး။

ဒါ့အပြင် Draw My Things လိုမျိုး စိတ်ဝင်စားစရာ ဂိမ်းလေးတွေ အစုံရှိတာမို့ ရုံးပိတ်ရက် အနားယူရင်း ကစားနိုင်ကြပါတယ်။  အဲ... ကွန်နက်ရှင်ကတော့ ကောင်းဖို့လိုတာမို ကွန်ကျတဲ့ နေရာတွေမှာတော့ ကစားရင် နည်းနည်းကသိကအောက်ရောက်ပါလိမ့်မယ်။





3 comments:

  1. ကျေးဇူးပဲ အကိုရေ တွားကလိလိုက်မယ်
    ..http://www.gamezer.com/ ဒီဆိုဒ်လေးလည်းမိုက်တယ် အကိုရ
    အနော်တော့ အဲ့ထဲမှာပဲ ချိန်ကုန်တာများတယ်ဟိဟိ အကောက်ဝင်ပြီး
    ကစားရတာလေ ချက်လည်းထိုးလို့ရတယ် ကျားလည်းထိုးလို့ရတယ်း)

    ReplyDelete
  2. အား... ဟုတ်ပ ဟုတ်ပ.... Room ၉ တို့ ၁၀ တို့မှာ ဆိုရင် မြန်မာ Chess သမားတွေရှိသလို၊ ဘိလိယက်ဆိုရင် နံပါတ် ၅၁ မှာ မြန်မာတွေများတယ်... :P

    ReplyDelete