စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, June 23, 2012

မူးရင် မမောင်းနဲ့ဆိုလို့

    
       ဟောဒီက ကိုတရုတ်ရဲ့ ယာဉ်စီးကမ်းလိုက်နာပုံလေးက တော့အဆန်းသာလား?  မူးရင် မမောင်းရဆိုတဲ့ ဥပဒေကြောင့် အဆိုပါ ကိုတရုတ်ဟာ နေ့လည်စာစားရင်း ဘီယာရှိန်လေးကလည်း တက်လာလေတော့ ဆိုင်ကယ်မောင်းပြီးတော့ အိမ်ပြန်ဖို့ မဖြစ်နိုင်တော့ပါဘူး။  ဒီတော့ ကိုတရုတ် အကြံထုတ်ပုံကဖြင့် စက်ဘီးတစ်စီးကိုငှား၊ စက်ဘီးကယ်ရီယာပေါ်ကို ဆိုင်ကယ်ကို တင်ကြိုးတုပ်ပြီးတော့ တင်ပြီးတော့  ဟူနန်ပြည်နယ် ချန်ရှားဒေသ လမ်းပေါ်မှာ နင်းသွားပါသတဲ့။  မူးရင် မမောင်းနဲ့ ဆိုတဲ့ စည်းကမ်းကို လိုက်နာသော်လည်းပဲ ထိုငနဲ့တော့ ၀န်မတန်တစ်ဆ တင်ဆောင်မှု့၊ အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်မှု့မရှိခြင်း စတဲ့ ဥပဒေတွေကိုတော့ ချိုးဖောက်ရာ ခဲ့တဲ့လို့ ဆိုပါတယ်။

Source: (Link)

3 comments:

  1. အော် စက်ဘီးတော့နင်းနိုင်သားပဲ

    ReplyDelete
  2. သေ ရော ကွာာာာာာာာာာာ
    နာ ဆိုရင် ပခုံးနဲ့ထမ်း လမ်းလျှောက်ပြန်မှာ :D :D

    ReplyDelete
  3. ကောင်းတယ်သူကမမောင်းဘူးနင်းတာလေ

    ReplyDelete