ငါးတစ်ကောင်ကို ဘယ်လောက်ဈေးရမယ်ထင်ပါသလဲ? တရုတ်နိုင်ငံက တံငါသည်တစ်ယောက်ကတော့ Chinese
Bahaba လို့ခေါ်တဲ့ ဧရာမ အ၀ါရောင်း ငါးပုတ်သင်ကြီးတစ်ကောင်ကို ဖမ်းမိခဲ့ပါတယ်။ ဒီ ငါးပုတ်သင်ကြီးကို လေလံတင်ပြီးရောင်းလိုက်တာ
ယွမ် ၃ သန်းကျော်တောင် ရလိုက်ပါသတဲ့။ မြန်မာငွေနဲ့
တွက်လိုရင် သိန်း ၄ထောင်ကျော်လောက်ရှိမှာပါ။
ဒီတရုတ် ငါးပုတ်သင် ငါးကြီးတွေဟာ ၆ ပေ ၇ လက်မအထိ ကြီးနိုင်ပြီးတော့ ပေါင် ၂၂၀လောက်အထိ
အလေးချိန်စီးပါတယ်။ ဈေးကြီးရတဲ့ အကြောင်းကတော့
ဒီငါးတွေရဲ့ swim bladder လို့ခေါ်တဲ့ ငါးဆီဖောင်းဟာ နှလုံးနဲ့ အဆုတ်ရောဂါတွေအတွက် ဆေးဖော်ရာမှာ
အလွန့်ကို အစွမ်းထက်တယ်လို့ တရုတ်လူမျိုးတွေက ယုံကြည်ကြပါတယ်။ ဒါပေမယ့် ခုအချိန်မှာတော့ ဒီငါးတွေဟာ ယန်ဇီမြစ်ကနေပြီးတော့
ပုလဲမြစ်တစ်လျှောက် သဘာဝ ညစ်ညမ်းမှု့တွေကြောင့် မျိုးတုန်းလုဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၀ မှာတုန်းကလည်း ဒီလိုငါးကြီးဖမ်းမိခဲ့ဖူးပြီးတော့
အဲ့ဒီတုန်းက ယွမ် ၃.၄၅ သန်းနဲ့ အရောင်းအ၀ယ်ဖြစ်ခဲ့ပါတယ်။ တရုတ်ပြည်ရောက်နေတုန်း သင်္ဘောမဆောက်ပဲနဲ့ ငါးလိုက်ဖမ်းရင်ကောင်းမလား
စဉ်းစားရမလိုလိုတောင်ဖြစ်နေပြီ။
Source : (Link)
Photo : Alamy
လုပ်ဗျာ...ဆြာအွတ်....အားပေးတယ်.....၊ကျွန်တော်လည်း တီလုပ်ပြည်သွား
ReplyDeleteပြီး တံငါသည်ပဲလုပ်စားတော့မယ်....:)
ဟုတ်ပါ့ မောင်ညိမ်းနိုင်ပြောသလို တီတင့်လည်းထောက်ခံတယ် အိုင်ဒီယာကောင်းတယ် ဟိဟိ။
ReplyDeleteကိုယ့်အလှည့်ရောက်မှ ငါးဖမ်းရင်း လေမုန်တိုင်းနဲ့ မတိုးဘို့တော့ များများဆုတောင်းဘို့လိုမယ်ထင်တယ် မောင်အောင်ထွဋ်ရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
စီးပွါးရေမကောင်းတာနဲ့ အတော်ပဲ ငါးပုတ်သင်ပဲရှာဖမ်းတော့မယ်
ReplyDeleteဒီလိုငါးမျိုးတစ်ကောင်လေယက်မိလိုက်လို့ကတော့ ထောပြီ
ReplyDelete