ပန်းသီးနဲ့
ဆမ်းဆောင်း တရားစွဲ၊ ဟိုဘက်ကစွဲလိုက် ဒီဘက်က စွဲလိုက်နဲ့ မရိုးနိုင်တဲ့ ဇာတ်လမ်းပေါ့။ ဒါပေမယ့် ထူးထူးခြားခြား ဒီနေ့ သတင်းလေးဖတ်လိုက်ရတော့
တော်တော်လေး ရယ်ချင်သွားတယ်။ ဟောင်ကောင် အခြေစိုက် Goophone ဆိုတဲ့ ဖုန်းကုမ္ပဏီတစ်ခုဟာ apple က အသစ်ထွက်မယ့် iPhone 5 နမူနာကို apple
က တရားဝင် မဖြန့်ချီခင်မှာ ရရှိသွားပြီး၊ iPhone 5 အခွံအတိုင်း ပုံတူပွားပြီးတော့
Android os သွင်းပြီး ဈေးကွက်ကို ဖြန့်ချီပြီးနေပါပြီတဲ့။ ဒါ့ကြောင့် apple ကသာ iPhone 5 ကိုဈေးကွက်ထဲကို
ဖြန့်မယ်ဆိုရင် သူတို့ ဖုန်းဟာ ဈေးကွက်ထဲကို အရင်ရောက်ပြီးသားဖြစ်တဲ့ အတွက် ပန်းသီးကို
ပုံစံတူ ကူးမှု့နဲ့ ပြန်ပြီးတော့ တရားစွဲမယ်လို့ ဆိုပါသတဲ့။ သြော်…. သူခိုးက လူပြန်ဟစ်တယ်ဆိုတာ ဒါမျိုးမှ အဟုတ်။ ဘာ… ဘာ… ဘာမှ မပြောလိုတော့ပါဘူး။
Source : (Link)
ဒီကနေ့အချိန်လေးရတုန်း ဘလော့လည်ပါတယ် လည်ရင်လည်သလို လုပ်နေတာတွေ သူစွဲကိုယ်စွဲနဲ့ ခေါင်းနောက်သွားတယ် မောင်အောင်ထွဋ်ရေး)
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
:)... ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲကဲတွေဖြစ်နေတယ် ကိုအောင်ထွဋ်ရေ..... :)
ReplyDeleteခင်မင်လျက်
နေ၀သန်
တို့ကတော့ ဆမ်ဆောင်းမှ ဆမ်ဆောင်း
ReplyDeleteဘာပန်းသီးမှ မကြိုက်ဘူး :)
စွဲချင်တဲ့သူတွေစွဲပါစေ
ReplyDeleteဈေးကျရင်ဝယ်ဖို့စိတ်ကူးရှိလို့
သတင်းလေးတွေအတွက်ကျေးဇူးပါရှင်
ချမ်းမြေ့ပါစေ
တို့ကတော့ Android မှ Android. Apple copy a lot from android. for example notification(copy at ios5), the way of share photo and item(copy at IOS6) and many many.......
ReplyDeleteSamsung Galaxy Note တခုရလာလို့ ၊
ReplyDeleteကလိနေတာ ဆန်ပြုတ်အိုးတူးသွားတယ်..။
အဲဒါကြောင့် မနက်စာငတ်သွားလို့ 
Samaung ကိုတရားစွဲရရင်ကောင်းမလား...
:P
ကိုအားတောင်ရေ
ReplyDeleteခုခေတ်လူတွေက စီးပွားရေးကိုသမားအာဇီဝနဲ့
မလုပ်တတ်ကြတော့ဘူးထင်ပါရဲ့လေ
သောက်ကျိုးနည်းး)း) အကြံကောင်းချက်
ReplyDeletei phone 6ဘဲစောင့်မယ်
ReplyDeleteကိုအောင်ထွဋ်ဘလော.မှာတင်တဲ.ဟာသအကုန်ကြိုက်တယ်
ReplyDelete