စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, September 12, 2012

လေ့လာမှတ်သား သူတို့စကား

ခံယူချက်ဆိုတာက တစ်ကယ်တော့ ခပ်သေးသေးအရာတစ်ခု... ဒါပေမယ့် အများကြီးပြောင်းလဲနိုင်တယ်..


ကျွန်တော့်ရဲ့ နာကျင်မှု့တွေဟာ တစ်စုံတစ်ယောက်ရယ်မောစေဖို့အတွက်...
ဒါပေမယ့် ကျွန်တော်ရယ်မောရဖို့အတွက် ဘယ်သူ့ကိုမှနာကျင်အောင် လုပ်မှာမဟုတ်ဘူး။

တူတူတွဲလာတာက အစပြုတာ..
တစ်ယောက်နဲ့တစ်ယောက် ပိုမိုသိလာတာက တိုးတက်လာတာဖြစ်ပြီးတော့
တစ်ကယ်အောင်မြင်ဖို့ဆိုရင် တူတူအလုပ်လုပ်ဖို့လိုမယ်.......

ဒီဇိုင်းဆိုတာက ကြည့်လို့ကောင်းရုံ၊ ခံစားလို့ကောင်းရုံကို ဒီဇိုင်းလို့ခေါ်တာမဟုတ်ဘူး
အဲ့ဒီ ဒီဇိုင်းဘယ်လို အလုပ်လုပ်သလဲဆိုတာကမှ ဒီဇိုင်းလို့ခေါ်တာ။  သြော်.. သွားလေသူကြီး ဒီလိုတွေးခဲ့လို့လဲ သူ့ပန်းသီးကို တကမ္ဘာလုံး သုံးနေကြသပေါ့......

တစ်ခုခုကို စတင်တီထွင်ပြီဆိုရင် ခင်ဗျားတို့ မှားမှာပဲ....
အဲ.. အဲ့ဒီအမှားကို အမှားလို့ အမြန်ဆုံး ၀န်ခံလိုက်.... နောက်ပြီးတော့ အဲ့ဒီအမှားကို အသုံးချပြီး နောက်ထပ် ဖန်တီးမှု့တွေကို တိုးတက်အောင် ထပ်လုပ်။

ဒီစာလေးကတော့ ရှင်းပါတယ်။  ရှင်းရှင်းလေးနဲ့ကို ထိတာ....

ခင်ဗျားတို့ ဘာပစ္စည်းစရောင်းရောင်း၊ ထုတ်လုပ်ချင်ထုတ်လုပ်ချင် ခင်ဗျားတို့ ရောင်းကုန်ရဲ့ အပြင်သဏ္ဍာန်ရော၊ အတွင်းက အရည်အသွေးအကြောင်းပါ ဂဃနဏ သိအောင်အရင်လုပ်၊  အဲ့ဒီလို သိလာတဲ့ အသိပညာပေါ်အခြေခံပြီးတော့မှ ၀ယ်ယူသူတွေ ဘာကိုလိုအပ်တယ်ဆိုတာကို ပေး။



လူတွေဟာ အခွင့်အရေးတွေကို ဆုံးရှုံးကြတယ်။  ဘာဖြစ်လို့လဲဆိုတော့ အခွင့်အရေးဟာ စက်ဆီတွေပေနေတဲ့ အလုပ်ထဲက အ၀တ်လိုမျိုး ဆင်မြန်းထားလေ့ရှိပြီးတော့ အခွင့်အရေးဟာ အလုပ်နဲ့တူလို့ပဲ......  
(ရှင်းရှင်းပြောရရင်... ဘာမှ မလုပ်ရင် ဘာမှ မရဘူး...ဒါပဲ)



လူတိုင်းဟာ ထူးချွန်သူတွေချည်းပဲ..... အဲ့ဒါပေမယ့် ခင်ဗျားတို့ ဘယ်လိုဆုံးဖြတ်မလဲဆိုတဲ့ အပေါ်မှာတော့ မူတည်တာပေါ့။  ငါးတစ်ကောင်ကို သစ်ပင်တက်ခိုင်းချင်လို့ကတော့ ဒါဟာ မိုက်မဲမှု့တစ်ခုပဲ... 

မနက်ဖြန်သေတော့မယ်ဆိုတဲ့ အတွေးမျိုးနဲ့ နေထိုင်အသက်ရှင်ပါ...
ဘယ်တော့မှ မသေတော့ဘူးဆိုတဲ့ အတွေးမျိုးနဲ့ လေ့လာဆည်းပူးပါ....

ဘ၀မှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ကျွန်တော်ဆုံးဖြတ်တဲ့ အခါတိုင်းမှာ ငါမကြာခင်သေရတော့မယ်ဆိုတဲ့ အတွေးဟာ အများကြီး အထောက်အကူပြုတယ်။  ဘာဖြစ်လို့လဲဆိုတော့ အရာရာတိုင်းနီးပါး၊ မာနတွေ၊ ဆုံးရှုံးမှာ ကြောက်ရွံမှု့တွေ စတာတွေဟာ သေခြင်းတရားနဲ့ယှဉ်လိုက်ရင် ပျောက်ပြယ်လွင့်ပါးကုန်တော့ တစ်ကယ်တမ်း ဘယ်ဟာက အရေးကြီးတယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း ပေါ်လာရော။  အဲ့ဒီတော့ ခင်ဗျားတို့ မှတ်ထားရမှာက ငါသေတော့မယ်ဆိုတဲ့ အတွေးဟာ ခင်ဗျားတို့စိတ်ထဲမှာ တစ်ခြားဆုံးရှုံးမှာကို စိုးရိမ်နေတဲ့ အတွေးတွေကို ဖယ်ထုတ်ပေးနိုင်တယ် ဆိုတာကိုပဲ။  ခင်ဗျားတို့ဟာ လောကကြီးထဲကို မိမွေးတိုင်း ဖမွေးတိုင်းလာပြီး အဲ့ဒီပုံစံနဲ့ပဲ သေရမှာ။  ခင်ဗျားတို့ နှလုံးသားရဲ့ အလိုဆန္ဒဆိုတာကြီးကို လိုက်လျှောစရာ မလိုတော့ဘူး။


ဟောဒီမှာလည်း လေ့လာမှတ်သား အင်ဂျင်နီယာလောကရဲ့ စကားများကို စိတ်ဝင်စားသူများ ဖတ်နိုင်ပါသေးတယ်....

4 comments:

  1. AH ရေ.. နောက်ဆုံးပုံမှာ Steve Jobs ပြောချင်တာက
    မင်းသေရတော့မယ်လို့ တွေးမိရင် အရေးမကြီးတာတွေနဲ့ အလုပ်ရှုပ်နေတော့မှာ မဟုတ်ဘူး ... ဒီတော့ မင်းနှလုံးသားရဲ့အလိုကို မလိုက်စရာ ဘာအကြောင်းမှ မရှိဘူး...
    ဒီလိုပြောချင်တာလို့ ယူဆပါတယ်

    ReplyDelete
  2. anoymous
    i think you right .

    ReplyDelete
  3. ကထဋ်ရေ ကွန်မကောင်းတဲ့နေရာရောက်နေလို့ဟေ့
    ဘလော့တွေမြင်သာမြင်ပြီး မမန့်နိုင်ဖြစ်နေတယ် ဖဘဆိုရင်ဝင်လို့ကိုမရဖူးကွာာ
    အခုကံထနေတုန်း လာမန့်သွားတယ်း)း)

    ReplyDelete
  4. ကျွန်တော့်ရဲ့ နာကျင်မှု့တွေဟာ တစ်စုံတစ်ယောက်ရယ်မောစေဖို့အတွက်...
    ဒါပေမယ့် ကျွန်တော်ရယ်မောရဖို့အတွက် ဘယ်သူ့ကိုမှနာကျင်အောင် လုပ်မှာမဟုတ်ဘူး----
    အရမ်းကောင်းတဲ့အတွေးလေး

    ReplyDelete