စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, September 20, 2012

မီးမုန်တိုင်း (သို့) Fire Whirl များ


          တိုနေဒိုး လေဆင်နှာမောင်းတွေကိုတော့ မြင်ဖူးကြမှာပါ။  ဒါပေမယ့် ခုလိုမျိုး Tornadoနဲ့ သဏ္ဍာန်တူတဲ့ Fire Whirl Storm အဖြစ်တော့ မြင်ရဖို့ တော်တော်လေး ခဲယဉ်းပါတယ်။  လေဆင်နှာမောင်းထဲမှာ မီးတွေပါ လောင်ကျွမ်းပြီးတော့ လေဆင်နှာမောင်း သွားတဲ့ လမ်းကြောင်းတစ်လျှောက်မှာ မီးတန်းကြီး ဖြစ်ကျန်ခဲ့တဲ့ မုန်တိုင်းမျိုးပါ။  ၁၉၂၃ ခုနှစ် ဂျပန်မှာ မဟာကန်တို ငလျှင်ကြီးလှုပ်သွားတော့ မြို့တစ်မြို့စာလောက်ရှိတဲ့ မီးမုန်တိုင်းကြီး ဖြစ်ပေါ်ခဲ့ပြီး တိုကျိုမြို့ရဲ့ ဟိဖူကူရှိုး-အာတို ဒေသမှာ လူပေါင်း ၃ သောင်း ၈ ထောင်လောက်ဟာ ၁၅ မိနစ်အတွင်း သေဆုံးခဲ့ရပါတယ်။  ၁၉၂၆ ခုနှစ်မှာလည်း ကာလီဖိုးနီယားရဲ့ ဆန်လူးဝစ်(စ်) အိုဘစ်(စ်)ပိုမှာ ဆီကန်ကို မိုးကြိုးပစ်ရာက စတင်တဲ့ မီးလောင်ကျွမ်းမှု့နဲ့စတင်ပြီးတော့ ခုလိုမျိုး မီးမုန်တိုင်းဖြစ်ပွားခဲ့ပါတယ်။ 
          ၁၀ မီတာကနေ ၁၅ မီတာအထိ အမြင့်ရှိနိုင်တဲ့ ဒီမီးမုန်တိုင်းတွေဟာ အကြာကြီးတော့ တိုက်ခတ်တာမဟုတ်ပါဘူး။  ဒါပေမယ့် တစ်ခါတစ်လေကျရင်တော့ ဒီမီးမုန်တိုင်းတွေဟာ ကီလိုမီတာ အမြင့်အထိ ရောက်နိုင်ပြီးတော့ လေတိုက်နှုန်းကလည်း တစ်နာရီကို ကီလိုမီတာ ၁၆၀ ကျော်နှုန်းတိုက်ခတ်နိုင်ပြီးတော့ မိနစ် ၂၀ ကျော်ကြာမြင့်နိုင်ပါတယ်။  မီးမုန်တိုင်းတွေ ဘယ်လိုတိုက်ခတ်သလဲဆိုတာကို အောက်က YouTube ဗီဒီယိုတွေမှာလည်း ကြည့်နိုင်ပါတယ်။



ဒါကတော့ မီးမုန်တိုင်း ဘယ်လိုဖြစ်လာတယ်ဆိုတာကို ရှင်းပြထားတဲ့ ဗီဒီယိုလေးပါ

Reference : (Wikipedia)

6 comments:

  1. ပုံတွေကြည့်ရတာနဲ့ ကြောက်စရာကောင်းလိုက်တာ အပြင်မှာမြင်ရတဲ့သူတွေဘယ်လိုနေမလဲနော်
    ဤကမ္ဘာလောကသားအားလုံး
    ဘုရားသခင်စောင့်ရှောက်ပါစေလို့

    ReplyDelete
  2. တစ်ကြိမ်မှမမြင်ဖူးသေးဘူး မောင်အောင်ထွဋ်ရေ။ ဖြစ်ရပ်ဆန်းတွေ အမျိုးမျိုး
    ကြုံတွေ့နေရတဲ့ လူ့ဘောင်လောကကြီး ထိတ်လန့်စရာတွေ ဒုနဲ့ဒေးပါလား။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. maykhin.maykhin@gmil.September 20, 2012 at 6:01 PM

    AHမီးမုန်တိုင်းပုံတွေကြည်.သွားပါတယ်။
    တင်ပေးလို.ကျေးဇူးပါ။
    ခင်တဲ.အန်တီလေးမေခင်။

    ReplyDelete
  4. မီးမုန်တိုင်းဗီဒီယိုဖိုင်လေးကြည့်သွားပါတယ်
    ကြောက်စရာလည်းကောင်းတယ်နော်

    ReplyDelete
  5. စိတ်ဝင်စားဖို့ကောင်းတယ်
    လူနေထူထပ်တဲ့နေရာမှာများသာဖြစ်ရင်တော့ မတွေးရဲစရာဘဲနော်။

    ReplyDelete