စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, September 10, 2012

ကြက်ဥနီနီ၊ ချောကလက် နှင့် ဂျင်း


          ဒီနေ့ ဗူးလေးတစ်ဗူး လက်ဆောင်ရတယ်။  ဘာလဲလို့မေးလိုက်တော့ သားလေးမွေးလို့တဲ့။  သားဦးမွေးလို့ မင်္ဂလာသတင်းပါးရင်း လက်ဆောင်လာပေးတာပါတဲ့။  ဖွင့်ကြည့်လိုက်တော့ ကြက်ဥနှစ်လုံး ထွက်လာတယ်။  ချောကလက် နှစ်ခုထွက်လာတယ်။  ဘေးနားက တရုတ်ကို ရှင်းပြခိုင်းတော့မှ သူတို့ ဓလေ့မှာ ရင်သွေးရတနာ မွေးဖွားသန့်စင်ရင် သူငယ်ချင်း မိတ်ဆွေတွေကို ကြက်ဥဝေပါသတဲ့။  ချောကလက်ကရောဆိုတော့ ချောကလက်က ယောက်ျားလေးမွေးရင် ထည့်ပေးပြီးတော့ မိန်းကလေးဆိုရင်တော့ ချောကလက် မထည့်ပါဘူးတဲ့။  ဒီလိုနဲ့ အင်တာနက်မှာရှာကြည့်လိုက်တော့ ကြက်ဥနီနီနဲ့ ဂျင်းအကြောင်းသွားတွေ့တယ်။  ကလေး တစ်လပြည့်တာနဲ့ ကြက်ဥနီနဲ့ ဂျင်းပွဲတော်လုပ်ပါသေးသတဲ့။  ကြက်ဥနီနီမှာ အနီရောင်ကတော့ ပျော်ရွှင်မှု့ကို ကိုယ်စားပြုပြီးတော့ ကြက်ဥကတော့ အဟာရဖြစ်စေဖို့၊ ကျန်းမာသန်စွမ်းဖို့ စသည် စသည် သဘောအားဖြင့် ကျွေးပါသတဲ့။  အင်း ကလေးမကျွေးပဲ ဘယ့်နှယ် လာတဲ့လူတွေ ကျွေးနေသလဲတော့ မသိ။  မည်သို့ပင်ဆိုစေ ကြက်ဥနှစ်လုံးကတော့ သောင်တင်နေသည်။  အရင်တုန်းကတော့ ကြက်ဥကို ဆိုးဆေးအနီသုတ်ပြီး ပြုတ်သည်ဟုဆိုသည်။  ခုတော့ ကြက်ဥက ဘာရောင်မှန်းမသိ။  မင်္ဂလာသတင်းအတွက်စားရင်း ဘယ်နှစ်ဘယ်ကာလကထဲက ပါကင်ထုတ်ထားမှန်းမသိတဲ့ ကြက်ဥကို စားမိပြီး အမင်္ဂလာဖြစ်သွားမှာစိုးလို့ ရဲရဲ မစားရဲ။  စားရင်ကောင်းမလား၊ လွှတ်ပစ်ရင်ကောင်းမလား စဉ်းစားနေတုန်း…..  


5 comments:

  1. AH တို့ကဘယ်တော့လဲ
    သားလိမ်မာ သမီးလိမ်မာတွေများများရပါစေလို့နော်

    ReplyDelete
  2. မင်္ဂလာသတင်းလာပါးလို့ရလာတဲ့
    လက်ဆောင်လေးနဲ့အတူမင်္ဂလာရှိသော
    နေ့လေးပိုင်ဆိုင်နိုင်ပါစေ
    အားပေးသွားပါတယ်

    ReplyDelete
  3. ကျနော်လဲ ရဘူးတယ်
    ကြက်ဥက ချိုချို မာမာကြီး
    ပဲငံပြာရည် ငရုတ်သီးခြောက်တွေ ပေါင်းအိုးနဲ့ပေါင်းထားတာ
    ချောကလက်ကလဲ ဖွာတာတာ နဲ့ ကြိုက်ဝူး
    တခုမှ မကြိုက်ဘူး
    လွင့်ပစ်လို့ ပြောဝူးနော်

    ReplyDelete
  4. မောင်အောင်ထွဋ်ဆီက ကြက်ဥနီနီနဲ့ ချော့ကလက် လက်ဆောင်လေးဘယ်တော့ရမလဲလို့ တွေးရင်း..........
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. စဉ်းစားရင်းစားရင်းနဲ့ ကုန်သွားရောလား။း)
    အို်င်အိုရာ

    ReplyDelete